၂၀၂၄ ခုနှစ် ဥပဒေများစာအုပ်သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြဌာန်းခဲ့သော ဥပဒေများကို စုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် ဥပဒေပေါင်း (၇၀)ပါဝင်ကြောင်း သိရသည်။
အဆိုပါ စာအုပ်ကို ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ(၃၅)အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲများပြုစုခြင်းနှင့် ထုတ်ဝေခြင်းတို့ကို သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ပြီး ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
နှစ်အလိုက် ပြဌာန်းခဲ့သော ဥပဒေများကို စုစည်း၍ ဥပဒေစာအုပ်များ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေညာချက်များကို စုစည်းပြီး ထုတ်ဝေနေပြီး ၂၀၂၄ ခုနှစ် ဥပဒေများစာအုပ်အပြင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊အမိန့်နှင့်ကြေညာချက်များ စာအုပ်ကို ထုတ်ဝေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစာအုပ်များကို ဥပဒေရေးရာဝန်ကြီးဌာနနှင့် စာအုပ်အရောင်းဆိုင်များ၌ ဝယ်ယူနိုင်ကြောင်း တရားဝင်ရည်ညွှန်းကိုးကားနိုင်သည် စာအုပ်များဖြစ်ပြီး ဥပဒေပညာရှင်များရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူများအတွက် အသုံးဝင်မည့်စာအုပ်ဖြစ်ကြောင်း သိရသည်။
