Monday, August 3, 2026

လေးမျက်နှာရေဘေးကူညီကယ်ဆယ်ရေးလာရောက်သူများကို စက်သုံးဆီများအခမဲ့ပေးဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။ လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ...

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌...

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...
HomeInternational၂၀၂၅ ခုနှစ်တွင်သစ်ပင်၂ သန်း...

၂၀၂၅ ခုနှစ်တွင်သစ်ပင်၂ သန်း စိုက်ပျိုးရန် မော်လဒိုက် ရည်မှန်း

ကိုလံဘို၊ ဖေဖော်ဝါရီ ၁၆

မော်လ်ဒိုက်အစိုးရသည် သစ်ပင်ပေါင်း ၅ သန်းစိုက်ပျိုးရေးအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၅ ခုနှစ်မကုန်မီ သစ်ပင် ၂ သန်းစိုက်ပျိုးရန် ရည်မှန်းထားကြောင်း အစိုးရ မီဒီယာ PSM News သတင်းဌာန က ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး သိုရစ် အီဗရာဟင် ကို ကိုးကားလျှက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ စိုက်ခင်းပျိုး ထောင်ရေးအစီအစဉ်ကို နိုင်ငံတော်သမ္မတ မိုဟာမက် မိုအစ်ဇူး ကဖွင့်လှစ်ပေးခဲ့သည်။ ၎င်း အစီအစဉ်သည် ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲမှုကို မြှင့်တင်ရန်နှင့် မျိုးသုဉ်း ပျောကိကွယ်လုနီးပါး ဖြစ်နေသော မူလ မျိုးစိတ်များကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဤအစီအစဉ်သည် သီးပင်စားပင်များ၊ အရိပ်ရအပင်များ၊ ပန်းပင်များနှင့် ရိုးရာ ဒိုင်ဗီဟိုင် ဆေးပညာတွင် အသုံးပြုသည့် သစ်ပင်များအပါအဝင် မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် သစ်ပင်မျိုးများကို အဓိက စိုက်ပျိုးသွားမည်ဖြစ်သည်။

အစီအစဉ်၏ ၅ နှစ်တာကာလအတွင်း အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အပင်မျိုးကွဲ စုစုပေါင်း ၉၀ ကို စိုက်ပျိုးရန် ရည်မှန်းထားပြီး နိုင်ငံ၏ ဂေဟစနစ်နှင့် စားနပ်ရိက္ခာ ဖူလုံရေးကို သိသိသာသာ အထောက်အကူ ပြုနိုင်ရန်ရည်ရွယ်သည်ဟု ဆိုသည်။

ဤအစီအစဉ်ကို ရေရှည်တည်တံ့စေရန်အလို့ငှာ ဝန်ကြီးက သစ်ပင် ၅ သန်း စိုက်ပျိုးခြင်းအစီအစဉ်အတွက် အထူးမိုဘိုင်းအက်ပလီကေးရှင်းကို ဒီဇိုင်းထုတ် ရေးဆွဲမည့် စီမံကိန်းများကို ထုတ်ဖေါ်ပြောကြားခဲ့သည်။ လူများအား သစ်ပင်တစ်ပင်ကို မည်သည့်နေရာတွင်၊ မည်သူက စိုက်ပျိုးထားသည်ကို သိရှိနိုင်စေရန် အဆိုပါ အက်ပလီကေးရှင်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာရေဘေးကူညီကယ်ဆယ်ရေးလာရောက်သူများကို စက်သုံးဆီများအခမဲ့ပေးဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။ လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အ တွက် စက်သုံးဆီများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အနီးကပ်ကွပ်ကဲ၍ စက်သုံးဆီများအား အခမဲ့လှူဒါန်းလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းလျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဓာတ်ဆီ (၁၅၈)ဂါလံ၊ ဒီဇယ်(၅၃)ဂါလံကို အခမဲ့ပေးဝေခဲ့ကာဆက်လက်ပေးဝေလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ ကမ်းရင်းတာ(တာဟောင်း)အား ရေ တိုက်စားပြိုကျမှုမှကာကွယ်နိုင်ရန် တာခြေထောက်ခြင်းအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်း၊ ကမ်းရင်းတာ (တာဟောင်း) (၁၂၀)ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်း‌များ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန် Geo Bag များ၊...

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။ ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071