ငါဘာကောင်ပါလိမ့်

ငါဘာကောင်ပါလိမ့်
November 15, 2018 Asian Fame

ငါတော့ ဘဝမှာ ဝတ္တုတိုအပုဒ်၁ဝဝ ပြည့်အောင်ရေးလိုက်ဦးမယ် ဆိုတဲ့ရည်ရွယ်ချက် မရှိခဲ့တာအမှန်။ ဒါပေမဲ့ ဝတ္တုတိုအပုဒ် ၁ဝဝ မက ရေးခဲ့မိပါလားလို့ သိရတဲ့အခါ ကျွန်တော်ကိုယ် ကျွန်တော် ဘယ်လို နားလည်ရမှန်းမသိတော့ဘူးခင်ဗျ။ ဒါ့အပြင် ဘဝမှာ ဝတ္တုတိုရေးဖြစ်ရန် ရည်ရွယ်ချက်မရှိသူအနေနဲ့ ဒီမျှအရေ အတွက်ရှိ ဝတ္တုတိုတွေ ရေးဖြစ်သွား ရတာကိုလည်း ကျွန်တော်တော့ နား မေလည်တော့ပါဘူး။

”လက်ဖွာဖွာနဲ့ အက္ခရာမဖြုန်း ဘူး။ တစ်သက်လုံး ကဗျာရေးတယ် …”ဆိုတာ ကြွေးကြော်ပြီး ကဗျာ လောကကို ဝင်လာခဲ့သူဟာ ကျွန် တော်မှ ဟုတ်ပါလေစလို့ သံသယဖြစ် မိတဲ့အထိ။

ကဗျာနဲ့ပတ်သက်ပြီး ပထမဦး ဆုံးတွေးစ ပြောရမယ်ဆိုရင် ၁၉၆၅ ခု အောက်တိုဘာလထုတ်၊ နှစ်ကျပ် တန်၊ ငွေတာရီ ပုဂ္ဂလိက မဂ္ဂဇင်းက စပြောရမယ်။ အဲဒါကျွန်တော့်ရဲ့ ပထမဆုံး ကဗျာစာမူပါ။ အဲဒီထဲက ကဗျာကို အစဉ်တစိုက်ရေးလာခဲ့တာ ၁၉၉၄ ခု ဧပြီလအထိလို့ ဆိုရမှာပါ။

ဒီ ၁၉၉၄ ခုနှစ်မှာပဲ ကျွန်တော် က ကဗျာအပြင် ဝတ္တုတိုတွေပါ ရေး ဖွဲ့ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ အောက်တို ဘာလထုတ် ရွှေအမြူတေမဂ္ဂဇင်းပါ ‘တိုရှီဘာ ကြာနီကန်’ဝတ္တုဟာ ကျွန် တော်ဝတ္တုတိုတွေ ရေးဖို့ အစပျိုးလိုက် တဲ့ ဝတ္တုလို့ ဆိုရမှာပါ။ ဝတ္တုက ကွယ် လွန်သူ သူငယ်ချင်း ဝင်းစည်သူအ ကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္တုပါ။ အဲ ဒီဝတ္တုကို ဝေဖန်သူတွေက ကျွန် တော့်ကို ‘ဝတ္တုနဲ့ ကဗျာကို မကွဲပြား သေးဘူး’လို့ ဝေဖန်ကြတာ မှတ်မိပါ တယ်။

အဲဒီတော့ ကျွန်တော် ဝတ္တုနဲ့ ကဗျာကွဲသလား၊ မကွဲဘူးလား ကြည့် လိုက်ကြရအောင် …

အစီအစဉ်က ည တောင်သမန်တံတားပေါ်၊ ရန် ကုန်မန္တလေးက ဆရာတွေ ဝင်းစည် သူနဲ့ပတ်သက်တဲ့ ခံစားမှုတွေ ပြော ကြတဲ့ အစီအစဉ်တွေပါ။ တံတားပေါ် မှာ အားလုံးနေရာယူပြီးကြပြီ။ ကျွန် တော်က အစီအစဉ်မှူးပါ။ တစ် ယောက်ပြီး တစ်ယောက်ဖိတ်ခေါ်ပေး ရတဲ့ တာဝန်ပါ။ ဖိတ်ခေါ်တဲ့နေရာမှာ လူနာမည်ဖော်ပြီး ဖိတ်ခေါ်တာမျိုး မဟုတ်ဘဲ ဒီလိုဖိတ်ခေါ်ပါတယ်။

”အခုဖိတ်ကြားမယ့် ပုဂ္ဂိုလ်က တော့ ကျွန်တော်တို့ကို ကျူးဘားတော် လှန်ရေးထဲကို ဆွဲသွင်းတယ်။ ချေဂွေ ဗားရားဆီက ယာဗနာဆေးပြင်းလိပ် တောင်းသောက်ခိုင်းတယ်။ ပြီးတော့ သင်းက ကျွန်တော်တို့ကို ဟစ်တလာ နဲ့ပါ ခြိမ်းခြောက်သွားသေးတယ် …

” ကျွန်တော့် ဖိတ်ခေါ်မှုက ဒါ လောက်ပါပဲ။ ဒီအခါ …ဆရာလင်းယုန် မောင်မောင်က စကားပြောဖို့ ထလာ ပါတယ်။ အဲ ..ဆရာစကားပြော မယ်လို့ ပြင်တုန်း၊ ကျွန်တော်က ‘ဆ ရာခဏနေဦး၊ ကျွန်တော်လိုင်လာခါ ပေးကို ချစ်တယ်ပြောချင်တာ၊ ကျန် သွားလို့ …”လို့ ဝင်ဟန့်လိုက်တော့ သူငယ်ချင်းတွေအားလုံး ပွဲကျသွားပါ ရော။
ကျွန်တော်တို့က ‘ဥက္ကဋ္ဌကြီး’လို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာကြီးလင်း ယုန်ပြီးတဲ့အခါ။ ဒုတိယပြောမယ့် လူကို ထပ်ဖိတ်ခေါ်ပါတယ်။

”ဟိုမယ် …လေညင်းရှာသူ ပြန်လာပြီ။ ပြတင်းပေါက်တွေ ဖွင့်လိုက်ပါ သူ့လမ်းကို ဆက်ရှာပါစေ ..ဒါပေမဲ့ ..သီချင်းတော့ မဆို စေနဲ့ …”

ကျွန်တော့် ဖိတ်ခေါ်မှုအပြီး ပြုံး ဖြီးဖြီးနဲ့ ထလာသူမှာ ဆရာနေဝင်း မြင့်။ ဝင်းစည်သူ လွမ်းတာနည်းနည်း၊ သီချင်းများများနဲ့၊ ဆရာနေအပြီး နောက်ထပ်ကဗျာဆရာတစ်ဦး ထပ် ဖိတ်ခေါ်ပါတယ်။

”လူလည်း ရိုး- ကဗျာလည်း ရိုးအသေရိုးပါတဲ့အို ဗျ၊ ငပွေး ….”

ဒါကတော့ နည်းနည်းပေါ်တင် ကျတယ်။ ကဗျာဆရာနီမောင်ကို ဖိတ်ခေါ်မှန်း အားလုံးသိကြတယ်။ ဒါပေမဲ့ နီမောင် ..ဒီကောင်က ညစ်တယ်။ သူ့ကို ခေါ်မှန်းသိရက်နဲ့ မသိဟန်ဆောင်နေတယ်။ ဒါနဲ့ကျွန် တော်က ပြောင်းခေါ်ရတယ် ..။

”လူလည်း ရိုး- ကဗျာလည်း ရိုး မအေ ရိုး၊ မအေ ရိုးအိုဗျ၊ ပွေးမျက်လုံးနဲ့ ပြုံးတဲ့ သခင် …”

ဒီတော့မှ နီမောင် ထလာတယ်။ ပါးစပ်က တဟဲဟဲ။ ဒီတော့ ဆက်ပြီး နောက်တစ်ယောက်

”ငါ ရင်ဘတ် ဖွင့်မကြည့်ဘဲ။ ငါ့နှလုံးသား ပုံတူရေးနိုင်တယ်။ သူ ဟာ ဗင်ဂိုး မဟုတ်ဘူး။ ပေါ်ဦးသက် လည်း မဟုတ်ဘူး” ဒီဖိတ်ခေါ်ချက် ကိုတော့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ဦးတည်းသော ပန်းချီဆရာဖြစ် တဲ့ ဆရာယဉ်မင်းပိုက်က ထလာပြီး တောင်သမန်ညကြီးမင်းကြီးကို ဆေး ရောင်ခြယ်တော့တာပဲ။ နောက်တစ် ဦး ထပ်ဖိတ်

”နီမောင်က စိန်ခေါ်နေတယ်အရိုး ပြိုင်မလား ..ဟဲ”

ဒီတော့ ဘယ်သူရှိရမလဲ။ အင်း စိန်က ကိုကြည်နိုင်တဲ့။ အက်ဆေးကို ပရဆေးဖော်သလို ဖော်တော့တာ။ ဆရာကြည်နိုင်ပြီးတဲ့အခါ ကျွန်တော် အသံ တင်ပြီး နောက်တစ်ယောက် ထပ် ‘ပင့်’။

”မိတ်ဆွေတို့ ခင်ဗျားတို့ ကြပ် ကြပ် သတိထားဟိုမှာ …လွယ်အိတ်တစ်လုံး နဲ့ သူလာနေတယ်သူ့လွယ်အိတ်ထဲမှာ ပေတံဆိုဒ် စုံပါတယ်ပြီးတော့ ခင်ဗျားတို့ အနုပညာ ကို သူက ဟိုတိုင်း ဒီတိုင်း လုပ်ဦး တော့မယ် …”

ထိုစဉ်က စာပေဝေဖန်ရေးတွင် နာမည်ရစဖြစ်သော ဆရာစိုးမြင့် လတ်ထလာပြီး တောင်သမန်ညကို ပေကြိုးဆွဲတော့တာပဲ။

ပြောသာပြောရတာ။ ဒါတွေ ပြန်ရေးနေရင် ပြီးမှာ မဟုတ်တော့ ဘူး။ ကျွန်တော်ဝတ္တုရေးခါစက သူ တို့ပဲ ကျွန်တော့်ကို ”ဝတ္တုနဲ့ ကဗျာ မကွဲဘူး” ရေးခဲ့ကြတယ်။

ကျွန်တော်ကလည်း ကျွန်တော် ပဲ။ မူးနေရင် အခမ်းအနားမှူးနဲ့ ကဗျာဆရာမကွဲဘူး။

ကျွန်တော် ဘာကောင်မှန်း မသိပါဘူးဗျာ။ ။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*