Thursday, July 23, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု...

ရန်ကုန်၊ ဇူလိုင် ၂၃ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games...

ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အ မှိုက်သရိုက်များကိုရှင်းလင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ် ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊...

ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့်...

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ...

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ...

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊...
HomeNewsLocal News၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၂

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမသုံးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန် မက်ထရစ်တန် ၂,၁၀၀ ဒသမ ၇၇၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁ သန်း ရရှိခဲ့သည်။

ထို့အပြင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှလည်း မက်ထရစ်တန် ၅၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၁၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပုစွန်တင်ပို့မှုစုစုပေါင်းမှာ မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန်ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပုစွန်၊ ငါးနှင့် အခြားရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တင်ပို့လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု (B) ၌ ကျရောက်

ရန်ကုန်၊ ဇူလိုင် ၂၃ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ Hilton Nagoya Hotel ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအင်အားကြီးအသင်းများ ပါဝင်သည့် Group (B) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။မြန်မာအသင်း ပါဝင်သည့် အုပ်စု (B) တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့အပြင်...

ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အ မှိုက်သရိုက်များကိုရှင်းလင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ် ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များစုပေါင်း၍ ယနေ့ ဇူလိုင် ၂၃ ရက်တွင်လည်း ဒုတိယနေ့အဖြစ် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက် ကြိုးတံတားထိပ်၌ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။  ထို့အတူ ဇူလိုင် ၂၂ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များပါဝင်ဆသာ ပူးပေါင်းအဖွဲ့ဝင်များသည် ငှက်ပျောတောရပ်ကွက်ရှ် ဥရုရတနာလမ်းတွင် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသည့် ရပ်ကွက်များတွင်လည်း ရေပြန်လည်ကျဆင်းသွားချိန်၌တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊...

ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုစရိတ်၊ ရောဂါကျရောက်မှု၊ သယ်ယူစရိတ်စသည်အချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ချက် များအရ သိရသည်။ စိစစ်တွေ့ရှိရသည့် ဈေးနှုန်းဖြစ်ပေါ်မှု ကွင်းဆက် လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိလာသည့် ကြက်ဥများကို ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အဓိက ထုတ်လုပ်ပေးလျက်ရှိသည်။ မွေးမြူရေးခြံများမှ ထုတ်လုပ်မှုစရိတ်မှာ ကြက်ဥတစ်လုံးလျှင် ကျပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071