Heineken Beer
Heineken Beer

ကံနဲ့ ဘာသာရေး ပေါင်းပြီး တော့ အောင်မြင်မှု ဆိုတာ လည်း ဖြစ်လာတယ်လို့ ယုံကြည်ပါတယ် နန်းသူဇာ

ကံနဲ့ ဘာသာရေး ပေါင်းပြီး တော့ အောင်မြင်မှု ဆိုတာ လည်း ဖြစ်လာတယ်လို့ ယုံကြည်ပါတယ် နန်းသူဇာ
February 27, 2017 Asian Fame

MIN_6453ဒီတစ်ပတ် ပေါ်ပြူလာရဲ့ ယုံကြည်ပွားများ ဘာသာတရားကဏ္ဍအတွက် အနုပညာရှင် တစ်ယောက် အဖြစ် နန်းသူဇာရဲ့ တစ်နေ့တာ ဘာသာရေး ဆောင်ရွက်ချက်တွေကို သွားရောက်ရိုက်ကူး ဖြစ်ပါတယ်။ သူမက အနုပညာရှင်တစ်ယောက် ဆိုတော့ အိမ်မှာ အမြဲမရှိပေမယ့် ဘုရားမရှိခိုးဖြစ်ရင် တောင် ရတနာ သုံးပါးကို ရင်ထဲမှာအမြဲရှိကြောင်း အင်တာဗျူးတဲ့အခါ ပြောကြားပါ တယ်။ ဒီဘက်ခေတ် လူငယ်တွေ၊ ပရိသတ်တွေအနေနဲ့လည်း မိမိယုံ ကြည်ရာဘာသာတရားကို အစဉ် ပွားများနေတဲ့အခါ ကံတရားရဲ့ အထောက်အပံ့တွေ၊ ကောင်းကျိုးတွေ ရရှိနိုင်စေမှာပါ။ အနုပညာရှင် တစ် ယောက်ဖြစ်သလို ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့ နန်းသူဇာကို လည်း သူမနေ့စဉ် ဘာသာရေး ကိုဘယ်လို လုပ်ဖြစ် သလဲ၊ ဘုရား၊ တရား၊ သံဃာအပေါ် သူမဘယ်လို ကြည်ညို ကိုင်းရှိုင်းလဲဆိုတာ သွား ရောက်တွေ့ဆုံ မေးမြန်း ရိုက်ကူးဖြစ် ခဲ့ပါတယ်။

နေ့စဉ်ပွားများ ဘာသာတရား

နေ့စဉ်လုပ်ဖြစ်တာ ကတော့ နန်းသူဇာ မနက်ပိုင်း ဆွမ်းကပ်တယ်။ ညပိုင်း ပုတီးစိပ်ဖြစ်တယ်။ ပုတီး စိပ်တယ် ဆိုတာက ဂုဏ်တော် ကိုးပါး စိပ်တယ်။ ဂုဏ်တော် တစ်ခုချင်း စီစိပ်တယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။ မနက်ကျတော့ တစ်ခါတလေ ကျရင် ရှုတင်ရှိတာတို့၊ မနက်အစောကြီး ထွက်လာတဲ့ အခါမျိုးကျရင် ဘုရားတော့ ရှိခိုး ဖြစ်တယ်။ ဆွမ်းကပ်တာ တို့ကျတော့ အမေက အဓိက လုပ်တယ်။ ဘာသာ ရေးကတော့ လူတိုင်းအတွက် အရေး ပါတယ်။ နန်းသူဇာတို့ အနုပညာရှင် တွေအနေနဲ့ ဆိုရင်လည်း ကံပေါ့ နော်။ ကံနဲ့ ဘာသာရေး ပေါင်းပြီး တော့ အောင်မြင်မှုဆိုတာ လည်း ဖြစ်လာတယ်လို့ ယုံကြည်ပါတယ်။

MIN_6462ဂုဏ်တော်ပွားများ ဘာဝနာထား

ဗုဒ္ဓဘာသာဝင် တစ်ယောက် အတွက်ကတော့ စိတ်ထဲမှာ ဘုရား ရှိဖို့ လိုအပ်ပါတယ်။ အဓိကကတော့ ဘုရားစာ ရွတ်နေရင် စိတ်ထဲ မှာ ချမ်းသာနေတယ်။ အဲဒီအခါကျတော့ စဉ်းစားရ တာ လည်း ကောင်း တယ် လေ။ အဲဒီ အတွက်ကြောင့် မို့လို့ နန်းသူဇာ က ခရီး သွားရင်တောင် ပုတီးစိပ်တာတို့၊ ပုတီးမပါရင် ဘုရား ဂုဏ်တော်ပွား များနေတာတို့ လုပ်ဖြစ်ပါတယ်။ ကိုယ်ပြုသောကံ ကိုယ့်ကံပါပဲ။ ကိုယ်ကောင်းတာ လုပ် ရင်ကောင်းတာ ဖြစ်မယ်။ မကောင်း တာလုပ်ရင် မကောင်းတာ ဖြစ်မယ်။ ဒါဟာ ဗုဒ္ဓဘာသာ ဝင်တွေ အတွက် အခြေခံပါပဲ။ နန်းသူဇာကတော့ အဲဒီလို ယုံကြည် တယ်။ နန်းသူဇာ လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် မြတ်စွာ ဘုရားကို ရင်ထဲမှာ အမြဲရှိပါတယ်။ ဘုရား၊ တရားရင်ထဲမှာ ကိန်းဝပ်နေရင် လောကီရော၊ လောကုတ္တရာ မှာပါ ကောင်းကျိုးတွေရရှိမှာပါ။

လှူမယ် တန်းမယ် ကုသိုလ်ဝယ်  

အလှူအတန်းကတော့ ကြုံရင် ကြုံသလို လုပ်ဖြစ်ပါတယ်။ နောက် ထပ်လုပ် သွားဖို့လည်း ရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ မှာ ရာသီ ဥတုပူတာ ၂နှစ်ဆက်တိုက်ရှိပြီ။ ဒီနှစ် လည်း ဖြစ်ကိုဖြစ်မယ်ဆိုတာ လူတိုင်း လည်းသိပါတယ်။ အကုန်လုံး လည်း အဝတ်အစားက အစ၊ နေတာထိုင်တာက အစ ပြင် ဆင်နေကြတာဆိုတော့ ရေ ရှားပါး မှုတွေကြုံရ တယ်။ အရင်နှစ်တွေ တုန်း က နန်း သူဇာ တို့ရေမလှူ ဖြစ်ပေ မယ့် ဒီနှစ် တော့ ရေလှူ ဖြစ် မယ်။ ကိုယ်တိုင် သွားမလှူ ရင်တောင် မှလှူ တဲ့အထဲမှာ ပါဝင်ဖြစ် မှာပါ။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*