Sunday, June 29, 2025

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန်...

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေမှ ဇွန် ၂၇ ရက်က ပေကျင်းမြို့၊ CP Group Center...

မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရာတွင် ရှေးမူအတိုင်းသာ ဆောင်ရွက်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီး နှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦးများ ပြန်လည်ပြုပြင်ရာတွင် ရှေးမူအတိုင်းသာ ဆောင်ရွက်မည် ဖြစ်သည်။ လက်ရှိိ ပြုပြင်မှုများကို ကျွမ်းကျင်သည့်...

အင်းလေးဒေသ၌ငလျင်ဒဏ်ကြောင့်ပျ-က်သီးခဲ့သည့် လျှပ်စစ်လုပ်ငန်းများပြန်လည်ပြင်ဆင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်းစီးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကျေးရွာများရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ၊ ထရန်စဖော်မာများ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများပျ-က်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပျ-က်စီးသွားသည်များကို ညောင်ရွှေမြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်မှုများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသဖြင့် ဇွန်...

စက်သုံးဆီများ အလုံအလောက်ရှိ၍ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်

ပြည်တွင်းတွင် စက်သုံးဆီများ အလုံအလောက်ရှိသဖြင့် ပြတ်လပ်မှုမရှိဘဲ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ယခုသီတင်းပတ်ကာလများအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနှင့်အတူ အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်စည်လျှင် ၁၀ ဒေါ်လာမှ ၁၅...
HomeCelebrities' Newsအလှမယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့...

အလှမယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ဖို့ လိုအပ်ကြောင်း အကြံပေးလိုက်တဲ့ အမရာငြိမ်း

Amara-Nyein

Miss Myanmar International 2017 အလှမယ် အမရာငြိမ်းက အခုလတ်တလောမှာတော့ ကြော်ငြာတွေ ရိုက်ကူးနေကြောင်း သိရပါတယ်။ အမရာငြိမ်းက အရင်က ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တဲ့ အ တွက် အခုအချိန်မှာ ဇာတ်ကားရိုက်ကူးချင်ပေမယ့် ဘယ်သူမှ ကမ်းလှမ်းမှုမရှိတဲ့ အကြောင်းကိုတော့……

“အမရာကို အရင်က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်း ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမရာက မော်ဒယ်တစ်ယောက် ဖြစ် တဲ့အတွက် သရုပ်ဆောင်အလုပ်ကို ငြင်းဆန်ခဲ့တယ်။ အခုနောက် ပိုင်းမှာလည်း အမရာဇာတ်ကားမရိုက်ချင်ဘူးလို့ထင်ပြီး ဘယ် သူမှ မကမ်းလှမ်းတော့ဘူး။ အရင်က ငြင်းခဲ့ပေမယ့် နောက်ပိုင်း အနုပညာအလုပ်တွေ လုပ်ချင်လာတယ်။ ဇာတ်ကားရိုက် ကူးမှုတွေ လည်း လုပ်ချင်တယ်။ ပရိသတ်ချစ်တာကို ပိုပြီးခံချင် လာတယ်။ လောဘပိုကြီးလာတာလား မသိဘူး။ပရိသတ် အားပေးမှု ပိုရချင်လို့ သရုပ်ဆောင် အလုပ်ကို ကြိုးစားချင်စိတ်ဖြစ်လာတာပါ” လို့ ဆိုပါတယ်။

အရင်က မော်ဒယ်တွေအပေါ် ပရိသတ် တချို့ရဲ့ အမြင်စောင်းမှုကို ကိုယ်ကျင့်တရားနဲ့ မြှင့်တင်ခဲ့တဲ့ အမရာငြိမ်းက အခုအလှမယ်တွေကို ကိုယ်ကျင့်တရားမြှင့်တင်ပါလို့ အကြံပေးခဲ့ပါတယ်။

“အခုနောက်ပိုင်း အလှမယ်အပေါ်မှာ အမြင်ပြောင်းသွားကြတယ်။ အရင်က မော်ဒယ်လို့ ပြောလိုက်ရင် အမြင်စောင်းတာတွေ ရှိတယ်။ အမရာ ကိုယ်တိုင်လည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အမရာ ကိုယ့်ရဲ့ ပညာရေးပိုင်း၊ ကိုယ်ကျင့်တရားပိုင်းကို မြှင့်တင်ခဲ့တယ်။ အခုခေတ် အလှမယ်တွေကို အမရာအနေနဲ့ အကြံပေးချင်တာက ကိုယ့်ဝါသနာပါလို့ ရပ်တည်မယ် ဆိုရင် ရပ်တည်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပိုင်းကိုတော့ မြှင့်တင်ပါ” လို့ အမရာငြိမ်းက ဆိုပါတယ်။

အခုချိန်မှာ ပရိသတ် အားပေးမှုတွေ ရထားတဲ့ မော်ဒယ် အမရာငြိမ်းက မော်ဒယ်မဖြစ်ခင် သာမန်နေ ထိုင်မှု ပုံစံက အလှအရမ်း ကြိုက်ပေမယ့် မိန်းကလေး ဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းထဲမှာ မပါတဲ့ သူတစ်ယောက် ဖြစ်တဲ့အပြင် ငယ်ငယ်ကတည်းက မော်ဒယ်တစ်ယောက် ဖြစ်ချင်ခဲ့သူလို့လည်း သိရပါတယ်။

ချယ်ရီ
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071