Friday, December 5, 2025

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...
HomeCelebrities' News၂ဝ၁၈ ခုနှစ်ထဲမှာ နှင်းဆီအငြိမ့်...

၂ဝ၁၈ ခုနှစ်ထဲမှာ နှင်းဆီအငြိမ့် ပွဲကြီး ကပြဖို့ ရည်ရွယ်ထားတယ် ကျော်ကျော်ဗို

တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် နှင်းဆီအဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကပြသွားဦးမယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ တော်ဝင်နှစ်သစ်နှင်းဆီလို့ အမည်ပေးထားပြီး နှင်းဆီ အဖွဲ့အနေနဲ့ရန်ကုန်မှာ ၂ နှစ်ကြာမှ ပြန်လည်ဖျော်ဖြေတာဖြစ်ပါတယ်။ တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် နှင်းဆီအဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကပြသွားဦးမယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ တော်ဝင်နှစ်သစ်နှင်းဆီလို့ အမည်ပေးထားပြီးနှင်းဆီ အဖွဲ့အနေနဲ့ရန်ကုန်မှာ ၂ နှစ်ကြာမှ ပြန်လည်ဖျော်ဖြေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီတစ်ခေါက်ကမှာက Public Show အကြီးကြီးတော့ မဟုတ်ပါဘူး။ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကမယ့် ပွဲအသေးပါ။  ရန်ကုန်မှာ အစ်ကိုတို့ နှင်းဆီအဖွဲ့အနေနဲ့ မကဖြစ်တာ ၂ နှစ်ဝန်းကျင်ရှိပါပြီ။ အားလုံးကလည်း ကိုယ့်ရက်နဲ့ကိုယ်အချိန်တွေက ပြည့်နေကြတော့ မကဖြစ်တာ နည်းနည်းကြာသွားတယ်။ အခုတော့ တော်ဝင် ဘက်ကလည်း အစ်ကိုတို့ကို ကမ်းလှမ်းထားတာလည်းကြာပြီဖြစ်တဲ့အတွက် လက်ခံပြီး ကပြကြမယ်။ ကပြရင်လည်း အသစ်ပုံစံလေးတွေ ထည့်သွင်းသွားမယ်။ ဒီပွဲလေးပြီးရင်လည်း နောက်နှစ်ထဲမှာနှင်းဆီအဖွဲ့က Public Show အကြီးတစ်ခု လုပ်ကြဖို့တော့ရည်ရွယ်ထားပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။

  ကျော်ကျော်ဗိုက လက်ရှိအချိန်မှာတော့ မနေ့ကဖြစ်သည်(၂) ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေပါတယ်။ ပါဝင်ရမယ့် ဗီလိန်ဇာတ်ရုပ်ကို သဘောကျတာကြောင့် တခြားဇာတ်ကား ရိုက်ကူးမှုတွေကိုဖျက်လိုက်တယ်လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။  “ဒီဇာတ်လမ်းလေးက အဓိက ကတော့ စုံထောက်ဇာတ်လမ်း ပုံစံလေးပါပဲ။ ကိုကြံ့က လူဆိုးဘက်က တရားဥပဒေရဲ့   ဆန့်ကျင်ဘက်က နေပေးတာပါ။ ‘မနေ့ကဖြစ်သည်’ ပထမအတွဲထက်တော့ တင်ပြပုံတွေက နည်းနည်းလေး ခေါင်းစားစေမယ့် ပုံစံလေးတွေရှိတယ်။ ဇာတ်လမ်းကို twist လေးတွေ လုပ်ထားတော့ ကြည့်ရှုသူတွေလည်း တစ်ပါတည်း လိုက်ပါ စီးမျောလို့ရတာပေါ့။ ကိုကြံ့တို့ ရိုက်နေရင်းနဲ့လည်း စိတ်ဝင်စားဖို့ တအားကောင်းပါတယ်။ ဒီဇာတ်လမ်းလေး လာကမ်းလှမ်းကတည်းကိုက ကိုကြံ့ ပါဝင်ရမယ့် ဇာတ်ရုပ်ကို  တအား သဘောကျတယ်။ ကာရိုက်တာကလည်း တဖြည်းဖြည်းချင်းမှ ပေါ်လာတဲ့ ပုံစံဆိုတော့ ဒီ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက်  ရုပ်ရှင်ကားကြီး နှစ်ကားကို ဖျက်လိုက်တယ်” လို့ ပြောပြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071