Heineken Beer
Heineken Beer

ဆန်ခါတင်အကယ်ဒမီစာရင်းဝင် စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားကြီး

ဆန်ခါတင်အကယ်ဒမီစာရင်းဝင် စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားကြီး
December 22, 2014 Asian Fame

၅၈ကြိမ်မြောက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက် ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ဇာတ်ကားကြီး ၆ကား ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်များနဲ့ ပါဝင်ကြတဲ့ အနုပညာရှင်၊ အတတ် ပညာရှင်များရဲ့ အကယ်ဒမီအကြို စကားသံများကို အပတ်စဉ်ဖော်ပြပေးခဲ့ရာ အခုအပတ်ဆိုရင်နောက်ဆုံးဇာတ်ကားတစ်ကားသာ ကျန်ရှိပါတော့တယ်။ အခုအပတ်ဖော်ပြမယ့် ဇာတ်ကား ကတော့ ‘စေတန်ရဲ့ ကချေသည်’ရုပ်ရှင်ဇာတ် ကားကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကလည်း ဒီနှစ်အကယ်ဒမီအတွက် ပရိသတ်အကြား ရေပန်းစားနေပြီး ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ရုပ် ပီပြင်မှုတွေကြောင့်လည်း ပရိသတ်နှစ် ခြိုက်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင် ကားကြီး တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒါ ကြောင့်လည်း အခု တစ်ပတ်မှာတော့ ‘စေတန်ရဲ့ ကချေသည် ‘ရုပ်ရှင် ဇာတ်ကားကြီးကို အဘက်ဘက်ကနေကြိုးစားအား ထုတ်ခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် တို့ရဲ့ အမှတ်တရ ပုံရိပ်များကို တင်ဆက် ပေးလိုက်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*