Heineken Beer
Heineken Beer

သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အသိအမှတ်ပြုမှုရရှိခဲ့သူအလှမယ်မေဘရဏီသော်

သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အသိအမှတ်ပြုမှုရရှိခဲ့သူအလှမယ်မေဘရဏီသော်
November 1, 2018 Asian Fame

အလှမယ်တစ်ဦးဖြစ်တဲ့ မေဘရဏီသော်က အခုဆို သရုပ် ဆောင်လောကထဲကို ဝင်ရောက်လာတာတွေ့ရပါတယ်။ ”ပန်းနှစ် ပွင့်စီးချင်း”နဲ့ ”ဇနီးချောများကွန်ရက်”ဇာတ်လမ်းတွဲများမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုလည်းရရှိခဲ့ပါ တယ်။ ဇာတ်လမ်းတွေထဲမှာ ကိုယ့်ပုံစံနဲ့ မတူတဲ့ကာရိုက်တာတွေကို သရုပ်ဆောင်ခဲ့ရတဲ့အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ဆိုတဲ့ မေဘရဏီသော်က . . .

”မေသော့်အနေနဲ့ကတော့ ရှေ့လျှောက် အများကြီးကြိုးစားရဦး မှာပေါ့။ ဇနီးချောများကွန်ရက်ဇာတ်ကားမှာဆိုရင် မေ့သော်ကာ ရိုက်တာနဲ့မတူတဲ့ကာရိုက်တာကို သရုပ်ဆောင်ရတော့ တော်တော် လေးကြိုးစားယူခဲ့ရတယ်။ ပန်းနှစ်ပွင့်စီးချင်းမှာဆိုရင် ရှေ့နေကာ ရိုက်တာပေါ့။ မေခတ္တာအနေနဲ့ တည်တည်ငြိမ်ငြိမ်အေးအေး ဆေးဆေးဆိုတော့ ကိုယ့်ကာရိုက်တာနဲ့သိပ်မကွာဘူး။ ဇနီးချော များကွန်ရက်ကျတော့ ကလေးဆန်တဲ့ပုံစံဆိုတော့ ကိုယ့်နဲ့သိပ် မတူဘူး။ စပြီးဇာတ် ညွှန်းရလာတဲ့အချိန်မှာ ဒါရိုက်တာနဲ့တိုင် ပင်တယ်။ အဝတ်အစားပိုင်းရောတိုင်ပင်ပြီးတော့မှ အိမ်မှာ လေ့ကျင့်ကြည့်ရတယ်”လို့ ပြောပါတယ်။

အခု လတ်တ လောမှာတော့ မေဘရဏီသော်က ကျန်းမာရေးမ ကောင်းတဲ့အတွက် အနုပညာအလုပ်တွေ ရက်ရွှေ့ ထားရပါတယ်။ အပူရှပ်ပြီးဖျားနေတဲ့အတွက်ဆေး လည်းသွင်းခဲ့ရပါတယ်။ ကျန်းမာရေးကို ဂရုမစိုက်ဖြစ်ခဲ့ ဘူးဆိုတဲ့ မေဘရဏီသော်က . . .

”ကျန်းမာရေးနဲ့ပတ်သက်ပြီး မေသော်ကသိပ်ဂရု မစိုက်တဲ့ထဲမှာပါတယ်။ အားကစားတော့ တအားလုပ်တယ်။ အပူ ရှပ်တာက ရာသီဥတုအကူးအပြောင်းလည်းဖြစ်တယ်။ ပရိသတ် တွေလည်း ကျန်းမာရေးဂရုစိုက်ကြပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*