Tuesday, February 3, 2026

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်သည်ဟု ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက ပြောသည်။ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့်...

ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...
HomeNewsEntertainment Newsရိုးရာရက်ကန်း လက်မှုပညာများ ဖွံ့...

ရိုးရာရက်ကန်း လက်မှုပညာများ ဖွံ့ ဖြိုးတိုးတက်ပြီး ဆန်းသစ်တီထွင်မှု ရှိလာစေရန် လက်ခတ်သံစီမံကိန်းဖြင့် သုံးနှစ်ဆောင်ရွက်မည်

မြန်မာ့ယဉ်ကျေးမှု အမွေဖြစ်တဲ့ ရိုးရာရက်ကန်း လက်မှုပညာများ ဖွံ့ ဖြိုးတိုးတက်ပြီး ဆန်းသစ်တီထွင်မှု ရှိလာစေရန်အတွက် ဗြိတိသျှကောင်စီ နှင့် ဆွစ်ဇာလန်သံရုံးမှ Swiss Agency for Development and Cooperation တို့ ပူးပေါင်းဆောင် ရွက်သည့် လက်ခတ်သံရိုးရာရက်ကန်း ထည်ပြပွဲနှင့် ဆွေးနွေးပွဲကို မန္တလေး မြို့၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတွင်  ဖေဖော်ဝါရီလ ၂၄ ရက်မှ  ၂၈ ရက်အထိ  ကျင်းပခဲ့သည်

“ဒေသအတွင်း လူမှုရေးနှင့် စီး ပွားရေး အခြေအနေများ တိုးတက် လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှု လက်မှုပညာများကို ပြန်လည်ဆန်း သစ်တီထွင်ပြီး ရိုးရာကိုအခြေခံတဲ့ ခေတ်မီရက်ကန်းထည်များ ထုတ်လုပ် နိုင်ရန်အတွက် အမျိုးသမီးရက်ကန်း ပညာရှင်များနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများမှသင်ကြားရေး ဝန်ထမ်းများကို ဒီဇိုင်းပညာရပ်၊ လူမှု စီးပွားနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ နည်းပညာများပံ့ပိုးပြီး စွမ်းရည်မြှင့်တင် ပေးနိုင်စေဖို့ လက်ခတ်သံစီမံကိန်းနဲ့ သုံးနှစ်ဆောင်ရွက်သွားပါမယ်။ စီမံ ကိန်းမှာ မြန်မာ့ရက်ကန်း အတတ် ပညာကို ကမ္ဘာသိအောင် ရိုးရာရက် ကန်းထည်ပြပွဲများ ကျင်းပပေးသလို ရက်ကန်းထည်နဲ့ပတ်သက်ပြီး ပညာရှင် များအချင်းချင်းချိတ်ဆက်ဆောင် ရွက်နိုင်အောင်ဆွေးနွေးပွဲများလည်း ထည့်သွင်းကျင်းပပါတယ်။ အသက်မွေး သင်တန်းကျောင်းများမှာ သင်ရိုးညွှန်း တမ်းများကို လေ့လာဆန်းစစ်ခြင်းနဲ့အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက် ပြီး ဆရာ၊ ဆရာမတွေရဲ့အရည်အချင်း တွေမြှင့်တင်ပေးမယ်အစီအစဉ်တွေ၊ ရက်ကန်းပညာရပ်နဲ့ပတ်သက်တဲ့ အချက် အလက်ဆိုင်ရာတွေကို အလွယ်တကူ ရရှိနိုင်ဖို့အစီအစဉ်တွေ ပါဝင်ပါ တယ်”ဟု ဗြိတိသျှကောင်စီမြန်မာမှ စီမံကိန်းမန်နေဂျာ ဒေါ်နေခြည်သွင် က ပြောသည်။ လက်ခတ်သံ ရိုးရာရက်ကန်း ထည်ပြပွဲနှင့် ဆွေးနွေးပွဲတွင်  လုပ် ငန်းရှင် ၁၁ ဦး၏ ရက်ကန်းထည် များ ပြသခဲ့ပြီး   ရက်ကန်းပညာရှင်များ၊ သုတေသနပညာရှင်များ၊ ဒီဇိုင်း ပညာရှင်များက မြန်မာ့ရိုးရာရက် ကန်းပညာအကြောင်းကို ဆွေးနွေးခဲ့ ကြကြောင်းသိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071