“ကျိုက်ထီးရိုးဘုရားကိုလာရောက် ဖူးမြော်သူများ ဧည့်စာရင်းတိုင်ရ”

“ကျိုက်ထီးရိုးဘုရားကိုလာရောက် ဖူးမြော်သူများ ဧည့်စာရင်းတိုင်ရ”
November 27, 2021 Asian Fame

“ကျိုက်ထီးရိုးဘုရားကိုလာရောက် ဖူးမြော်သူများ ဧည့်စာရင်းတိုင်ရ”

 

မွန်ပြည်နယ်၊ကျိုက်ထိုမြို့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကိုလာရောက်ဖူးမြော်ကြတဲ့ အနယ်နယ်အရပ်ရပ်ကဘုရားဖူးတွေရဲ့ မှတ်ပုံတင်၊နေရပ်လိပ်စာနဲ့ဖုန်းနံပါတ်တွေကို စာရင်းယူကာ သက်ဆိုင်ရာအဖွဲ့တွေဆီကိုပို့ပြီး ဧည့်စာရင်းတိုင်ရတယ်လို့ စေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။

“ဘုရားဖူးတွေရဲ့ မှတ်ပုံတင်၊လိပ်စာနဲ့ဖုန်းနံပါတ်တွေကို စေတီတော်ကြီးရဲ့ ခြင်္သေ့နှစ်ကောက်မုဒ်ဝကိုရောက်ရင် ကျွန်တော်တို့ကတောင်းတယ် နောက်ဧည့်စာရင်းမှတ်တမ်းသေချာလုပ်ပြီး ညဖက်ရောက်တဲ့အခါ တပ်ရင်းတပ်ဖွဲ့တွေ ရဲစခန်းတွေဆီကို အဲဒီဧည့်စာရင်းပို့ပေးရတယ်”လို့ဂေါပကအဖွဲ့ဝင် ဦးတင်စိုးကပြောပါတယ်။

အခုလိုလုပ်ဆောင်ရခြင်းဟာ ဘုရားဖူးသူတွေလုံခြုံရေးအတွက်ဖြစ်ပြီး စိတ်အေးချမ်းသာစွာဘုရားဖူးမြော်နိုင်ဖို့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်တယ်ဗျ တန်ဆောင်မုန်းလပြည့်နေ့က ကျွန်တော်တို့သွားတော့လည်း မှတ်ပုံတင်နံပါတ် လိပ်စာ ဖုန်းနံပါတ်တွေအကုန်ပေးရတယ်”လို့ ကျိုက်ထီးရိုးဘုရားသို့သွားရောက်ခဲ့တဲ့ ကိုအောင်မျိုးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကျိုက်ထီးရိုးဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပလျက်ရှိပြီး ကိုဗစ်(၁၉) ရောဂါစည်းကမ်းချက်တွေနဲ့အညီ မနက် ၄ နာရီကနေ ည ၉ နာရီအထိဘုရားဖူးခွင့်ပြုထားပါတယ်။

 

Zaw Gyi

“က်ိဳက္ထီးရိုးဘုရားကိုလာေရာက္ ဖူးေျမာ္သူမ်ား ဧည့္စာရင္းတိုင္ရ”

မြန္ျပည္နယ္၊က်ိဳက္ထိုၿမိဳ႕က ဆံေတာ္ရွင္က်ိဳက္ထီးရိုးေစတီေတာ္ျမတ္ႀကီးကိုလာေရာက္ဖူးေျမာ္ၾကတဲ့ အနယ္နယ္အရပ္ရပ္ကဘုရားဖူးေတြရဲ့ မွတ္ပုံတင္၊ေနရပ္လိပ္စာနဲ႔ဖုန္းနံပါတ္ေတြကို စာရင္းယူကာ သက္ဆိုင္ရာအဖြဲ႕ေတြဆီကိုပို႔ၿပီး ဧည့္စာရင္းတိုင္ရတယ္လို႔ ေစတီေတာ္ေဂါပကအဖြဲ႕က သိရပါတယ္။

“ဘုရားဖူးေတြရဲ့ မွတ္ပုံတင္၊လိပ္စာနဲ႔ဖုန္းနံပါတ္ေတြကို ေစတီေတာ္ႀကီးရဲ့ ျခေသၤ့ႏွစ္ေကာက္မုဒ္ဝကိုေရာက္ရင္ ကၽြန္ေတာ္တို႔ကေတာင္းတယ္ ေနာက္ဧည့္စာရင္းမွတ္တမ္းေသခ်ာလုပ္ၿပီး ညဖက္ေရာက္တဲ့အခါ တပ္ရင္းတပ္ဖြဲ႕ေတြ ရဲစခန္းေတြဆီကို အဲဒီဧည့္စာရင္းပို႔ေပးရတယ္”လို႔ေဂါပကအဖြဲ႕ဝင္ ဦးတင္စိုးကေျပာပါတယ္။

အခုလိုလုပ္ေဆာင္ရျခင္းဟာ ဘုရားဖူးသူေတြလုံျခဳံေရးအတြက္ျဖစ္ၿပီး စိတ္ေအးခ်မ္းသာစြာဘုရားဖူးေျမာ္နိုင္ဖို႔အတြက္ လုပ္ေဆာင္ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

“ဟုတ္တယ္ဗ် တန္ေဆာင္မုန္းလျပည့္ေန႔က ကၽြန္ေတာ္တို႔သြားေတာ့လည္း မွတ္ပုံတင္နံပါတ္ လိပ္စာ ဖုန္းနံပါတ္ေတြအကုန္ေပးရတယ္”လို႔ က်ိဳက္ထီးရိုးဘုရားသို႔သြားေရာက္ခဲ့တဲ့ ကိုေအာင္မ်ိဳးကေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ က်ိဳက္ထီးရိုးဘုရားရဲ့ ဗုဒၶပူဇနိယပြဲေတာ္ကိုက်င္းပလ်က္ရွိၿပီး ကိုဗစ္(၁၉) ေရာဂါစည္းကမ္းခ်က္ေတြနဲ႔အညီ မနက္ ၄ နာရီကေန ည ၉ နာရီအထိဘုရားဖူးခြင့္ျပဳထားပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*