မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်နှင့် တွေ့ဆုံခြင်း

မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်နှင့် တွေ့ဆုံခြင်း
March 14, 2017 Asian Fame
မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်နှင့် တွေ့ဆုံခြင်း

MMMယခင်အပတ်မှ အဆက်

ကိုယ်တွေ့သင်ယူ မကုန်ခန်းရာ
ခေတ်အရွေ့ရုပ်ရှင်ပညာ
ဒီလို တဖြည်းဖြည်း တက်တာ။ အဲဒီကနေ နောက်ဆုံးစိန်ရတုအထိ ကျွန်တော်တို့ အောင်မြင်စွာ ကျင်း ပနိုင်ခဲ့ပြီ။ ဒီလို ဂုဏ်ယူနိုင်တဲ့ အခြေ အနေမျိုး ဖြစ်လာခဲ့ပြီ။ ဦးဝိစာရ လမ်းက တပ်မတော်ရုံကြီးမှာ ခင်း ကျင်းပြသနိုင်ခဲ့ပြီ။ ဒါကြောင့်မို့ အခု လာမယ့် မြန်မာ့ရုပ်ရှင် ရာပြည့်ကို ဘယ်လို လုပ်ကြမှာလဲ။ နီးစပ်ရာကို ကျွန်တော် အမြဲ ပြောလေ့ရှိတယ်။ သတိပေးလေ့ ရှိတယ်။ တွန်းအားပေး လေ့ရှိတယ်။ ၁၉၅၆ ခုနှစ်မှာစခဲ့တာ အခု နှစ်ပေါင်း ၆ဝ ရှိလာပြီ။ တစ် လျှောက်လုံးမှာ ကျွန်တော် အတွေ့ အကြုံ မျိုးစုံဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင် လုပ်ငန်းကြီးကတော့ ယိုင်ထိုးလဲ ပြိုကွဲမသွားဘူး။ ဘောလိဝုဒ်က တော့ ကျွန်တော်တို့ ဒုတိယအား အကိုး ရဆုံးပေါ့။ အစက ကျွန်တော် တို့ ဗမာနဲ့ အိန္ဒိယက အရှေ့တောင် အာရှမှာ အပြိုင်ချကြတာ။ ယိုးဒယား တို့ဘာတို့မှာ မရှိသေးတဲ့အချိန်မှာ ကျွန်တော်တို့က ထိပ်ကနေခဲ့တာ။ အခုတာ့ ယိုးဒယားတောင် ကျွန် တော်တို့ခေါင်းပေါ် နင်းတက်သွား ပြီ။ ကျွန်တော် တို့က အောက် မှာ ပြား ချပ်ကျန်ခဲ့ပြီ။ ဒါကို ပြန်မတိုက်နိုင် သေးဘူးလား။ ပြန်မတိုက်နိုင်သေး ဘူးလားဆိုတော့ တိုက်နိုင်ပါ တယ်။ အခုနောက် လူငယ်တွေ က တယ်လီ ဖုန်းကို ပွတ်မယ်။ ဖုန်းထဲက ဇာတ် လမ်း ဇာတ်ကွက်တွေ ကြည့်မယ် ။ နိုင်ငံခြား ဇာတ်ကားတွေ ကြည့်မယ်။ အင်တာနက် ကနေ ခေါ်ကြည့်မယ်။ ရုပ်ရှင်ရုံဆိုတာတွေ တောင်မှ ပျောက် မလိုလို ဖြစ်နေတယ်။ ဒါကို မနည်း ပြန်ပြီး ထူထောင်နေရတဲ့ အချိန်။ သို့သော် တကယ့် တကယ်က ရုပ်ရှင် ရုံထဲမှာ ရုပ်ရှင်ကို ကြည့်ရတာနဲ့ ဖုန်း နဲ့ ကြည့်ရတာက အရသာခြင်း သိပ် ကွာခြားလွန်း အားကြီးတယ်။ တကယ် ကောင်းတဲ့ ဇာတ်ကား တွေပြတော့ ကြိတ်ကြိတ်တိုးလို့ မှောင်ခို လက်မှတ် တွေ ဘာတွေဖြစ် ပြီးတော့ ရုံတွေမှာ ပြည့်လျှံနေတာပဲ။ ဒီတော့ ရုပ်ရှင်ရဲ့ အသက်သည်သေနိုင်စရာ၊ ကျိုးနိုင် စရာ၊ ပျက်စီးသွားနိုင်စရာ မရှိဘူး။ ဒါကြောင့်မို့ ရာပြည့်မှာ ကျွန်တော် တို့က နိုင်ငံတကာ နဲ့ပြန်ပြီး တိုးနိုင်တဲ့ အခြေအနေမျိုး ထပ်ပြီးတော့ ပြန်ပြီး တော့ သစ်ဆန်းပေါ်လွင် လာအောင် ဖြစ်စေချင်တယ်။

မေး-မြန်မာ့ရုပ်ရှင်ဟာ အစောပိုင်း ကာလမှာ ဆရာပြောခဲ့သလိုပဲ ဘော လီးဝုဒ် တို့နဲ့ယှဉ်ပြီးတော့ ပေါ်ပေါက် လာခဲ့သ လို မြန်မာနိုင်ငံ မှာ အဲဒီကာ လက ရုပ်ရှင်ကို သည်းသည်းလှုပ် ကြိုက်ခဲ့ကြတယ်။ အပတ်တွေလ တွေ ချီပြီးတော့ ပြခဲ့ ရတယ်ပေါ့။ အဲဒီတော့ အဲဒီလို ပဲမြန်မာ့ရုပ် ရှင်ပြန်လည် ဦးမော့လာဖို့ နဲ့ မြန်မာ့ ရုပ်ရှင် နှစ်တစ်ရာပြည့်မှာ လည်း နိုင်ငံ တကာမှာ ပြလို့ရအောင် အထိ သမိုင်း မှတ်တမ်းတွေ ကျန် ခဲ့နိုင် ဖို့ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာ ကို ဆရာရဲ့ အကြံဥာဏ်လေးဝေမျှ ပေးပါဦး ဆရာ။

ဖြေ-ကျွန်တော်တို့သည် နိုင်ငံတကာ အဆင့်ကို လှမ်းခဲ့တဲ့ ဇာတ်ကား ရှိခဲ့ ပါတယ်။ ဆိုကြပါစို့။ “သူ့ကျွန်မခံပြီ” ပေါ့။ အဲဒီဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ ကျွန်တော် နဲ့ကတော့ ညီအစ်ကို အရင်းလောက် ခင်ပါတယ်။ သို့သော် “သူ့ကျွန်မခံ ပြီ” ကို ကျွန်တော်စံထားပြီး ပြန်ပြော မယ်။ ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို စီစဉ်တဲ့နေရာမှာ ဇာတ်ကွက် ဆိုတာ က အရေးကြီးတာပဲ။ စာရေးဆရာ ဦးခင်မောင်တင့် (တက္ကသိုလ် ဘုန်း နိုင်) နဲ့လည်း ကျွန်တော် တအားရင်း နှီးတာပဲ။ “သူ့ကျွန်မခံပြီ” မှာ အစိုးရ ကလည်း ငွေကြေး ထုတ်ပြီး အားပေး တယ်။ မြန်မာ့ မီးရထားက ထုတ်ပေး တယ်။ ဒီလို ဆိုလို့ရှိ ရင်ကျော ထောက်နောက် ခံ မြန်မာ့မီးရထား ဆိုတာကြီးက ဘာမဆို အကုန်လုံး လုပ်နိုင်တာပဲ။ ကိရိယာပစ္စည်း၊ နောက်ပြီးတော့ အဆောက်အအုံ တည်ဆောက် တာတွေပေါ့။ ရုပ်ရှင် မှာ ဒီ အတုတွေ ကျွန်တော်တို့ လုပ်ရ ပါတယ်။ အဆောက်အအုံ အတုတွေ လုပ်ရတယ်။

သီပေါမင်း ပါတော်မူစဉ်က မန္တလေးရဲ့ မြင်ကွင်းတွေပေါ့။ မန္တလေးပတ်ဝန်းကျင်မှာ မြေကြီးတွေ ဘာတွေ အများကြီး ရှိသေးတယ်။ စကျင်တောင်တွေ၊ ဘာတွေရှိတယ်။ ဒါတွေအကုန်လုံး လက်ဆုပ် လက်ကိုင် ဒီလောက် ပိုင်ပိုင်နိုင်နိုင် အထောက် အကူရနေရက်သားနဲ့ “သူ့ကျွန်မခံပြီ “ဇာတ်ကားက ဘာဖြစ်လို့ မကောင်းရ တာလဲ။ ဒါကို ကျွန်တော် စိစစ်တယ်။ အထပ်ထပ် အပြန်ပြန် သုံးသပ်တယ်။ ရုပ်ရှင်ရဲ့အရေး အကြီးဆုံးဖြစ်တဲ့ ပြင်သစ်အခေါ် မီရောဇန် လို့ခေါ်တဲ့ ဇာတ်ကွက်ဆင် တာ။ အဲဒါတွေသည် မှားနေတာတွေ့ တယ်။ နောက်တစ်ခု Research လုပ်တာ သီပေါမင်းပါ တော်မူသွားတာ ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး။ ကျွန်တော် တို့ Research လုပ်လို့ရှိရင် နီးနီးလေးပဲ ရှိသေး တယ်။ ဒါပေမဲ့ သီပေါမင်း လက်ထက် မှာ မန္တလေးရဲ့ နန်းတချို့နေရာတွေ ကို ရုပ်ရှင်ထဲမှာ ရိုက်ပြသွားတယ်။ ဝင်းထရံလေးတွေ က ဝါးခြမ်းပြားလေးတွေနဲ့ လုပ်ထား ပြီးတော့ အဲဒီဝါးတွေက စိမ်းနေ တယ်။ ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင် ဘူး။ နောက် Photography နဲ့ ပတ် သက်လို့ Photography မှာ Key  ဆိုတာ ကဒ်တိုင်းမှာ လိုလို ပျောက်နေ တယ်။ ဒါဟာ ရိုက်ကူးပုံ နည်းမမှန် ကန်ဘူး စသည်အားဖြင့် အဲဒီလို အပြစ်တွေ သွားတွေ့တယ်။ တကယ် ကတော့ ဘောလိဝုဒ်က ရိုက်ကူးတဲ့ ဇာတ်ကားကို သူတို့လို မသုံးနိုင် မဖြုန်းနိုင်လို့ ကမ္ဘာ မပတ်နိုင်သည့် တိုင်အောင် ကျွန်တော်တို့ နိုင်ငံထဲမှာ တင် ကျွန်တော်တို့ လုပ်နိုင် တဲ့ အခြေ အနေမှာ တန်းမီအောင် ကျွန်တော်တို့ လုပ်လို့ရသေးတယ်။ အများကြီးရှိ တယ်။ သစ်တော အစစ်တွေ၊ ဝါး တောအစစ်တွေ ကျွန်တော်တို့ဆီ မှာရှိ သေးတယ်။

ကျေးရွာတွေ သည် ရှေးမူမပျက် ဒီအတိုင်းပဲရှိပါသေးတယ်။ ရှေး မန္တလေးနဲ့ တူတဲ့အရပ်ဒေသတွေ အများကြီး ရှိတယ်။ ဒီလိုစံပြဇာတ် ကားကမှ ကျွန်တော်တို့တွေ တန်းမီ အောင် တိုးပြီးမပြနိုင်ရင် ကျန်တဲ့ ဇာတ်ကားတွေက လျော့ရိ လျော့ရဲ တွေပဲလေ။ အငြိမ့်စင်ပေါ်မှာ လူပြက်ပြက်တာက Live  မို့လို့ ပိုပြီး သဘာဝကျကျ ရယ်ရသေးတယ်။ ရုပ်ရှင်ထဲမှာ လူပြက်တွေဝင်ပြီးတော့ ပြူးပြပြဲပြ၊ ကလိထိုးပြတဲ့ အခါကျ တော့ အတော်အကြည့်ရ ဆိုးသွား တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Photography ကလည်း အမြန်နှုန်း နဲ့ ရိုက်ကူးတဲ့ အခါကျတော့ အရုပ် အသံပါရင် ပြီးရော ဆိုတဲ့အခါအကုန် လုံး ကွာလတီတွေ က နိမ့်ကျသွား တယ်။ တကယ် ကတော့ ဇာတ်ကား တစ်ကားကို ရိုက်ကူးမယ် ဆိုရင် ဖလင်မိတ်ကင်း ဆိုတာကို ဒါရိုက် တာရယ်၊ ပရိုဂျူဆာရယ်၊ ဓာတ်ပုံ ဆရာရယ်၊ Art ဒါရိုက်တာ ရယ်ပေါ့။ နိုင်ငံခြား ကားတွေမှာ ဒီသမိုင်းနဲ့ ပတ်သက်လို့ ကြည့်လိုက်ရင် ရှေ့ပိုင်း ဖလင်မိတ်ကင်းမှာ အဆင့် သုံးဆင့်ရှိ တယ်။ pre production ဆိုတာက ဘာမှ ထဲထဲဝင်ဝင် ပိုက်ဆံတွေများ များစားစား အသုံးမပြုသေးဘဲနဲ့ စက္ကူပေါ်မှာ ကလောင်တံ နဲ့ရေးပြီး တော့ မှတ်တမ်းတွေ ရယူပြီး ရိုက်ကူး ဖို့ရာ စီစဉ်တဲ့အပိုင်း။ အဲဒီမှာ အရေး အကြီးဆုံးသည်  Research ပဲ။ တကယ် အရေးကြီးဆုံး Research ကိုလုပ်သွားတာ ဘယ်ဇာတ်ကား တွေမှာ တွေ့ရသလဲ ဆိုလို့ရှိရင် Gone with the Wind ဆိုတဲ့ဇာတ် ကားမျိုး၊ ရှင်းဂလပ်လစ် တို့လိုဇာတ် ကားမျိုးတွေမှာ ဒါမျိုးတွေ တွေ့ရ တယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလို ရှေ့ပိုင်းမှာ  Research မရှိဘူး။ ပြတိုက်မှာတောင်မှ သွားမကြည့်ကြ ဘူး။ ဒီတော့ ဘယ်လိုလုပ်ပြီး ကျွန် တော်တို့က International Standard ကို မီနိုင်ပါ့မလဲ။  Research အရ ပြောရမယ်ဆိုရင် ဥပမာ တိုက်တန်း နစ်ဇာတ်ကား ရိုက်ကူးသွားတယ်။ တကယ့်တိုက်တန်းနစ် သဘောင်္ကြီး မှာ တည်ဆောက်စဉ် အခါတုန်းက အသုံးပြုခဲ့ သလိုမျိုး ရစ်ပတ်လေးတွေ ဘယ်နှစ်သန်းသုံး သွားသလဲ။ အဲလောက်အရေ အတွက် အတိအကျ ကိုပြန်လုပ်တယ်။ Research  အပြည့်အဝကို လုပ်တယ်။ တိုက်တန်း နစ်မှာ ဒါကြောင့်မို့ တိုက်တန်းနစ်ရဲ့ ပရီပရိုတတ်ရှင်မှာ၂ဘီ လီယံ လောက်သုံးတယ်။ နည်းတဲ့ပိုက်ဆံ လား။ ပြန်မှရနိုင်ပါ့မလားလို့ မထင်ဘူးလား။ တကယ် ပီပြင်အောင် လုပ်လာတဲ့ အခါကြတော့ တိုက်တန်း နစ်က ပြန်ဝင်လာတဲ့ ပိုက်ဆံသည် ရင်းထားရတာထက်ကို နှစ်ဆသုံးဆ ဖြစ်သွားတယ်။

ဆက်လက်ဖော်ပြပါမည်
ညိုသစ်ငယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*