Heineken Beer
Heineken Beer

ဇာတ်လမ်းတွဲ ရိုက်ကူးရင်း သရဲ အခြောက်ခံ ရဖူးတယ် ပိုးကြာဖြူခင်

ဇာတ်လမ်းတွဲ ရိုက်ကူးရင်း သရဲ အခြောက်ခံ ရဖူးတယ် ပိုးကြာဖြူခင်
May 23, 2017 Asian Fame

Poe-Kyar-Phyu-KhinMRTV 4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲကနေ ပရိတ်သတ် အားပေးမှု ရရှိလာတဲ့ ပိုးကြာဖြူခင်က လတ်တလော မှာတော့ နိုဝင်ဘာလမှာ ထုတ်လွှင့်မယ့် “ဥယျာဉ်မှူးဖြစ်ဖူးချင်တယ်”ဇာတ်လမ်းတွဲ ကို ရိုက်ကူးနေကြောင်း သိရပါတယ်။ ဝင်္ကပါစံ အိမ်၊ မမထိပ်နဲ့ အမွေစံအိမ်နဲ့ ဥယျာဉ်မှူး ဖြစ်ဖူးချင်တယ် စတဲ့ဇာတ်လမ်းတွဲ တွေ ရိုက်ဖူး ခဲ့တဲ့ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲ ရိုက်ကူးရတဲ့ အခက်အခဲနဲ့ ပတ်သတ်ပြီး..

“ဇာတ်လမ်းတွဲ ရိုက်တာကကျတော့ ဗီဒီယိုကားတွေလိုမျိုး ရက်နည်းနည်းနဲ့ ရိုက်ကူးရ တာမဟုတ်ဘဲနဲ့ ရေရှည်ရိုက်ကူးရတာ ဆိုတော့ အခက်ခဲ အများကြီးရှိပါတယ်။ အဓိက ကတော့ ဇာတ်လမ်း အပိုင်းတွေက များတော့ တစ်ပိုင်းနဲ့ တစ်ပိုင်း ကျော်ကျော်ပြီးရိုက် တဲ့အခါ အိုက်တင်တွေ မှတ်ရတာမျိုး ရှိတယ်။ အဝတ်အစား အဆက်တွေမှတ်ရတာမျိုး ရှိတယ်။ သရုပ်ဆောင်တွေကလည်း များတော့ အကုန်လုံးနဲ့ညှိပြီးရိုက်ကူးရတာမျိုး ရှိ တယ်”လို့ ဆိုပါတယ်။

ဇာတ်လမ်းတွဲက လနဲ့ချီပြီး အချိန်ပေးရတော့ ဗီဒီယိုကားနဲ့ တခြား အလုပ်တွေကို သိပ်ပြီး လက်မခံဖြစ်ဘူးလို့ ဆိုပါတယ်။ ဇာတ်လမ်းတွဲ သုံးခု ရိုက်ကူးထား ပြီးရိုက်ကူးရေး အတွေ့အကြုံ အမှတ်တရ အနေနဲ့ ပိုးကြာဖြူခင်က…

“ဝင်္ကပါစံအိမ် ရိုက်ကူးတုန်းက ဆိုရင် မြင်းစီး ရတယ်ပေါ့နော်။ မြင်းပေါ် ကလည်း ပြုတ်ကျ ခဲ့ဖူးတယ်။ သရဲလည်း အခြောက်ခံ ရဖူးတယ်။ ဒုတိယ မြောက် ဇာတ်လမ်းတွဲ “မမထိပ်နဲ့ အမွေစံအိမ်” ကျတော့ ရိုက်ကူးတဲ့ အိမ်ကြီးက အရမ်းပူတယ်။ အခုနောက်ဆုံး တစ်ခုကျတော့ လည်း ဘားအံမှာ ရိုက်ကူး တာပေါ့နော်။ ဘားအံဆိုတော့ ကိုယ်က နယ်မှာလည်း သွားနေရတာဖြစ်တယ်။ နောက်ရက်လည်း အကြာ ကြီးပေါ့နော်။ ရာသီဥတုက အရမ်းပူတော့ အမှတ် တရတွေလည်း အများကြီးပါပဲ”လို့ ပြောပါတယ်။

လက်ရှိမှာ “ဥယျာဉ်မှူး ဖြစ်ဖူးချင်တယ်” ဇာတ်လမ်းတွဲနဲ့ အတူတီဗီ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ဇာတ်လမ်းတွဲ ပြီးသွားတာနဲ့ ဗီဒီယို ကား တွေလက်ခံ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထူးရွှေရည်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*