Thursday, April 23, 2026

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး...

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ...

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ...
HomeInterviewsရုပ်ရှင်လောကသားတွေလုပ်ရမယ့် အိမ်စာနဲ့ ဆင်ဆာဖြတ်တောက်မှုအကြောင်းပြောပြတဲ့...

ရုပ်ရှင်လောကသားတွေလုပ်ရမယ့် အိမ်စာနဲ့ ဆင်ဆာဖြတ်တောက်မှုအကြောင်းပြောပြတဲ့ ဒေါ်ဆွေဇင်ထိုက်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံး ဥက္ကဋ္ဌဦးလူမင်းလက်ထက်က ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဖေမြင့်ရယ်၊ ဆင်ဆာလူကြီးတွေရယ်၊ ရုပ်ရှင် အစည်းအရုံးက လူကြီးတွေရယ် ဆင် ဆာနဲ့ ပတ်သက်လို့ ဆွေးနွေးကြသေး တယ်။ အခု ဦးဇင်ဝိုင်းလက်ထက်မှာ ကော ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သက်လို့ ဘာတွေထူးခြားသေးလဲလို့ ဆင်ဆာ လူကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ဆွေ ဇင်ထိုက်ကိုမေးတော့ …

”ဆင်ဆာ ဒုတိယအကြိမ် ပြန် ဖွဲ့တော့ အရင်တုန်းက ကိုဇာဂနာနဲ့ ကိုမောင်သီက မပါနိုင်တော့ဘူးလို့ ပြောတယ်။ ကျွန်မတစ်ယောက်တော့ ကျန်တာပေါ့လေ။ ကျွန်မကတော့ ဆင်ဆာပေါ်လစီတွေကို ဘယ်လို ပြောင်းပေးရမလဲဆိုတာကို ကြည့် နေတာဖြစ်ပါတယ်။ လုပ်နေရင်းနဲ့ပဲ ဇာတ်ညွှန်းများကို ဖတ်မယ့်နေရာမှာ ရော၊ ရိုက်ကူးပြီးသားတွေကို ကြည့်ရှု တဲ့နေရာမှာရော တတ်နိုင်သရွေ့ ရေး သမျှကိုလည်း ရိုက်ကူးဖြစ်စေချင် တယ်။ ရိုက်သမျှကိုလည်း ပြဖြစ်စေ ချင်တယ်ဆိုတဲ့စိတ်နဲ့ လုပ်ပေးပါတယ်။ ကျွန်မ၂ဝ၂ဝ ပြည့်နှစ်လောက်ကို တော့လေ မျှော်လင့်တယ်။ မြန်မာ ပြည်မှာ ဆင်ဆာဟာ အများပြည်သူ အရွယ် ၃ ပါးကြည့်ရတဲ့စနစ်ကနေ ပြီးတော့မှ မိဘနဲ့အတူတူကြည့်ရှုရမယ်။ နောက်ပြီး အသက် ၁၈ နှစ်မှ ကြည့် ရမယ်။ အဲဒီလို Rating ခွဲတဲ့စနစ် တစ်ခုကို လုပ်ပေးနိုင်ဖို့အတွက် အား စိုက်နေတယ်”လို့သူကပြောပါတယ်။

လက်ရှိမြန်မာရုပ်ရှင်ဇာတ်ကား တွေရဲ့ အရည်အသွေး၊ ရိုက်ကူး တင် ဆက်မှုနဲ့ ဆင်ဆာဖြတ်တောက်မှု တွေအပေါ် ကိုယ်တိုင်လည်း ကြည့် ရှုပေးနေရတဲ့ အန်တီဂရေ့(စ်)(ဒေါ် ဆွေဇင်ထိုက်)ရဲ့ အမြင်ကိုလည်း မေး ဖြစ်တဲ့အခါ …

”တချို့ဒါရိုက်တာတွေက လက် ရာမမှန်ဘူး သိလား။ ဒီတစ်ကားမှာ ကောင်းကောင်းလေး၊ သန့်သန့်လေး ထွက်လာ။ နောက်တစ်ကားကျလို့ရှိ ရင်လည်း ညစ်ညစ်ပတ်ပတ်တွေ ပြောပြောဆိုဆိုနဲ့ ထွက်လာတာလည်း မြင်ရတယ်။ ကျွန်မတို့ကြည့်ရတာတော့ ဒီနှစ်ထဲမှာဆိုလို့ရှိရင် ဆင်ဆာခွင့် ပြုတဲ့ဇာတ်ကားက ၉၆ ကားရှိနေပြီ လေ။ နောက်လာမယ့်အချိန်နဲ့ဆိုရင် ကားထုပ်ကတော့ ၂ဝဝ နီးနီးလောက် ရှိမယ်နဲ့တူတယ်။ အရင်တုန်းက ကျန်နေတဲ့ဟာတွေကလည်း ၂ဝဝ လောက်ရှိတယ်ပေါ့။ အဲဒီတော့ ကား ထုပ် ၄ဝဝ ကို ဘယ်လိုရုံတင်ကြမလဲ ဆိုတာတော့ ရုပ်ရှင်လောကသားတွေ လုပ်ရမယ့်ံHome Work ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့တော့ တစ်ပတ်ကို ဇာတ်ကား ၈ ကားကြည့်ရပါတယ်။ နိုင်ငံ ခြားကားနဲ့ မြန်မာကားနဲ့တွဲပြီးတော့ အဲဒီလိုကြည့်ပြီးတော့ ကြည့်သမျှတော် တော်များများလည်းခွင့်ပြုပါတယ်။ ဒါ ပေမဲ့ရိုက်ကူးဖို့သူတို့ရဲ့ Creativity က နည်းနည်းကျယ်လာတာလားမသိ ဘူး။Subject ဆန်းဆန်းတွေပါလာ တတ်တယ်။ ယောက်ျားချင်းချစ် တဲ့ဇာတ်လမ်းမျိုး၊ ယောက်ျားက ပြည့် တန်ဆာလုပ်တဲ့ ဇာတ်လမ်းမျိုး အဲဒီ လိုဟာတွေလည်း အများကြီးပါလာ တော့ Culture အနေနဲ့က ပြော စရာတွေရှိတတ်ပါတယ်။ ကျွန်မက တော့ ရုပ်ရှင်သမားအနေနဲ့ တတ်နိုင် သရွေ့ခွင့်ပြုလို့ရအောင်ပြောပါတယ်” လို့ သူကပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ မြောင်းထဲထိုးကျ သံဃာတော်(၁)ပါးအပါအဝင် (၈)ဦးဒ-ဏ်ရာရခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သံဃာတော်(၁)ပါးအပါအဝင် (၉)ဦးလိုက်ပါမောင်းနှင်လာသော Hilux Surf ကားသည် မိုင်တိုင်အ မှတ် ၁၈၂/၇ နှင့် ၁၈၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းက နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့နိမ့်ကျနေမှုအား ပြန်လည်ပြင်ဆင်နေသည့် တံတားတိုင်ဘိုးပိုင်တူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်စံချိန် စံ ညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ဖြုတ်သိမ်းထားရန်တို့ကို မှာကြားခဲ့သည်။ ထို့ပြင် ဒု-ဝန်ကြီးသည် တောင်တွင်းကြီးဘူတာ၊ ဆတ်သွားဘူတာတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game Plan” အစီအစဉ် ဧပြီ ၂၅ ရက်တွင် စတင်မည်​​မြန်မာ့လက်ရွေးစင်နည်းပြများနှင့် ကစားသမားကိုယ်တိုင်ပါဝင်သင်ကြားပေးမည့် “AYA Game Plan” TikTok အစီအစဉ်ကို လာမည့် ဧပြီလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အတွေ့ အကြုံများကို AYA Bank TikTok Page မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘောလုံးပညာရပ်များသာမက လူငယ်များ သိထားသင့်သည့် အခြေခံငွေကြေးစီမံခန့်ခွဲမှု (Finan cial Literacy)ဗဟုသုတများကိုပါ "Foo tball Tricks and Financial Tips" အပိုင်းများအဖြစ်ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။ ​ဘောလုံးကစားသမားများနှင့် နည်းပြများက စိတ်ဓါတ်၊ စည်းကမ်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071