ပေကျင်း၊ ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုကြေငြာခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ ကလုပ်ကိုင် ဆောင်ရွက်နေသည့် မြေအောက်ငွေကြေး လမ်းကြောင်းများစွာကို ဖြိုခွင်းခဲ့ပြီး ရဲတပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ငန်းများကို အလုံးအရင်း ဖြင့် ဖြိုခွင်းနှိမ်နင်းမှုတွင် ပိုမို လုပ်ဆောင်လာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ငံရပ်ခြားမြို့ကြီးအချို့တွင် တရုတ်ခရီးသွားများကို လောင်းကစားလုပ်ရန် ဆွဲဆောင်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် သက်ဆိုင်ရာတရုတ်အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော် လောင်းကစားအန္တရာယ်များကို ပစ်မှတ်ထားသော ခရီးသွားနေရာများကို အမည်ပျက်စာရင်းသွင်းကာ အဖွဲ့လိုက် ခရီးသွားခြင်းများကို ရပ်ဆိုင်းခြင်းကဲ့သို့သော ကန့်သတ်ချက်များ ကို ချမှတ်ခဲ့သည်။
ထိုသို့အမည်ပျက်စာရင်းသွင်းထားသည့် ပထမအသုတ်နေရာများကို ပစ်မှတ်ထား ကန့်သတ် သည့် ဆောင်ရွက်ချက်များကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
Ref: ရှင်းဟွာ
