Heineken Beer
Heineken Beer

နည်းပညာတိုးတက်မှုကြောင့်လည်း ဇာတ်ကားတွေအတွက်လုံခြုံမှုက တဖြည်းဖြည်းနည်းသထက် နည်းလာပါတယ် သရုပ်ဆောင် လူမင်း

နည်းပညာတိုးတက်မှုကြောင့်လည်း ဇာတ်ကားတွေအတွက်လုံခြုံမှုက တဖြည်းဖြည်းနည်းသထက် နည်းလာပါတယ် သရုပ်ဆောင် လူမင်း
August 6, 2018 AsianFame MediaGroup

သရုပ်ဆောင် လူမင်းကတော့ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ‘ပြန် ပေး’ ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည် သူ၊ ခိုင်သင်းကြည်၊ မိုးဟေကိုစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သ ရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှု နဲ့ပတ်သက်ပြီး လူမင်းကအခုလိုပြော ပါတယ်။

”ဒီရုပ်ရှင်ဇာတ်ကားကတော့ ဆရာ ကြီး သော်တာဆွေရဲ့ မူရင်း ဝတ္ထုကြီးက ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာ ရှိပြီးသားဖြစ်တဲ့အတွက် ဟာသဇာတ်ကားဆိုပေမယ့်လည်း ဇာတ်လမ်း အချိတ်အဆက် လွတ်မ သွားဘဲ ပညာသားပါပါနဲ့ ရယ်မော နေရတဲ့ ဇာတ်ကားတစ်ကားပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာက ဂျင် မောင်ဖုန်းဆိုတော့ တစ်ရွာလုံးမှာ ဂျင်လိုလည်တယ်ပေါ့။ ဟာသဇာတ် ကားဆိုတော့လည်း ကိုခန့်နဲ့တိုင်ပင် ပြီး ဆံပင်ပုံစံတွေကိုလည်း ထူးထူး ခြားခြားလေး လုပ်ထားတယ်။ ကိုခန့် နဲ့ကလည်း အလုပ်အတူတွဲလုပ်တာ နှစ်ပေါင်း မနည်းတော့ဘူးဆိုတော့ ညီအစ်ကိုလို သူငယ်ချင်းလို ဖြစ်နေ ပါပြီ။ ဟာသဇာတ်ကားဆိုပေမယ့် လည်း ဒါရိုက်တာက တအား ကြိုး စားထားတာ တွေ့ရပါတယ်။ သရုပ် ဆောင်တွေကလည်း မလိုအပ်ဘဲ ပိုနေတာမျိုးမဟုတ်ဘဲ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်ပါတယ်” လို့ ပြော ပါတယ်။

လက်ရှိ Online ပေါ်မှာ ရုပ် ရှင်ဇာတ်ကားတွေ ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မေးမြန်း ခဲ့ရာ. ..

”ဥပဒေခိုင်မာမှု အားနည်းတာ ရယ်၊ တိတိကျကျ ဆောင်ရွက်နိုင်မှု အားနည်းတာရယ်ကြောင့် အွန်လိုင်း မှာ ရုပ်ရှင်ဇာတ်ကားတွေ တစ်ကား ပြီးတစ်ကား ပျံ့နှံ့နေတာပေါ့နော်။ နည်းပညာတိုးတက်မှုကြောင့်လည်း ရုပ်ရှင်ဇာတ်ကားတွေအတွက် လုံခြံမှု က တဖြည်းဖြည်း နည်းသထက်နည်း လာပါတယ်။ အဲဒီလို ဖြစ်လာတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ ပိုင် ရှင်တွေ ဆက်စပ်သူတွေအားလုံး လုံခြုံမှုကို အထူးသတိထားဖို့ လိုလာ ပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံပေါ်ရောက်ဖို့ဆိုတာ အတတ်ပညာ ပိုင်းတွေ အဆင့်ဆင့်လုပ်ရတာပေါ့ နော်။ အဆင့်ဆင့် လုပ်ရတာများ တော့ အပြင်ကို ပျံ့သွားနိုင်တဲ့ နည်း လမ်းတွေ အများကြီးရှိတယ်။ အွန်လိုင်းပေါ်မှာ တွေ့လို့ Share လိုက်တာက ပြစ်မှုတစ်ခုမြောက်တယ်ဆိုတာကိုလည်း တချို့ကမသိကြ ဘူးလေ။ ပရိသတ်ဘက်ကလည်း ဆင်ခြင်တုံတရား မြင့်မားလာဖို့ လိုအပ်ပါ တယ်” လို့ လူမင်းက ပြော ပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*