Friday, June 26, 2026

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့်...

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင်...

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန်...

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...
HomeNewsLocal News၂၀၂၄ ခုနှစ်၊ ဧပြီ...

၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တရားမဝင်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချမှု(၅၅၃)ကြိမ်ဖမ်းဆီးနိုင်ခဲ့   စက်သုံးဆီရောင်းဝယ်မှုအား ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်များရယူဆောင်ရွက်ရန် အသိပေးတိုက်တွန်း

စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် တရားမဝင်စက်သုံးဆီလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ တိုင်းနှင့်ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ သယ်ယူဖြန့် ဖြူးရောင်းချမှု(၅၅၃)ကြိမ်မှ ငွေကျပ်(၁၈,၉၂၂)သန်းကျော်တန်ဖိုးရှိ စက်သုံးဆီတန်ချိန်(၃,၀၃၇)တန်ခန့်ကို သိမ်းဆည်းရမိခဲ့သဖြင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့သည်။

စက်သုံးဆီများအား တရားမဝင်သယ်ယူသိုလှောင်ဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းများသည် သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရသည့် လုပ်ငန်းများမဟုတ်သ ဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်ပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်နိုင်ကာ နိုင်ငံတော်နှင့် အများပြည်သူပိုင်ပစ္စည်းများဆုံးရှုံးနိုင်ခြင်း၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် ဘဏ္ဍာငွေများဆုံးရှုံးနစ်နာနိုင်ခြင်း၊ အများပြည်သူအနေဖြင့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီသည့် စက်သုံးဆီများ မသုံးစွဲနိုင်ခြင်း၊ ဥပဒေနှင့်လည်း ညီ ညွတ်ခြင်းမရှိ၍ လုပ်ကိုင်လိုပါက ဥပဒေနှင့်အညီ သက် ဆိုင်ရာလုပ်ငန်းလိုင်စင်များရယူဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းနှိုးဆော်ခဲ့သည်။    

တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းများလုပ်ကိုင်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခြင်းမရှိပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ (က)အရ သတိပေးခြင်း၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ထားသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ဂ)အရ လိုင်စင်ကို ကာလအကန့် အသတ်ဖြင့်ရပ်ဆိုင်းခြင်း၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ဃ)အရ လိုင်စင်ကိုအမြဲတမ်းရုပ်သိမ်းခြင်း(သို့)ပယ်ဖျက်ခြင်းများပြုလုပ်မည်ဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့် လျော့နည်းပပျောက်စေရေးကို ဥပဒေနှင့်အညီ ထိန်းကြောင်းဆောင်ရွက်လျက်ရှိကာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆေးကြပ် မတ်ခြင်းနှင့် တရားမဝင်စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် အသိပညာပေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမှာကြား

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက နိုင်ငံတစ်ခု၏ စီးပွားရေးမောင်းနှင်အား အားကောင်းမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးစွာဖြင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းများကို တန်ဖိုးမြှင့် (Value-added) ထုတ်ကုန်များအဖြစ်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင် ပူးပေါင်းဆောင် ရွက်မှုများကိုပိုမိုတိုးမြှင့်ခိုင်မာစေရေးကိုဆွေးနွေး

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန် ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ဘင်းမ်စတက်မူဘောင်အောက်တွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ဒေ သတွင်း မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများအား ကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောမှုတို့ဖော်ဆောင်ရန်ရည်ရွယ်သည့် ဘုံရည်မှန်းချက်များအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်၊ 

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071