Monday, February 2, 2026

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉...

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...
HomePoemေကာက္ရုိးမီး

ကောက်ရိုးမီး

အချိန်​က အ​ကောင်းဆုံးသမား​တော်​၊
ကာလစီး​ကြောင်းထဲမှာ
တို့အားလုံးဟာ တိုက်​စားခံရ
သမိုင်းစာမျက်​နှာ မှုန်​ဝါးခံရ
ရဲ​ဘော်​တို့ရဲ့ ​သွေး​တွေ ​ခြောက်​​သွေ့ခံရ
ကြွေး​ကြော်​သံ​တွေ ကွယ်​​ပျောက်​ခံရ
သူတို့ဘက်​မှာ
အချိန်​သမား​တော်​ရှိတယ်​။

ဖင်​မှုတ်​​ပေးမှ ထထခွပ်​တဲ့
ခွပ်​လက်​ကျ ကြက်​ဖလို
အမြီးလိမ်​ချိုးမှ အလန့်​တကြား ​ပြေးတဲ့
ပခုံး​ပေါက်​ နွားအိုလို
အဲယားကလင်​ဒါက မီးတုတ်​ပြမှ နိုးတဲ့
အင်​ဂျင်​ကျ စစ်​လက်​ကျန်​ကား တစ်စင်းလို
အစာအိမ်​အ​ဟောင်း​အ​ကြောင်း
စဉ်းစားရင်း

လက်​ငုတ်​ချည်​တိုင်​အ​ကြောင်း
စဉ်းစားရင်း
အစာအိမ်​အသစ်​အ​ကြောင်း
ထည့်​သွင်းစဉ်းစားရင်း

သကြားလွှာဖုံး ကတိကဝတ်​​တွေကို
မျှော်​လင့်​​စောင့်​စားရင်း
နီ​ဖျော့​ဖျော့နှလုံးအိမ်​​တွေ
ပင့်​ကူမျှင်​​တွေ အဖုံးခံရ
အနီစပတ်​ ညာလက်​​မောင်း​တွေ
မျက်​စိ​အောက်​က ​မေ့​လျော့ခံရ
အတူ​လျှောက်​ခဲ့တဲ့

ရဲရဲ​တောက်​​ခြေ​ထောက်​​တွေ
တ​ဖြေး​ဖြေးသပ်​လျှို​သွေးခွဲခံရ
ဒီလိုနဲ့
ကောက်​ရိုးတစ်ပုံ ​လောင်​စာကုန်​​တော့
အသုံးချတတ်​သူ​တွေအတွက်
မြေသြဇာ​တွေဖြစ်

ပညာရှိဆန်​သူ​တွေက သင်​ခန်းစာရ
နှုတ်​ပိတ်​​နေသူ​တွေက နှုတ်​ပိတ်​ခံရ
တဖက်​က​တော့ ပြုံးစစ ​ခေါင်းညိတ်
‘​မြွေပွေးကို သွားစမိတာကိုး’လို့
ဝေဖန်​သူ​တွေက ​ဝေဖန်
ဝန်းရံသလိုလိုနဲ့
အဖက်​ဖက်​ချွန်​တဲ့သူ​တွေ ထူးချွန်
နာမည်​လာ​သွေးတဲ့သူ​တွေ ​သွေး
က​လေး​တွေချည်းပဲဆိုပြီး
လူကြီးလာ လုပ်​​သူ​တွေလုပ်
ဟုတ်​ခနဲ​တောက်​တဲ့ မီးအ​ရောင်​ထဲ
မြင်​ကွင်း​တွေအများကြီး
ဖြတ်​စီးသွားတယ်​။

မောင်​ထိန်​လင်း(မြို့သာ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071