မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ဂီတကဗျာ အော်ဂက်စထရာတီးဝိုင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အကယ်ဒမီ ဓီရာမိုရ်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ဂီတကဗျာ အော်ဂက်စထရာတီးဝိုင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အကယ်ဒမီ ဓီရာမိုရ်
March 28, 2019 Asian Fame
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ဂီတကဗျာ အော်ဂက်စထရာတီးဝိုင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အကယ်ဒမီ ဓီရာမိုရ်

ဂီတပညာရှင်တစ်ဦးဖြစ်ပေမယ့် ဓီရာမိုရ်က ရုပ်ရှင်နဲ့ ပတ်သက်လို့ သံယောဇဉ်ကြီးသူတစ်ဦးပါ။ ၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဓီရာမိုရ်က သူ့ရဲ့ဂီတနဲ့ အကောင်းဆုံးပံ့ပိုးဖြစ် ခဲ့ပါတယ်။

“ဒီနှစ်က အခမ်းအနားတစ်ခုလုံးကို အော်ဂက်စထရာနဲ့ တီးတယ်ပေါ့နော်။ Event Music တွေ၊ ကျွန်တော်တို့ဖိတ်ထားတဲ့အဆိုတော်တွေရဲ့ သီချင်းတွေကို ကျွန်တော်တို့ အော်ဂက်စထရာနဲ့ တီးတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ပါဖောမန့်ကလည်း နှစ်ခုလောက်ပါတယ်။Traditional Performance တွေနဲ့ အကောင်းဆုံးတင်ဆက်နိုင်အောင်ကြိုးစားကြ ပါတယ်” လို့ ဓီရာမိုရ်ကပြောပြပါတယ်။ အကယ်ဒမီပေးပွဲလို အခမ်းအနားကြီးမျိုးမှာ ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်ဆိုတဲ့ ဓီရာမိုရ်က . . .

“တော်တော်တော့ ကြိုးစားရတာပေါ့။ ကျွန်တော်တို့တင်ဆက်တဲ့ပုံကလည်းTraditional ကို လည်း Base လုပ်ထားတယ်။ နောက်ပြီးတော့ သူ့ရဲ့Theme ပေါ့နော်။ အကယ်ဒမီရဲ့Theme ကို လည်း မိအောင်လို့ ကျွန်တော်တို့လုပ်ထားတယ်။ အဲဒီမှာ ပါဖောမန့်တစ်ခုက ကျွန်တော်တို့ Opening မှာလုပ်တယ်။ ကြယ်စင်မင်းသမီးဆိုတဲ့ယိမ်းတစ်ခုလုပ်တယ်။ နောက်တစ်ခုကကျတော့ ကျေးလက်နဲ့ ပတ်သက်တာပေါ့နော်။ ဂုဏ်ပြုတဲ့အပိုင်းပေါ့နော်။ အဲဒါမျိုးလေးတွေပါဝင်ပါတယ်” လို့ သူကဆက်လက် ပြောပြပါတယ်။
ရှေ့မှာဆိုခဲ့သလို ဓီရာမိုရ်က ရုပ်ရှင်နဲ့ပတ်သက်လို့ သံယောဇဉ်ကြီးသူတစ်ဦးဖြစ်တယ်။ အကယ်ဒမီ ပေးပွဲတွေမှာ ဂီတနဲ့ ပံ့ပိုးဖြစ်သလို အကယ်ဒမီဆုတွေလည်း တက်ရောက်ယူခဲ့ဖူးသူတစ်ဦးဖြစ်လေ တော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့ စိတ်ခံစားချက်တွေက . . .

“အကယ်ဒမီဆိုတာကတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးအ တိုင်းအ တာနဲ့ စိတ်ဝင်စားမှုခံရတဲ့ အနုပညာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အဆင့် ရုပ်ရှင်ထူး ချွန်တဲ့သူတွေကို ဂုဏ်ပြုတဲ့နေရာမှာ အမြင့်ဆုံးပွဲပဲပေါ့။ ရုပ်ရှင်လည်းဖြစ်တဲ့အခါကျတော့ ပရိသတ်တွေအားလုံးကလည်း စိတ်ဝင်စားတယ်ပေါ့နော်။ ဒီလိုပွဲ မျိုးတွေကလည်း ရှိသင့်တာလေ။ ကြိုးစားနေတဲ့အနုပညာသမားတွေ ကို ပြည်သူတွေရှေ့မှာ၊ တစ်တိုင်း ပြည်လုံးရှေ့မှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုတာပေါ့လေ။ ပရိသတ်တွေ ကလည်း တစ်သားတည်းဖြစ်တာပေါ့လေ” လို့ ပြောပြပါတယ်။ အကယ်ဒမီရတာ၊ မရတာထက် လူငယ်တွေကို ရစေချင်ပါတယ်လို့ဆိုတဲ့ ဓီရာမိုရ်က . . .

“ကျွန်တော်တီးပေးထားတဲ့ အကယ်ဒမီစာရင်းဝင်ကားတွေပါပါတယ်။ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကြိုးစားနေတဲ့လူငယ်တွေကို တကယ်ထိုက် ထိုက်တန်တန်ရစေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုအ ခန်း ကဏ္ဍတွေမှာ ဂီတနဲ့ပံ့ပိုးမယ်။ လိုအပ်တာတွေကို ဖြည့်ဆည်းမယ်။ အကယ်ဒမီရ ဖို့တို့ဘာတို့တွေ ကျွန်တော့်မှာသိပ်မရှိပါဘူး။ ကျွန်တော်က လူငယ်တွေကိုရစေချင် တယ်။ လူသစ်တွေ၊ တကယ်ကြိုးစားနေတဲ့ ကလေးတွေကို တကယ်ရစေချင်တဲ့စိတ် ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*