Sunday, June 29, 2025

စက်သုံးဆီများ အလုံအလောက်ရှိ၍ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်

ပြည်တွင်းတွင် စက်သုံးဆီများ အလုံအလောက်ရှိသဖြင့် ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ယခုသီတင်းပတ်ကာလများအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနှင့်အတူ အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်စည်လျှင် ၁၀ ဒေါ်လာမှ ၁၅...

ယ‌နေ့ မြန်မာ- တာ့ခ်မင့်နစ္စတန် ခြေစမ်းပွဲ...

ယနေ့ ဇွန် ၂၉ ရက် ညနေ ၄ နာရီအချိန်၌ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင့်နစ္စတန် အမျိုးသမီးအသင်းတို့ ၂၀၂၆ အာရှဖလားဝင်ခွင့်...

၁၉၅ ကြိမ်မြောက် ငလျင်လှုပ်ခတ်မှု ကျောက်ဆည်မြို့ကိုဗဟိုပြုခဲ့

မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိသော ငလျင်များလှုပ်ခတ်ခဲ့သည်မှာ ဇွန် ၂၈ ရက်အထိ (၁၉၅)ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...

အသံဖိုင်ကိစ္စကြောင့်ထိုင်းဝန်ကြီးချုပ်ကိုနုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

         ဘန်ကောက်မြို့ရှိ အောင်ပွဲအထိမ်း အမှတ်ကျောက်တိုင်တွင် စနေနေ့က ရာနှင့်ချီသော ဆန္ဒပြသူများ စုရုံးခဲ့ကြကာ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့‌သောအသံဖိုင် ပေါက်ကြားခဲ့၍ ဝန်ကြီးချုပ်...
HomeCelebrities' Newsမကြာခင်မှာ အနုပညာနဲ့ ပတ်သက်တဲ့...

မကြာခင်မှာ အနုပညာနဲ့ ပတ်သက်တဲ့ အတတ်ပညာ သင်တန်းကျောင်း ဖွင့်လှစ်သွားမယ့် နေထက်လင်း

မကြာခင်မှာ သရုပ်ဆောင် နေထက်လင်းက အနုပညာနဲ့ ပတ်သက်တဲ့ အတတ်ပညာ သင်တန်းကျောင်း တစ်ခုဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။ အဆိုပါ သင်တန်းကျောင်းမှာတော့ အနုပညာ ဝါသနာပါကြတဲ့ မျိုးဆက်သစ် လူငယ်တွေကိုခေါ်ယူ မှာဖြစ်ပြီး၊ သူရဲ့အတွေ့အကြုံ၊ အတွေးအခေါ်၊ ပညာတွေ ကို ဝေမျှပေး သွားမှာဖြစ်ကြောင်း နေထက်လင်းက ပြောပါတယ်။

“ရိုးရိုးသာမန် မင်းသားတစ် ယောက်ဖြစ်ဖို့ ကလွယ်တယ်။ ရုပ်ချောပြီး body structure လှ ရင်ရပြီ။ ကျွန်တော်တို့ ကျတော့တကယ့် ဘဝကိုပုံဖော်တဲ့ သူတွေကျတော့ ပင်ပန်းခက်ခဲတယ်။ မြင်းတွေပေါ်ကလည်း ပြုတ်ကျတယ်။ ထန်းပင်ပေါ်က ပြုတ်ကျခဲ့ရတယ်။ အဲဒီ အတွက် ကျွန်တော်တို့ရဲ့ အတွေ့အ ကြုံတွေ၊ အတွေးအခေါ်တွေကို ဝေမျှပြီး ပညာတွေ အကုန်သင်သွားမယ်။ ကျောင်းတစ်ကျောင်းလိုမျိုး ကျွန်တော် အတတ်ပညာ ကျောင်းတစ်ကျောင်း ကျွန်တော်လုပ်သွားမယ်၊ ဟိုတယ်တွေမှာ Camp သွင်းသွားမယ်။ တစ်ချိန် တုန်းက ကျွန်တော်နဲ့ ကိုသားကြီး (ဒွေး)နဲ့ လုပ်မယ်ဆို ပြီး စီစဉ်ထားကြသေး တယ်။ ခြံကြီး တစ်ခြံဝယ်ပြီးတော့ Camp သွင်းဖို့ဆိုပြီး စီစဉ်ကြသေးတယ်။ ဒါပေမယ့် ကိုသားကြီးလည်း ဆုံးရော ကျွန်တော်လည်း နားလိုက်ရတယ်။ ဒီလောကကနေ ကျွန်တော် စွန့်လွှတ်လိုက် တယ်။ အခုအဲဒီလို သင်တန်းကျောင်း ဖွင့်ဖို့ကျွန်တော်သူဌေးတစ်ယောက်နဲ့ တိုင်ပင်နေတယ်။ နောက်သူဌေး တစ်ယောက်က Channel တစ်ခုရသွားပြီ။ အဲ Channel မှာ ကျွန်တော်ဦးစီး ချင်တယ်။ အဲဒီမှာအကုန်လုံး cham စသွင်းပြီး ကျွန်တော်တစ်ယောက်တည်း မရွေးချယ်ဘူး။ ကျန်တဲ့အနုပညာရှင်တွေနဲ့ပေါင်းပြီး ရွေးချယ်သွားမယ်” လို့ ပြောပါတယ်။

တစ်ချိန်ကဆိုရင် အနုပညာလောကမှာ မင်းသား၊ မင်းသမီး တစ် ယောက် ဖြစ်ဖို့ မလွယ်ကူကြောင်းဖွင့်ဟလာတဲ့ နေထက်လင်းကအခုဒီ ဘက် ခေတ်မှာ တော့လူတိုင်းဆယ်လီဖြစ်ချင်ကြတဲ့ သူတွေများပြားလာကြောင်း နေထက်လင်း ကဆိုပါတယ်။

“ကျွန်တော်တို့ တုန်းကဆို မင်းသမီး လုပ်ရမှာ အင်မတန်ရှက်တယ် ၊ မင်းသားလုပ်ရမှာ အင်မတန်ရှက်တယ်။ ဒါပေမယ့် ဒီခေတ်က အဲလိုမျိုး မဟုတ်တော့ဘူး။ အခုခေတ်ကိုကလှလှပပနဲ့ ကျော့ကျော့မော့မော့နေတဲ့ ခေတ်ကိုဖြစ်နေတာ။ လူတိုင်းကပညာသင်နေကြတာ။ ကျောင်းတွေ ပြီးသွား ရင်လည်း နှစ်သိန်း၊ သုံးသိန်း၊ ဆယ်သိန်း အပြင်မရဘူး။ ဆယ်လီ ဖြစ်သွား လို့ရှိရင် တစ်လကို သိန်းတစ်ရာလည်းရှာလို့ရတယ်။ သိန်းသုံးရာ လည်းရ တယ်။ ရိုက်ရင်ရိုက်သလိုနာမည်ကြီးရင်ကြီးသလိုပေါ့။ ဝင်ငွေလည်း ကောင်း တယ်။ ကျော့ကျော့ မော့မော့ လှလှပပလည်း နေလို့ရတယ်။ ကောင်း ကောင်း မွန်မွန်လည်းနေရတယ်။ အဲဒါကြောင့် လူတိုင်းဆယ်လီဖြစ်ချင်ကြတယ်” လို့ ပြောပါတယ်။

တွယ်တာ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071