Wednesday, September 3, 2025

ဂျပန်နှင့် တောင်ကိုရီးယား သမိုင်းတွင် ယခုနှစ်သည်...

သိပ္ပံပညာရှင်များ၏ သတိပေးချက်ရှိသည့်အတိုင်း စံချိန်တင် အပူချိန်များ ကမ္ဘာတွင်ဖြစ်ပေါ်​နေကာရာသီဥတုဖောက်ပြန်မှုများလည်းကမ္ဘာတဝှမ်း မကြုံဖူးသည်များကြုံ​နေကြရ သည်။ ယခုနှစ် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ​နွေရာသီသည် မှတ်တမ်းများအရ အပူဆုံးနွေရာသီဖြစ်လာ​နေသည်။ အထူးသဖြင့် ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့်...

ပြည်ပနိုင်ငံသား(၇)ဦးကို ပြည်နှင်လွှဲပြောင်းပြီး (၄)ဦးထပ်မံဖော်ထုတ်ထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသော ပြည်ပနိုင်ငံသား(၇)ဦးကို ယနေ့ စက်တင်ဘာ ၂ ရက်က...

တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် ကောင်းမွန်သည့်ရလဒ်များရရှိအောင်ဆွေးနွေးနိုင်ခဲ့

တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် ကောင်းမွန်သည့်ရလဒ်များရရှိအောင်ဆွေးနွေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော် ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ရေတာရှည်မြို့ကိုဗဟိုပြုလှုပ်ခတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့ကိုဗဟိုပြု၍ ယနေ့ စက်တင်ဘာ ၂ ရက်နေ့လည်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ရေတာရှည်မြို့၏ အနောက်တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍...
HomeCelebrities' Newsစမိုင်းတို့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ...

စမိုင်းတို့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ခြေလှမ်းက ဘာလဲ

သရုပ်ဆောင်စမိုင်းရဲ့ရုပ်ရှင်ထုတ်လုပ်ရေးက ဒုတိယခြေလှမ်းအဖြစ် “ချစ်တယ်နော် … အလိုမလိုက် ဘူး”လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးနေပါတယ်။ အိမ်ထောင်ရေးပညာပေးပုံစံမျိုးကို အဓိကထားလို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြေတီဦး၊ ခန့်စည်သူ၊ ညီထွဋ်ခေါင်၊ ထွန်းအိန္ဒြာဗို၊ သင်ဇာဝင့်ကျော်၊ စမိုင်းတို့နဲ့ ပုံဖော်နေပါတယ်။ အနုပညာအလုပ်တွေ ပြန်လည်လုပ် ကိုင်ချိန်မှာ သရုပ်ဆောင်တစ်ဦး အဖြစ်သာမက ထုတ်လုပ်ရေး လည်းတွဲဖက်လုပ်ကိုင်လာတဲ့ စမိုင်းက …

“အစ်မက ဇာတ်ကားတွေပြန် ရိုက်တဲ့အခါ ဆယ်ကျော်သက်ပုံစံမျိုး တွေလည်း မလုပ်ချင်တော့ဘူး။ လုပ် လို့လည်း မရဘူး။ ပရိသတ်ကို အဓိ ကMessage တစ်ခုပေးနိုင်တဲ့ ဇာတ်ကားမျိုးကိုရိုက်တယ်။ အစ်မကတော့ ဒီဇာတ်ကားထဲမှာ ကိုပြေတီဦးရဲ့ အမျိုးသမီး၊ ယောက်ျားကိုလိုက်ပြီး သဝန်တိုတဲ့ မိန်းမနေရာက သရုပ်ဆောင်ထားပါတယ်။ ယောက်ျားတွေ အပျော်ရှာတယ်ချည်းပြဿနာတက်နေမယ့်အစား နှစ်ဖက်မျှတွေးတတ်အောင်ဆိုတဲ့ပုံစံမျိုးကို ရိုက်ထားတယ်။ လင်နဲ့မယားဆိုတာက တစ် ယောက်နဲ့တစ်ယောက် မယုံကြည်ဘူးဆိုရင် အိမ်ထောင်ရေးက မသာယာဘူးဆိုတဲ့ပုံစံလေးပါ။ ထုတ်လုပ် ရေးအတွေ့အကြုံအနေနဲ့ အခက်အခဲတော့ သိပ်မရှိပါဘူး။ အားလုံးကလည်းဝိုင်းပြီး ကူညီပေးကြပါတယ်။ အစ်မက တချို့ကိစ္စတွေမှာဆိုရင် တော့ စိတ်ပူပြီး နေရာတကာပါတတ်တယ်။ Location ကအစ၊ မင်းသမီး အဝတ်အစားကအစ လိုက်ပြီးတော့ ပြောပြီးပါနေတယ်။ အခုတော့ အဲဒီစိတ်ကလေးကို ထိန်းထားတယ်” လို့ ပြောပြပါတယ်။

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ချိန်မှာ မိသားစုကတော့ ကိုယ့်ရဲ့ အမာခံပရိသတ်ပါပဲဆိုတဲ့ စမိုင်းရဲ့ ရိုက်ကူးမှု အခက်အခဲတွေက …
“အရင်နဲ့ မတူတာကတော့ အရင်က ဇာတ်ကားရိုက်ကူးမယ်ဆိုရင် အစ်မက ဒိုင်ယာလော့ကို ကျက်စရာမလိုဘူး။ တစ်ခေါက်ဖတ်တာနဲ့ ရတယ်။ အခုတော့ အသက်လည်းကြီး လာပြီး အာရုံတွေက များတော့ ဒိုင်ယာလော့တွေကို ပြန်မေ့ပြန်ကျက်လုပ်ရတယ်။ နောက်ပြီး ဇာတ်ကား ရိုက်လို့ ညနေဆိုရင်အိမ်ပြန်ချင် တယ်။ ထမင်းစားချိန်ဆိုရင် ကလေးတွေအဆင်ပြေရဲ့လား ဖုန်းဆက်မေးရတယ်။ အမေဆိုတော့လည်း စိတ်ပူ တတ်တာပေါ့။ သူတို့ ရှူတင်လိုက်လာရင်လည်း အမေရုပ်ရှင် ရိုက်တာကို ကြည့်ပြီး အမေသရုပ်ဆောင်တာကို ငိုရင်လည်း ငိုလို့၊ ရယ်ရင်လည်းရယ် လို့သဘောကျကြတယ်။ အမာခံ Fanကတော့ သမီးနှစ်ယောက်ရယ်၊ ယောက်ျားရယ်ပါပဲ။ သူတို့က အစ်မအတွက် အဓိကှကစစSupporting တွေပါ”လို့ စမိုင်းက ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071