ဓာတ်အားခ ကြွေးကျန်များ လိုက်လံကောက်ခံစဉ် လုံခြုံ ရေးကူညီပေးဖို့ ရန်ကုန်တိုင်းအစိုးရကို လျှပ်စစ်ဝန်ကြီးပြောကြား

ဓာတ်အားခ ကြွေးကျန်များ လိုက်လံကောက်ခံစဉ် လုံခြုံ ရေးကူညီပေးဖို့ ရန်ကုန်တိုင်းအစိုးရကို လျှပ်စစ်ဝန်ကြီးပြောကြား
June 23, 2022 Popular Journal

ဓာတ်အားခ ကြွေးကျန်များ လိုက်လံကောက်ခံစဉ် လုံခြုံ ရေးကူညီပေးဖို့ ရန်ကုန်တိုင်းအစိုးရကို လျှပ်စစ်ဝန်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိစေရေးအတွက် လုံခြုံရေး အကူအညီပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

ဇွန်လ (၂၂) ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲရုံးတွင် ပြု လုပ်သည့် တွေ့ဆုံပွဲတွင် ယခုကဲ့သို ပြောကြားခဲ့ခြင်း ဖြစ် သည်။

” နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုဟာ အဓိကကျပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဆောင်ရွက်လျက်ရှိတဲ့ ဓာတ်အားလိုင်းနှင့် ဓာတ် အားခွဲရုံ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးနဲ့ ဓာတ် အားခ ကြွေးကျန်များရာနှုန်းပြည့် အပြည့်အဝကောက်ခံရရှိရေးအတွက် လုံခြုံရေးကို ဝိုင်းဝန်းကူညီပံ့ပိုး ပေးစေလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

ထိုအပြင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြိုကြီး လှပသာယာပြီး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက်လျှက်ရှိကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည့် လုံခြုံရေး ကိစ္စရပ်များကို ကူညီပံ့ပိုး ပေးသွားမည့်အပြင် လိုအပ်သည့် ရန်ပုံငွေပိုင်းဆိုင်ရာများကိုပါ ဖြည့် ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပို ရေးရှင်း ဥက္ကဋ္ဌက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံရရှိမှုများကို တင်ပြခဲ့ကြောင်းလည်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*