၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ GDP ကို ငွေကျပ်(၁၉၅,၀၃၂)ဘီလီယံရရှိရန်မျှော်မှန်းထားသည်ဟု ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၆ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ကျပ်(၁၉၅,၀၃၂)ဘီလီယံရရှိဖို့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်းကို (၃ ဒသမ ၄)ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ GDP တိုးတက်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အခြားစက်မှုကုန်ထုတ်လုပ် မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးတက်လာမည်ဖြစ်ကာ အဓိကအနေဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန်လိုအပ်၍ နိုင်ငံ့စီးပွားတိုးတက်ရန် ပြည်ထောင်စုအ ဆင့်၊ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလေး ထားဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် လျာထားခွင့်ပြုငွေများအား လာမည့်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စနစ်တကျဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
