Heineken Beer
Heineken Beer

ကျွန်မတို့ တိုးတက်အောင် လုပ်တဲ့အခါမှာ နောင်ကျွန်မတို့ ဘယ်လိုနိုင်ငံမျိုးမှာ နေချင်သလဲ၊ အနာဂတ်ကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကျွန်မတို့ တိုးတက်အောင် လုပ်တဲ့အခါမှာ နောင်ကျွန်မတို့ ဘယ်လိုနိုင်ငံမျိုးမှာ နေချင်သလဲ၊ အနာဂတ်ကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
December 19, 2018 Asian Fame

မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပတဲ့ 3rd Myanmar Entrepreneurship Summit 2018 ပွဲကို ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က၊ နေပြည်တော်၊ MICC II မှာ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။

”ကျွန်မတို့တိုးတက်အောင်လုပ် တဲ့အခါမှာနောင်ကျွန်မတို့ဘယ်လို နိုင်ငံမျိုးမှာနေချင်သလဲ အနာဂတ် ကိုကြည့်ပြီးတော့ဆုံးဖြတ်စေချင် ပါတယ်။ အခုဆိုရင် ကျွန်မ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေ အများကြီးကို ကျွန်မရောက်ဖူးပါတယ်။ အဲဒီ သွားတိုင်းသွားတိုင်း ပြန်စဉ်းစားတယ်။ ဒီလိုကျွန်မတို့ နိုင်ငံ ကို ဒီလို နိုင်ငံမျိုး ဖြစ်စေချင်သလား။ ကျွန်မကိုယ်တိုင်ကရော ဒီလိုနိုင်ငံမျိုးမှာ အသက်ထက်ဆုံး နေချင်သလား။ ဒီလိုဟာမျိုး ကျွန်မ အမြဲတမ်း စဉ်းစားတယ်။ လူငယ် လုပ်ငန်းရှင်တွေကိုလည်း အဲ့ဒီလိုပဲ စဉ်းစားစေချင်ပါတယ်။ ဒါကျွန်မ အမှန်ပြောရရင်တော့ ကျွန်မတို့နိုင်ငံက ဘယ်လိုပဲ ဆင်းရဲဆင်းရဲ ကျွန်မ အတွက်တော့ ဒီနိုင်ငံဟာ နေလို့အကောင်းဆုံး နိုင်ငံလို့ ဒီလိုပဲ စိတ်ထဲမှာရှိတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*