Friday, September 18, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' News'နှစ်'တေးစီးရီးကို MTV ရိုက်ကူးပြီး...

‘နှစ်’တေးစီးရီးကို MTV ရိုက်ကူးပြီး Online မှာ တင်ပေးသွားမယ့် အဆိုတော်အောင်ထက်

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အခိုင် အမာရရှိလာတဲ့ အဆိုတော်အောင်ထက်တော့ မကြာသေးခင်ကပဲ ”နှစ်” လို့ အမည်ပေးထားတဲ့ သူရဲ့တစ်ကိုယ်တော် Audio CD လည်း ထွက်ရှိခဲ့ပြီဖြစ်ပါ တယ်။ ချစ်သူများနေ့က ထွက်ရှိခဲ့တဲ့ ”သူပဲပိုင်တဲ့ ၂၄ နာရီ ” တေးစီးရီးမှာ တေးရေးဆရာမင်းချစ်သူ ရေးပေးတဲ့ သီချင်းတစ်ပုဒ် ပါဝင်သီဆိုထားကြောင်းလည်း သိရပါတယ်။ ”သူပဲပိုင်တဲ့၂၄ နာရီ” တေးစီးရီးကတော့ အဆိုတော်ဖြိုးပြည့်စုံ စီစဉ်တာဖြစ်ပြီး သီချင်းများအားလုံးကို တေးရေးဆရာမင်းချစ်သူ ကရေးစပ်ထားကြောင်းလည်း သိရပါတယ်။ နောက်ထပ်လည်း အဆိုတော်ဖြိုးပြည့်စုံနဲ့ လက်တွဲလုပ်သွားဖို့ရှိပြီး သူရဲ့ ”နှစ်” တေးစီးရီးကိုလည်း MTV ရိုက်ကူးဖို့လုပ်နေကြောင်း ခုလိုပြောပြခဲ့ပါတယ်။

”ပြီးတော့ ချစ်သူများနေ့က ထွက်ရှိထားတဲ့ သူပဲပိုင်တဲ့ ၂၄ နာရီ တေးစီးရီးမှာ ပါဝင်ထားပါတယ်။ ဒီတေးစီးရီးကတော့ ဖြိုးပြည့်စုံစီစဉ်ပြီး သီချင်းတွေ အားလုံးကတော့ ဆရာ မင်းချစ်သူရေးပေးထားတာပါ။ နောက်ထပ်လည်း အတွဲခွေတွေရော လုပ်ဖို့ရှိပါတယ်။ ဖြိုးပြည့်စုံနဲ့လည်းအခွေလုပ်ဖို့ရှိပါသေးတယ်။ ပြီး တော့ ကျွန်တော်ရဲ့ နောက်ဆုံးထွက် ရှိထားတဲ့ ”နှစ်” တေးစီးရီးကို MTV ရိုက်ကူးဖို့ ကြိုးစားနေပါတယ်။ MTV ကတော့ တစ်ပုဒ်ချင်းပဲ အရင်ထွက်ဖြစ်ဖို့များတယ်ဆို တော့ ဘယ်တော့ ထွက်မယ်ဆိုတာတော့ မပြောတတ် သေးပါဘူး။ ဖြန့်တာတော့ အွန်လိုင်းကနေပဲ ဖြန့်ဖြစ်ဖို့ စီစဉ်နေပါတယ်။

အနုပညာလောကကို သီချင်းအဆို ပြိုင်ပွဲကနေ ရောက်ရှိ လာတဲ့ သူကတော့ ပြိုင်ဝင်ကာလကတည်းက ပရိသတ်တွေ တစ်ခဲနက် အားပေးမှုရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ပရိသတ်ချစ် တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ သူကိုယ်တိုင် အပြင်မှာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဖျော်ဖြေရတဲ့ သူရဲ့ခံစားမှုကို မေးမြန်းခဲ့ ရာ . . . ”အပြင်မှာ Show ပွဲတွေ သီဆိုတဲ့အခါကျရင် သီချင်း ချစ်သူ ပရိသတ်တွေ၊ ကျွန်တော့်ကိုချစ်ခင်အားပေးကြတဲ့ ပရိ သတ်တွေလာပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုမျိုးဆိုတော့ သူတို့ ကလည်း သီချင်းတွေလိုက်ဆိုကြတယ်။ အဲ့ဒီလိုသီချင်းတွေ လိုက်ဆိုကြတယ်၊ အားပေးကြတယ်ဆိုတော့ ကျွန်တော် ပိုပြီး တော့တောင် ပျော်ပါတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာ ကတော့ ပျော်စရာကောင်းပါ တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071