Saturday, May 31, 2025

ကန်-တရုတ်တင်းမာစဉ် ဥရောပ-အာရှ ညီညွတ်ရန် မက်ခရွန်...

ဥရောပနှင့် အာရှသည် ခိုင်မာအားကောင်းသော မဟာမိတ်ဖွဲ့ရန်နှင့် အမေရိကနှင့် တရုတ်အကြား အကွဲအပြဲအတွင်း မကျရောက်ရေးကိုရှောင်ရှားရန် ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ စင်ကာပူတွင်...

စစ်ကိုင်းတွင် ကျောင်းသား (၆၀၀)ကျော်ကို ကိုဗစ်ကာကွယ်...

စစ်ကိုင်းတိုင်းဒေသကြီးတွင် Grade-12 ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူ (၆၅၈ )ဦးအား စုရပ်များအလိုက် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထိုသို့ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး...

အာရှဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု...

အာရှဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ယနေ့တွင် မောင်မောင်လွင်မှာ လေ့ကျင့်မှု ပြန်လည်စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ခြေစစ်ပွဲစဉ်အတွက် ပဏာမ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို...

နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ...
HomePoemငါ့အသက်နဲ့ မင်းရင်ခွင်ကို ထွန်းညှိထားတဲ့မြို့

ငါ့အသက်နဲ့ မင်းရင်ခွင်ကို ထွန်းညှိထားတဲ့မြို့

 

အမှောင်ကို ထွန်းညှိထားတဲ့
ပိုးစုန်းကြူးအလင်းနဲ့
သန်းခေါင်ယံ ညဥ့်နက်နက်ကို
ဝင်းလက်ဖို့
မင်းနှုတ်ခမ်း ပွင့်ချပ်လွှာ
ချိုမြလေမလားမြို့
အထီးကျန်မှုက ငါ့ရင်ခွင်ကို
နာနာကျင်ကျင်စူးဝင်
ပုံပြင်တွေနဲ့ ကြီးပြင်းရမယ့်
ကလေးငယ်လို

အချစ်က သားချော့တေးလို
နှစ်သိမ့် စေသလား မြို့
ဘဝကို စက္ကူရုပ်လို ချိုး
လောကဓံ မိုးသည်းသည်းထဲ
ရင်ဝေဒနာနဲ့
လှမ်းမိတဲ့လမ်းက သင်ခန်းစာတွေနဲ့
စုလို့ပုံလို့

လှောင်ပြောင်နေရုံနဲ့
မပြီးဆုံးနိုင်တဲ့ ခရီး
မင်းဆောင်းချင်တဲ့ သရဖူက
င့ါအသက်ကိုလား မြို့
ဆည်းဆာမရှိဘဲ
အလင်းစစ်စစ်ရဖို့ မလွယ်ဘူး
တိုင်းပြည်တစ်ပြည်ကို
လက်နက်နိုင်ငံတော်ကစလို့
မင်းဧကရာဇ်မရှိတဲ့ နန်းတော်ဟာ
အဆံမရှိတဲ့ အမြောက်
ဖုန်မှုန့်တွေ လွှမ်းမောက်စေတဲ့
အိမ်အိုလို

ရွှမ်းစိုမှုမရှိတဲ့ဥယျာဉ်မှာ ပန်းက
အင်္ဂါမစုံဘဲ ပွင့်ရတဲ့မြို့
နွေဥတုက ပူလောင်မှုကို သရဖူဆောင်း
မိုးဥတုက ရွာသွန်းမှုကို ဂီတသံပြောင်း
ဆောင်းဥတုဟာ နှင်းငွေ့ကို
မဟောင်းစေတဲ့မြို့
စောင့်မျှော်ဖူးတဲ့ လမ်းကလေးက ခြောက်သွေ့
ဘယ်တော့မှ မေ့မရနိုင်တဲ့
မြစ်ကမ်းနံဘေးက မြို့လေးရေ
နှင်းငွေ့တွေနဲ့ အေးခဲနေမလား
မိုးစက်တွေနဲ့ ချမ်းစိမ့်နေမလား
နွေဥသြတေးနဲ့ လွမ်းဖွဲ့နေမလား
အိမ်ပြန်ချိန် နောက်ကျခဲ့တဲ့ လမ်းက
မဖြောင့်တန်းတဲ့မြို့

တန်ခူးလေပြေလို မင်းအသံကညင်းသွဲ့
ပြေးထွက်မရ ထောင်ချောက်မှာ
ငါဟာသားကောင်
လှောင်အိမ်က မင်းအနမ်း
ငါ့ဇာတ်လမ်းနဲ့ငါ ကမ်းကခွာမရတဲ့မြို့။

နေဘုဏ်းဝေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071