ရင်ဘတ်ချင်း ဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းအကြောင်းပြောပြတဲ့ အလင်းရောင်

ရင်ဘတ်ချင်း ဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းအကြောင်းပြောပြတဲ့ အလင်းရောင်
December 27, 2018 Asian Fame
ရင်ဘတ်ချင်း ဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းအကြောင်းပြောပြတဲ့ အလင်းရောင်

ပီပြင်​တဲ့ သရုပ်​ဆောင်​မှုတွေ ကြောင့်​ ပရိသတ်​တွေရဲ့အားပေးမှုကို ရရှိလာသူကတော့ သရုပ်​ဆောင်​ အလင်းရောင်​ပါ။ အခုလတ်​တလော ကျော်​ကျော်​ဗိုလ်​၊ မေ၊ ခင်​မို့မို့အေး၊ ရဲမွန်​တို့နဲ့ ပုံရိပ်​ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ တစ်​​ခါမှ မလုပ်​ဖူးသေးတဲ့ ထူးဆန်းတဲ့ ကာရိုက်​တာပုံစံမျိုးလေးနဲ့ သရုပ်​ဆောင်​ထားပါတယ်​။ ဒါ့အပြင်အလင်းရောင်က သာသာနာ့ဘောင်ကိုလည်းဝင်ရောက်ခဲ့ပါသေးတယ်။ ရဟန်းဘောင်​သို့ တစ်​ခါမှ မဝင်​ရောက်​ဖူးတာကြောင့်​ ရဟန်းဝတ်​ဖြစ်​ပုံနဲ့ပတ်​သက်​ပြီး အလင်းရောင်​က…

”ကျွန်​တော်​ ကိုရင်​လည်း တစ်​ခါမှ မဝတ်​ဖူးဘူး။ သင်္ကြန်​ရောက်​ရင်​ ဝတ်​မယ်​ဝတ်​မယ်​ဆိုပြီး မဝတ်​ဖြစ်​လို့ အခု ၁၁ လပိုင်းမှာ ကားရိုက်​လည်း နားထားပြီး ကျွန်​တော်​ရဟန်းဘောင်​ကိုဝင်​ဖြစ်​တာပါ။ ကျွန်​တော်​ ပါချုပ်​ဆရာတော်​ကြီးဆီမှာ ဘုန်းကြီးငါးရက်​ဝတ်​ဖြစ်​တယ်​။ အဓိကက ကျွန်​တော်​ ဘုန်းကြီးဝတ်​နေတဲ့အချိန်​မှာ တော်​တော်​ စိတ်​အေးချမ်းတယ်​။ မနက်​ပိုင်းဆိုဆွမ်းခံကြွတယ်။ ရဟန်း တစ်​ပါး ဝိနည်းနဲ့အညီ ကျွန်​တော်​နေတယ်​။ ဖုန်းတွေဘာတွေလည်း ထားခဲ့တယ်။ ဘုရားစာအုပ်​တွေဖတ်​တယ်​။ တရားတွေနားတယ်​။ ဘာသာရေးဘက်​ကို ပိုပြီးတော့လုပ်​ဖြစ်​တယ်​”လို့ ပြောပြပါတယ်​။

အချစ်​ရေးနဲ့ ပတ်​သက်​ပြီး ပရိသတ်​တွေက မေနဲ့ တစ်​မျိုးမြင်​နေကြတဲ့အပေါ်ကိုလည်း အလင်းရောင်​က အခုလိုမျိုး ပြောပြခဲ့ပါသေးတယ်​။

”ပရိသတ်​တွေထင်​နေသလိုမျိုး မဟုတ်​ပါဘူး။ မေနဲ့ကရင်​ဘတ်​ခြင်း ဖွင့်​ပေါင်းလို့ ရတဲ့သူငယ်​ချင်းမျိုးတွေပါ။ မေက တကယ်​ကို ခင်​ဖို့ကာင်းတဲ့ သူငယ်​ချင်းကောင်းတစ်​ယောက်​။ ကျွန်​တော်​တို့က စိတ်​ထဲမှာ ခင်​ရင်​ခင်​တယ်​။ မခင်​ရင်​မခင်​ဘူး။ ပွင့်​ပွင့်​လင်းလင်းပြောပြီး ပေါင်း တတ်​တဲ့ သူမျိုး။ သူနဲ့ကျွန်​တော်​နဲ့က အပစန တူတယ်​။ သူလည်း သီချင်း ဆိုတယ်​။ ကျွန်​တော်​လည်း သီချင်းဆိုတယ်​။ နှစ်​ယောက်​ပေါင်းပြီး သီချင်း လုပ်​မယ်​ဆိုရင်​ မြေ ရောက်​သွားတယ်​။ သီချင်းလည်းနှစ်​ယောက်​ပေါင်း ပြီးလုပ်​ဖို့တွေလည်း ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်​။ အလင်းရောင်​က သူငယ်​ချင်းတွေကြားမှာ စိတ်​ဆိုးစိတ်​ကောက်​လွယ်​တာနဲ့ ပတ်​သက်​ပြီး….

”စိတ်​ဆိုး၊ စိတ်​ကောက်​လွယ်​တာက ကျွန်​တော်​က များသောအားဖြင့် မိသားစုနဲ့ပတ်​သက်​ရင်​အားငယ်​တတ်​တယ်​။ အဲဒါကြောင့်​မို့ သူငယ်​ချင်း တွေနဲ့တွေ့ရင်​ နည်းနည်းဆိုးတာပါ။ ဘာလို့ဆို သူငယ်​ချင်းတွေက လည်း ကိုယ်​ဆိုးရင်​လိုက်​ချော့တယ်​လေ။ အဲဒါကြောင့်​ဆိုးဖြစ်​သွားတာပါ” လို့လည်း ပြောပြခဲ့ပါသေးတယ်​။

 

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- ဇော်​ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*