Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeMyanmar Theatrical Tradition၂ဝ၁၈ခုနှစ်ထဲမှာပြုလုပ်မယ့် စံပြသဘင်ရဲ့ ၅၄နှစ်ပြည့်...

၂ဝ၁၈ခုနှစ်ထဲမှာပြုလုပ်မယ့် စံပြသဘင်ရဲ့ ၅၄နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီးအကြောင်း ဦးမိုးဝင်းပြောပြ

၂ဝ၁၈ခုနှစ်ထဲမှာ စံပြသဘင်ရဲ့ နှစ်၅၄နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီး ကျင်းပပြုလုပ်သွားတော့မှာ ဖြစ် ပါတယ်။ ၂ဝ၁၈ခုနှစ်၊ ဇူလိုင်လ (သို့မဟုတ်)သြဂုတ် ထဲမှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ် သွားဖို့ ရည်ရွယ်ထားပြီး ပွဲကျင်းပမှုကို ၂ရက်တာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရင်းနဲ့ ကြိုးစားပြီး တင်ဆက်သွား မယ်လို့ ပြောလာတဲ့ဦးမိုးဝင်းက ……….

“၅၄ကိုလည်းကြိုက်ပါတယ်။ ကျွန်တော်တို့ နာမည်စဉ်းစားထားတာရှိပါတယ်။ စံပြ၅၄ပေါ့လေ။ ကျွန်တော်သွားချင်တာကတော့ စံပြကြီးကိုသွားချင် တာပါ။ စံပြသဘင်က ဖေဖေဦးစိန်မာဒင် လက်ထက် တုန်းက ဘယ်လိုလုပ်ခဲ့တယ်။ ကျွန်တော်မိုးဝင်း လက်ထက်မှာ ဘာတွေပြောင်းသွားလဲပေါ့။Black& White ခေတ်ကနေ ကာလာဘက်ကို ဘယ်လိုခေတ်ကြီး ပြောင်းသွားသလဲပေါ့။ ဒါတွေကိုလည်းပြချင်ပါတယ်။ ကျွန်တော်တို့ကတော့ စံပြသဘင်ဆိုတာကြီးကို ပြချင် ပါတယ်။ အဲဒီမှာ ဘာတွေ့လည်းဆိုတော့ ဖေဖေ ဦးစိန်မာဒင် ဘာတွေလုပ်ခဲ့လည်းဆိုတာ သိပ်ကိုအံ့အား သင့်စရာကောင်းတဲ့ အချက်တစ်ချက်ကို ကျွန်တော်တို့ ပြပါမယ်။ ပြီးရင်ကျွန်တော်မိုးဝင်း၊ မိုးမင်း ပြီးတော့မှ မျိုးဆက်သစ်အနေနဲ့ ဟန်ဇာ၊ တင်ဇာတို့ဆီကို ပြောင်း လဲ ဖြစ်တည်သွားတာကို တစ်ဆင့်ချင်းကို ပြသွားပါ မယ်” လို့ ပြောပြပါတယ်။

စံပြသဘင်ရဲ့ ၅၄နှစ်ပွဲကြီးမှာ တော့ စံပြမိသားစု အပြင် တစ်ခြားသဘင် ညီအကိုမောင်နှမတွေလည်း ပါဝင်ဖျော်ဖြေတင်ဆက်သွားကြမှာဖြစ်ပြီး သူတို့ အားလုံးအနေနဲ့ အခန်းကဏ္ဍအသီးသီးကနေ ပါဝင် သွားကြမှာပါလို့လည်း သိရပါတယ်။

“ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ကပြသွားမှာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော့်ဘဝရဲ့ အစိတ် အပိုင်းလေးကို တစ်ခုခုတော့ ပြမှဖြစ်မှာမို့လို့ပါ။ ဖေဖေ ဦးစိန်မာဒင်ရဲ့ ပရိသတ်တွေကတော့ အသက် တော် တော်ကြီးလောက်ပြီ။ ဖေဖေတောင် ဆုံးသွားတာ ၅နှစ် ရှိပြီဆိုတော့ ဖေဖေ့ပရိသတ်ဆိုရင် တော်တော်မရှိ သလောက်ကို  ဖြစ်သွားလောက်ပြီ။ ဖေဖေနဲ့ တွဲကတဲ့ ပုဂ္ဂိုလ်တွေကလည်း မရှိတော့တာများတယ်။ ကိုမိုးဒီ၊ ကိုဝင်းနိုင်တို့လောက်ပဲ ကျန်တော့တယ်”လို့ ဦးမိုးဝင်း က ပြောပြပါတယ်။

စံပြသဘင်ကိုချစ်ကြတဲ့ပရိသတ်တွေအတွက် ကြိုးစားသွားကြမှာဖြစ်ပြီး လူငယ်တွေကိုလည်း စိတ် ဝင်စားအောင် ကပြတင်ဆက် ရမှာဖြစ်တဲ့အတွက်လည်း တော်တော်တာဝန်ကြီးပြီး ဇာတ်သဘင် ရဲ့ဂုဏ်ကို လည်း မြှင့်တင်ရင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု သအုပ် များကို ပြသရင်း အကောင်းဆုံးဖြစ်အောင် တင်ဆက် ပါ့မယ်လို့ ဦးမိုးဝင်းက ပွဲနဲ့ပတ်သက်ပြီး ထပ် လောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071