
“ကိုယ်ရရှိတဲ့ အခွင့်အရေးတွေက ကိုယ့်အတွက်ကြီး မားတဲ့ အခွင့်အရေးတွေပါ။ အသစ် တစ်ယောက် အနေနဲ့ စစချင်း အနုပညာ လောကထဲကို ဘာမှမသိဘဲနဲ့ အစိမ်း သက်သက်ကြီး ဝင်လာတဲ့အချိန်မှာ တိုက်က နေပြီးတော့ တိုက်ပိုင်မင်းသမီး အဖြစ် တင်တယ် ဆိုတာ တော်ရုံတန်ရုံ အခွင့်အရေး မဟုတ်ဘူး။ အများကြီးကံ ကောင်းပါတယ်။ အခုအချိန် မှာလည်း နောက်ထပ် တစ်တိုက်ကနေ ထပ်ပြီး စာချုပ်ချုပ် ချင်တယ်လို့ ကမ်း လှမ်းလာတော့ ခုတိုက်နှစ်တိုက်နဲ့ ဖြစ်သွားတယ်”လို့ ပြောပါတယ်။ အက်ရှင် ဇာတ်ကားတွေပဲ ရိုက် ကူးဖြစ်နေတဲ့ ယဉ်လက်က နောက်ပိုင်းမှာ အက်ရှင်၊ ဒရာမာ၊ ကော့မစ် အစရှိတဲ့ ဇာတ်လမ်းမျိုးစုံကို ရိုက် ကူးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
“အက်ရှင်ကား ရိုက်တာများလို့ အက်ရှင်မင်း သမီးလို့ ပြောကြတယ်။ ကိုယ်စရိုက်ခဲ့ တာလည်း အက်ရှင်နဲ့ပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ အက်ရှင် ရော၊ ဒရာမာရော၊ ဘယ်လိုလိုင်းမျိုး မဆို ပရိသတ်ကို တင်ဆက်နိုင်မယ့် အနုပညာရှင် ကောင်းတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ အမြဲ တမ်း ကြိုးစားနေမယ့် ဆန္ဒတစ်ခုပဲ ရှိတာပါ” လို့ ပြောပါတယ်။
တွယ်တာ