Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentBusinessရုံတင်ပြသမှုစနစ် မှားယွင်းသွားရင် ...

ရုံတင်ပြသမှုစနစ် မှားယွင်းသွားရင် ရုပ်ရှင်လောက ပျက်စီးသွားနိုင်တယ်မြန်မာနိုင်ငံရုပရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ လက်ရှိမှာ ဒါရိုက်တာစတီး(ဒွေးမေတ္တာ)ရိုက်ကူးတဲ့ ‘တိုင်စာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါ ဝင်သရုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်တဲ့ ဦးဇင်ဝိုင်းကိုရှပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးစနစ်နဲ့ပတ် သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

”ရုံကိစ္စဆိုရင်လေးငါးယောက်၊ တစ်အုပ်စုနှစ်အုပ်စုကိုပဲကြည့်လို့မရပါ ဘူး။ တစ်အုပ်စုနှစ်အုပ်စုဆိုပြီးခွဲခြားပြီး ကြည့်လို့မရပါဘူး။ ကျွန်တော်တို့ လက်ထဲမှာ အခုကိုင်ထားတာ ထုတ်လုပ်သူ ၉၉ ဦးရဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၄၁ ကား ရုံတင်ပေးဖို့တာဝန်ရှိနေပါသေးတယ်။ ဒါတောင်မှ ၂၆.၇.၂ဝ၁၈ အထိ ဆင်ဆာကျထားတဲ့ဇာတ်ကားတွေပါ။ အဲဒါကိုစဉ်းစားတဲ့အခါမှာ ထုတ်လုပ်သူ အား လုံးရဲ့ အကျိုးစီပွားမျှတစွာရအောင် စဉ်းစား ရပါတယ်။ မျှတစွာရအောင်ဆိုတာက ဒီဘက် လူ ၅ဝ ရသလို ဟိုဘက်ကလူ ၅ဝ ရအောင် ညီမျှခြင်းအတိုင်း လုပ်ပေးလို့မရပါဘူး။ သို့သော် လုပ်ပေးနိုင်တဲ့အတိုင်းအတာ အတွင်းမှာ ညီမျှမှုရှိအောင်လုပ်ပေးရပါတယ်။ နောက်တစ်ခုက ဒီရုံတင်စနစ်ဆိုတာက ရုံရှင်နဲ့ထုတ်လုပ်သူတွေရဲ့ နှစ်ဦး နှစ်ဖက်အကျိုးစီးပွားလို့ ထင်စ ရာရှိပါတယ်။ မဟုတ်ပါဘူး။ ပြသရေးစနစ်မှန်ခြင်းမှား ခြင်းအပေါ်မှာမူတည်ပြီး တော့ ကျွန်တော်တို့ရုပ်ရှင် လောကရှေ့ရေးနဲ့ပါ သက် ဆိုင်နေပါတယ်။ ပြသမှု စနစ်မှားသွားရင် ရုပ်ရှင် လောကပျက်စီးသွားနိုင် တယ်။ မှန်ကန်တဲ့ ပြသ ရေးစနစ်ဖြစ်ရင်ရုပ်ရှင် လောကတိုးတက်လာ နိုင်တယ်”လို့ ရုံတင်စနစ်နဲ့ ပတ်သက်ပြီး ဦးဇင်ဝိုင်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...