Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal News၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးတွင် အပြစ်မရှိကြောင်းလျှောက်လဲချက်ပေး

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးတွင် အပြစ်မရှိကြောင်းလျှောက်လဲချက်ပေး

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးတွင် အပြစ်မရှိကြောင်းလျှောက်လဲချက်ပေး

 

ပုဒ်မ ၅၀၅(ဂ)နဲ့ စွဲချက်တင်ခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးရဲ့ ရှေ့နေတွေဟာ ဒီကနေ့ ဖေဖော်ဝါရီ၂၂ရက်က အင်းစိန်ထောင်အတွင်းပြုလုပ်တဲ့ အထူးတရားရုံးတရားခွင်မှာ ဦးမြအေးမှာ အပြစ်မရှိတဲ့အကြောင်း လျှောက်လဲချက်ပေးခဲ့ကြတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေသိရပါတယ်။

ရှေ့နေတစ်ဦးက“ပြီးခဲ့တဲ့ ရုံးချိန်းမှာ ကိုမြအေးက သူ့မှာ အပြစ်မရှိတဲ့အကြောင်း ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့ ရုံးချိန်းမှာတော့ ကိုမြအေးရဲ့ ရှေ့နေတွေက ကိုမြအေးမှာ အပြစ်မရှိတဲ့အကြောင်းလျှောက်လဲချက်ထပ်ပေးပါတယ်”လို့ ပြောပါတယ်။

ရှေ့နေတွေက ဦးမြအေးမှာ အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးဖို့ တရားသူကြီးကို လျှောက်လဲခဲ့ကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၈ရက်နေ့မှာပဲ အင်းစိန်ထောင်အထူးတရားရုံးက ၅၀၅(ဂ)နဲ့ စွဲချက်တင် အမိန့်ချလိုက်တာပါ။

အပြီးသတ်အမိန့်ကို လာမယ့် မတ်လ(၈)ရက်နေ့မှာ ချမှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဦးမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂လကျော်အကြာမှာပဲ၂၀၁၄ ခုနှစ်တုန်းက ဦးမြအေး ပေးပို့ခဲ့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်ပြီး ဒီအီးမေးလ်ဟာ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ်ဆိုတဲ့ မှတ်ချက်နဲ့ ဒုရဲမှူးတစ်ဦးက တရားလိုလုပ်ကာ ပုဒ်မ၅၀၅(ဂ)နဲ့ အမှုဖွင့်ခဲ့တာပါ။

၁နှစ်ကျော်ကြာအောင်ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ဦးမြအေးဟာ လက်ရှိမှာ ခြေထောက်ရောင်နေတဲ့ ဝေဒနာကို ခံစားနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ ၁၀လပိုင်းလောက်ကတော့ ကျန်းမာရေးအခြေအနေကြောင့် ပြင်ပဆေးရုံတက်ကုသခဲ့ရတဲ့ အခြေအနေရှိခဲ့ပါတယ်။

ဦးမြအေးကို စွဲဆိုထားတဲ့အမှုဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (ဂ) ဖြစ်တယ်လို့ သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071