Monday, February 2, 2026

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉...

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...
HomePoemအဲ့ဒီနေ့က မိုးမရွာဘူး လေမတိုက်ဘူး...

အဲ့ဒီနေ့က မိုးမရွာဘူး လေမတိုက်ဘူး အေးလည်းမအေးဘူး ပြီးတော့ ပူလည်းမပူဘူး

ဖြစ်တည်ခြင်းတရားကို
အစိမ်းသက်သက်
ခွာထားကြည့်လိုက်ကြရအောင်
ကွေကွင်းခြင်းဟာလည်း
ဝမ်းနည်းရတာပဲ
တွေ့ဆုံခြင်းဟာလည်း
ပျော်ရွှင်ရတာပဲ
လောကကြီးအပေါ်မှာ
အခြေခံသဘောလေးတွေ
ရှိတတ်ရဲ့။

ကိစ္စအတော်များများဖြင့်
စကားစမြည်ပြောဖို့အတွက်
အချိန်ဟာ ၂၄နာရီအတွင်းမှာ
မလောက်ငနိုင်ဘူး။
အဲသည်အချိန်မှာ ငါက
လူတွေအကြိုက်နည်းတဲ့ မျက်ခုံး၊
မျက်လုံးပုံစံနဲ့ ကြည့်မိတယ်။
နေထိုင်မှုက
အတင်းအဖျင်းပြောစရာ
ကောင်းလောက်အောင်
ဘာသိဘာသာ မဖြစ်ခဲ့မှန်း
ငါ့ရဲ့ ကိုယ်ကျင့်တရားသာ အသိဆုံး။
ဘာသာဗေဒမဲ့
ခန္ဓာကိုယ်အိပဲ့ပဲ့ကြီးတွေကြား
စိတ်က လေးဘက်ထောက်လျက်ပြီး ငုပ်လျှိုးလျက်
လူဟာ လူလိုပစ္စည်းတစ်ခုဖြစ်ခဲ့
အသုံးချခံ ဘဝကိုလည်း လည်ပတ်ခဲ့
မျှော်လင့်ခြင်းတွေနဲ့
တစ်နေ့နေ့မှာ
အဓိပ္ပာယ်ရှိသယောင်ပေါ့။

ဖြစ်စဉ်အကျဉ်းချုပ်သဘောက
မျှမျှတတ အသုံးပြုပြီးသား
ဦးနှောက်တွေဆို
ပေါက်ပြဲ၊ စုတ်ပြတ်၊
ညစ်ပေစရာများ မရှိနိုင်
အခုတော့
တေလေတစ်ကောင်ရဲ့
ဝဖီးသောအပြုံး မျိုးတွေနဲ့
အကြည့်ကို အကြည့်ကပဲ
သတ်သွားခဲ့ကြတာ။
ဒီလိုနဲ့ ရင်ခုန်သံတွေ
တုံ့ခနဲရပ်တန့်
အဲသည်နေ့က
ငါ မသိလိုက်ပါပဲ … … …

ပန်းကလေးတွေ သေတယ်
စိတ်မုန်တိုင်းတွေ တိုက်တယ်
တိမ်ညွန့်လေးတွေ ကြွေတယ်။
ဒါပေမဲ့
ပကတိပတ်ဝန်းကျင်မှာတော့
မိုးမရွာဘူး၊ လေမတိုက်ဘူး၊
အေးလည်းမအေးဘူး
ပြီးတော့
ပူလည်းမပူခဲ့ဘူး။

ဘုန်းမောင် (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071