Monday, August 17, 2026

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့...
HomeMovies၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

​ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက် ပိုပြီး ထိတ်လန့်မသွားစေဘဲ ငလျင်အကြောင်း ပိုမိုနားလည်လာစေဖို့၊ သတိထားမိလာစေဖို့နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ကြဖို့အတွက် ဖြစ်ပါတယ်။

​အပြင်းထန်ဆုံး ငလျင်ကတော့ ဒေသစံတော်ချိန် ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဖြစ်ပြီး၊ နောက်ဆုံးလှုပ်ခတ်ခဲ့တာကတော့ ဩဂုတ်လ ၁၅ ရက်နေ့ မနက် ၄:၅၈ နာရီမှာ အင်ဒိုနီးရှားနိုင်ငံ ဖလိုရက်စ် (Flores) ကျွန်းအနီးမှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။

​အင်ဒိုနီးရှား မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီ (BMKG) က ဖလိုရက်စ်ငလျင်ကို ပြင်းအား ၇.၇ နဲ့ အနက် ၁၅ ကီလိုမီတာမှာ လှုပ်ခဲ့တာလို့ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း ပြင်းအား ၇.၇ လို့ပဲ သတင်းထုတ်ပြန်ပေမဲ့ ငလျင်အနက်ကိုတော့ ၁၀ ကီလိုမီတာမှာ လှုပ်တာလို့ ဖော်ပြခဲ့ပါတယ်။

​၂၀၂၆ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ အထက် ငလျင်တွေ

​ဩဂုတ်လ ၁၅ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ ပြင်းအား ၇.၀ နဲ့ အထက် ငလျင် ၁၁ ကြိမ်ကတော့ –
​ဖေဖော်ဝါရီ ၂၂ – မလေးရှား (ပြင်းအား ၇.၁)
​မတ်လ ၂၄ – တွန်ဂါ (ပြင်းအား ၇.၅)
​မတ်လ ၃၀ – ဗာနူအာတူ (ပြင်းအား ၇.၃)
​ဧပြီလ ၂ – အင်ဒိုနီးရှား (ပြင်းအား ၇.၄)
​ဧပြီလ ၂၀ – ဂျပန် (ပြင်းအား ၇.၄)
​ဇွန်လ ၈ – ဖိလစ်ပိုင် (ပြင်းအား ၇.၈)
​ဇွန်လ ၂၄ – ဗင်နီဇွဲလား (ပြင်းအား ၇.၂)
​ဇွန်လ ၂၄ – ဗင်နီဇွဲလား (ပြင်းအား ၇.၅)
​ဇူလိုင်လ ၁၇ – မက္ကဆီကို (ပြင်းအား ၇.၃)
​ဩဂုတ်လ ၁၀ – ကိုလံဘီယာ (ပြင်းအား ၇.၄)
​ဩဂုတ်လ ၁၅ – အင်ဒိုနီးရှား (ပြင်းအား ၇.၇)

​ဒီအချက်အလက်တွေအရ ငလျင်ကြီးတွေဟာ ကမ္ဘာ့နေရာတစ်ခုတည်းမှာပဲ ကန့်သတ်လှုပ်ခတ်တာ မဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ပြတ်ရွေ့ကျောက်ချပ်ကြီးတွေရဲ့ နယ်နိမိတ်တွေဖြစ်တဲ့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ စုပြုံလှုပ်ခတ်နေတာပါ။

​ဒီလိုနေရာတွေမှာ ပြတ်ရွေ့ကျောက်ချပ်ကြီးတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိတာ၊ တစ်ခုအောက်တစ်ခု တိုးဝင်တာ၊ ခွဲထွက်တာ ဒါမှမဟုတ် ဘေးချင်းပွတ်ဆွဲ သွားတာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလို အပြတ်ကြောင်းတွေမှာ စွမ်းအင်တွေ စုစည်းလာပြီး ပြန်လည်ထွက်ရှိလာတာကြောင့် ကျောက်ချပ်တွေရဲ့ ဗဟိုအတွင်းပိုင်းတွေထက်စာရင် ဒီနယ်နိမိတ်ဒေသတွေမှာ ငလျင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲတာတွေ ပိုပြီး ဖြစ်ပွားရတာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071