Tuesday, February 3, 2026

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ...

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက်...

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂ အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့...
HomeEntertainmentEntertainment Eventရုပ်ရှင် လောကသားတို့ရဲ့ စည်းလုံး...

ရုပ်ရှင် လောကသားတို့ရဲ့ စည်းလုံး ညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ ရုပ်ရှင်ညီလာခံ

ဒီဇင်ဘာ ၁၂ရက်နေ့က ရန်ကုန် မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ ရုပ်ရှင်ညီလာခံကတော့ အနု ပညာရှင်၊ အတတ်ပညာရှင် စုံစုံလင်လင်တက်ရောက်ခဲ့ပြီး ရုပ် ရှင်လောကသားတို့ရဲ့ စည်းလုံးညီ ညွတ်မှုအားကို ပြသလိုက်နိုင်ခဲ့တဲ့ ပွဲတစ် ပွဲလို့ ဆိုရမှာပါ။

“အကြံပြုစာတော့ ပေးထား တာမရှိဘူး။ ညီလာခံ တက်ဖြစ်ခြင်း ရဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ညီညွတ်ခြင်းကို ပြ တယ်ဆိုတဲ့ သဘောတွေ အများကြီး ပါ ပါတယ်။ ဒီသဘောနဲ့ လာတာ လည်းဖြစ်ပါတယ်ခင်ဗျာ”လို့ ပွဲ တက်ရောက်လာတဲ့ ရုပ်ရှင်မင်းသား ကြီး အကယ်ဒမီ လွင်မိုးရဲ့ အပြောကို ဖတ်မိတယ် ဆိုရင်ပဲ ရုပ်ရှင်လောက သားတို့ရဲ့ စည်းလုံးညီညွတ်မှုကို သိ ရှိနိုင်မှာပါ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်း  က…. .

“ကျွန်တော်တို့ လောကသား များ လူ ၅ဝဝ၊ ၆ဝဝ လောက် စုစည်း ပြီး တက်ရောက်ကြတာ ဖြစ်ပါတယ်။ တစ်လောကလုံးကိုတော့ ဖိတ်ကြား နိုင်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲဒီတော့ တစ်လွှာကို လူအယောက် ၅ဝကျော်၊ ၆ဝ လောက် ဖိတ်ကြားပြီး တော့အလွှာ၁ဝလွှာဆိုတော့အ ယောက် ၆ဝဝ လောက်တက်ရောက်ကြတာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကရဲ့ အကြံ ပြုလိုတဲ့အချက်များ၊ ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေတွေ၊ တခြား အကြံပြုသင့်တဲ့ အချက်များ ကို အလွှာလိုက် စုစည်းပြီးတင်ပြ ကြတာဖြစ်ပါတယ်။ ကျေနပ်ပါတယ်။ ဝမ်းသာပါတယ်။

အဖြေကတော့ ရရှိတာက ဆုံးဖြတ်ချက် ၄ချက်ရယ်၊ ဆက်လက်ပြီးတော့ သယ်ဆောင်သွား ရမယ့် အချက် ၇၁ ချက်ရယ်၊ အ ကယ်ဒမီနဲ့ ပတ်သက်တဲ့ ၁၈ချက်ရယ် ရရှိပါတယ်။ အားလုံး ဝမ်းသာကြည် နူးရပါတယ်” လို့ ရုပ်ရှင် ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ခံစား ချက်၊ ပီတိ၊ ကျေနပ်အားရမှု တို့ကို ပြောပြပါတယ်။ ဆက်လက်ပြီး ဦးဇင်ဝိုင်းက ရွေးကောက်ပွဲကနေ ထွက်ရှိလာခဲ့တဲ့ ရလဒ်တွေနဲ့ ပတ် သက်ပြီး…..

“ဒီညီလာခံက ထွက်လာတဲ့ ရ လဒ်တွေဟာ သေချာတာတစ်ခုက ဘယ်သူကမှ ဝင်ရောက်ပြီး ရေးဆွဲ ထားတဲ့၊ ဘယ်အာဏာပိုင် အဖွဲ့ အစည်းကမှ ရေးဆွဲထားတဲ့ အချက် အလက်တွေ မဟုတ်ပါဘူး။ လောက သားတွေ စစ်စစ်မှန်မှန် ဆန္ဒအရ ရေးဆွဲလိုက်တဲ့ အချက်အလက်တွေ ဖြစ်ပါလိမ့်မယ်။ ဒီ့အတွက် ဒီအချက် အလက်တွေသည် လောကသားများ ရဲ့ ဆန္ဒ အစစ်အမှန် ဖြစ်ပါမယ်။ ဒါ သည်ပင်လျှင် NGO အဖွဲ့အစည်း တစ်ခု ရဲ့ ပုံသဏ္ဌာန်ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ ရုပ်ရှင်လောက တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဒီကနေ အ ချက်အလက်ပေါင်း များစွာထွက်လာ လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါ တယ်” လို့ ပြောပြပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အ ဖြစ် တာဝန်ယူလုပ်ဆောင်လာခဲ့တာ ၂ လကျော် သက်တမ်းအတွင်းသာ ရှိသေးပေမယ့် ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်တွေ၊ ရုပ်ရှင်လောကသား တွေရဲ့ တာဝန်တွေကို အပြည့်အဝ ယူထားရတဲ့ ဦးဇင်ဝိုင်းအနေနဲ့ ဒီကာ လတွေ အတွင်းမှာ ခက်ခဲမှုတွေ၊ ပင် ပန်းမှုတွေ ရှိမှာပေါ့လို့ဆိုတော့ …

“အခက်အခဲကတော့ ရှိမှာပဲ။ ပြဿနာကတော့ ရှိမှာပဲ။ ဒါဟာ လူ့အဖွဲ့အစည်းကိုး။ ရုပ်ရှင် အစည်း အရုံးဆိုတာကလည်း လူ့အဖွဲ့အစည်း တစ်ခုပါပဲ။ မိမိအဖွဲ့အစည်းအတွင်းမှာလည်းရှိမယ်။ မိမိအဖွဲ့အစည်း ပြင်ပမှာလည်း ရှိမယ်။ ဒါတွေကို လည်း ကျွန်တော်တို့က မျှတစွာနဲ့ပဲ ဖြေရှင်းပြီးတော့မှ ကျော်ဖြတ် နေကြ ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071