Thursday, June 25, 2026

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌...

နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ ပျိုးပင် ၃,၀၀၀ စိုက်ပျိုး ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်...
HomeCelebrities' News၂၀၁၉ ခုနှစ် ရုပ်ရှင်အကယ်ဒမီ...

၂၀၁၉ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆန်ခါတင် စာရင်းတွင် ကျော်သူ၊ မင်းမော်ကွန်း၊ ဒေါင်း၊ ပိုင်ဖြိုးသု ၊ ဇာဏ်ခီ၊ ရဲတိုက်၊ ဒါရိုက်တာ ကိုပေါက်တို့ ပါဝင်သည့် ဇာတ်ကားများ ပါဝင်

၂၀၁၉ ခုနှအတွက် ရုပ်ရှင်အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၉) ကားကို အကယ်ဒမီရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ စာရင်းထဲတွင် ပုဒ်မ ၅၀၅ ဖြင့် တိမ်းရှောင်နေရသည့် သရုပ်ဆောင်များ ၊ ဒါရိုက်တာများနှင့် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင်များ ၊ ဒါရိုက်တာများ၏ ဖန်းတီးမှု ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့၏ ထုတ်ဖော်ပြောကြားလာသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၉၇) ကားအနက်မှ ပထမအကြိမ် အကဲဖြတ် ကြည့်ရှုပြီး ဆန်ကာတင် (၂၉) ကားကို စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်ကာတင် (၂၉) ကားတွင် အကယ်ဒမီ ကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန် ရင်မှာနဂါး” ၊ ” ၁၀၁၄” ၊ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားသည့် ” နိုင်ငံကြီးသား” ၊ ” ထာဝရထက် နှစ်ဆ” ၊ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် “၁၀၁၄”၊ ” လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ” ရိုးမပေါ် ကျတဲ့မျက်ရည်” ၊ သရုပ်ဆောင် ဇာဏ်ခီ ပါဝင် သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” ၊ သရုပ်ဆောင်ဖွေးဖွေး ပါဝင် သရုပ်ဆောင်ထားသည့် ” သူစိမ်းအိမ်” ၊ ” လှပ်၍ – လွင့်သော” ၊ ” ပပဝတီ စီရင်ခန်း” ၊ ” ကြာတော့သည်လည်း မောင့်စကား” ၊ သရုပ်ဆောင် ပိုင်ဖြိုးသု ပါဝင်သရုပ် ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” စသည့် ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက် ပါဝင်သရုပ်ဆောင်ထားသည့် “ဒဏ္ဍာရီမိုး” ဇာတ်ကားသည်လည်း အကယ်ဒမီ ဆန်ကာတင် ဇာတ်ကား (၂၉) ကားစာရင်းတွင် ပါဝင်ကြောင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ပြန်လည်ချီးမြှင့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ပေါ်ပြူလာနယူး(စ်) ၏ သီးသန့် မေးမြန်းခန်းတစ်ခုတွင် ၎င်းက ယခုလို ပြောကြားထားသည်။

” နိုင်ငံရေးက နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်။ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး ။ ကျွန်တော်တို့က အနုပညာသမား ၊ အနုပညာအလုပ်ပဲ လုပ်မယ်။ အကယ်ဒမီပေးပွဲဟာ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်လို့ လုပ်ဖြစ်တာပါ။ ရုပ်ရှင်လောကရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း ပျက်ပြီးပျောက်သွားတာမျိုး မဖြစ်အောင် ကျွန်တော်တို့မှာ တာ၀န်ရှိပါတယ်” ဒါရိုက်တာ ပန်းချီစိုးမိုး က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ပရိုဂျူဆာတဦးက”အနုပညာရှင်တွေအပြင်အတတ်ပညာရှင်တွေ လည်းမနစ်နာစေချင်လို့ အကယ်ဒမီစိစစ်ကြည့်ရှုဖို့သဘောတူခဲ့တာ”ဟုဆိုသည်။

လက်ရှိတွင် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့် ဆန်ကာတင်ဇာတ်ကား (၂၉) ကားကို ဒုတိယအကျော့အနေဖြင့် ကြည့်ရှု အကဲဖြတ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ) အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများအရ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး ခန့်အပ်ရေးကို ထိုင်းဝန်ကြီးချုပ် ပယ်ဖျက်

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်သည် ဇွန် ၂၅ ရက် နံနက်ပိုင်းက အစိုးရအိမ်တော်၌ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာမေးပွဲလိမ်လည်မှုအရှုပ်တော်ပုံကို ဆွေးနွေးခဲ့ပြီး စာမေးပွဲကျင်းပပုံ လုပ်ငန်းစဉ်မှာ ဥပဒေနှင့်မညီညွတ်သဖြင့် ထုတ်ပြန်ထားသည့် အောင်စာရင်းကို ပြန်လည်ရုပ်သိမ်းရမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး ခန့်အပ်ရန် စာမေးပွဲကျင်းပခဲ့သည်။ သို့သော် ဇွန်...

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့သည်။ သစ်တောနှင့် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက “နိုင်ငံတော် သာယာဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071