Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeMusic၂ဝ၁၆ ခုနှစ် ရဲ့...

၂ဝ၁၆ ခုနှစ် ရဲ့ ဂီတရှုခင်းကို အပြင်မှ ပတ်ကြည့်ခြင်း

1၂ဝ၁၆ ခုနှစ်က အောင် မြင်စွာ ပြီးဆုံးခဲ့ ပါပြီ။ ဒီနှစ်တစ်ပတ် လည်အတွင်း မြန်မာ့ ဂီတလောကမှာ စီးရီး ခွေပေါင်း ၁ဝဝ ကျော် ထွက် ရှိခဲ့ပြီး နာမည်ကြီးများ၊ လူငယ် လူသစ် တန်းများ အရွယ်စုံရဲ့ အမျိုး အစားစုံ စီးရီးတွေ ပါဝင်ခဲ့ပါတယ်။ အောင်မြင် ထင်ရှားခဲ့တဲ့ စီးရီးတွေ ရှိခဲ့သလို မသိလိုက် မသိဘာသာနဲ့ မရောက်ခဲ့တဲ့ စီးရီးတွေလည်း ရှိခဲ့တယ်။ ဒီနှစ် အတွင်းမှာ နာမည် ကျော်တွေထဲက Rဇာနည် ၊ ဖြူဖြူ ကျော်သိန်း၊ ဝေလ၊ မာရဇ္ဇ၊ Idiots၊ Lဆိုင်းဇီ တို့အပြင် လူငယ်ရက်ပါ တွေဖြစ်တဲ့ G Fatt ၊ X Box ၊ Lil’Z၊  J Fire စသူတို့ရဲ့ တစ်ကိုယ်တော် စီးရီးတွေလည်း ထွက်ရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် အတွင်းမှာ မူပိုင်ခွင့် အသံတွေလည်း ပိုမိုကျယ်လောင်လာ တာကြောင့် ခိုးကူး အန္တရာယ်က အရင်ထက် ပိုမိုနည်းပါးလာခဲ့ပြီး ဂီတလောကမှာ ထွက်ရှိတဲ့ စီးရီး တွေရဲ့ ရောင်းအား အခြေအနေ လည်း ပြန် အကောင်း ဘက် ဦးတည် လာခဲ့ပါတယ်။ ဒါပေမဲ့ ခိုးကူးအခွေ အနေနဲ့ နည်းပါးလာပြီး နောက် တစ်နည်း အဖြစ် ပေါ်လာတာကတော့ Online Download Link တွေပဲ ဖြစ်ပါတယ်။ စီးရီးထွက်ပြီး နောက် တစ်ရက်မှာ အွန်လိုင်းက အခမဲ့ ဒေါင်းလော့ ရယူနိုင်တဲ့ အနေ အထား တစ်ရပ် လည်း ပေါ်လာတာ ကြောင့် ခိုးကူးခွေ ကာကွယ် တားဆီးရေးကို အွန်လိုင်း ပုံစံသစ် တစ်ခုအဖြစ် ဂီတသမားတို့ ဆက် လက်ဆောင်ရွက် ကြရပြန်ပါ တယ်။

၂ဝ၁၆ ခုနှစ် အတွင်း ပရိသတ် တွေအတွက် ဂီတ ပုံစံသစ်တွေနဲ့ လည်း ထိတွေ့ခဲ့ရပြီး ထင်သာမြင်သာ အရှိဆုံးက ပြည်တွင်းမှာ လာရောက် ပြုလုပ်ကြတဲ့ EDM Festival များပဲ ဖြစ်ပါတယ်။ Electro Dance Music ဂီတပုံစံများကို ၂ဝ၁၆  ခုနှစ် မတိုင်ခင် ယခင်ကာလ များကတည်း က ပြည်တွင်းမှာ ဖန်တီးပြုလုပ်ကြ သူများ (ဥပမာ- အားတီ၊  DJ Wine) ရှိကြပေမယ့်လည်း အခုနှစ်အတွင်း မှာမှ နိုင်ငံတကာက ကမ္ဘာကျော် ဒီဂျေများနဲ့အတူ Festival များ ပြုလုပ်လာတာကြောင့် ၂ဝ၁၆ ခုနှစ် EDM  လှိုင်းလုံး ရိုက်ခတ်မှုမှာ အတော် ကြီးမားခဲ့ပါတယ်။ ၂ဝ၁၆ နှစ်စမှ နှစ်ဆုံးအထိ ပြည်တွင်းမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ EDM Festival ပွဲပေါင်း ၉ ပွဲနီးပါး ရှိခဲ့ပြီး Goldenland Festival ၊ We Are Connect ၊ Invasiv ၊ 808 ၊ Rave In Colour စသဖြင့် ခေါင်းစဉ် များနဲ့ EDM ပွဲများစွာ ပြုလုပ်ခဲ့တာ ကလည်း ၂ဝ၁၆ ခုနှစ် ရဲ့ ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

“ဒါတွေက ရှင်းရှင်းပြောရရင် အခုမှ ဝုန်းဆိုပြီး ဖြစ်လာတဲ့ အရာတွေ မဟုတ်ပါဘူး။ ဒီလိုမျိုးဖြစ်လာဖို့ အတွက် ရှေ့မှာ အများကြီး လှမ်းခဲ့ရ တယ်။ EDM က ဒီမှာတင် မဟုတ်ဘူး။ ကမ္ဘာမှာလည်း ဒီလိုပဲ။ EDM ဆိုတာ အခုမှပေါ်လာတယ် ထင်ရပေမယ့် Club ဆိုတာ ကျွန်တော်တို့ ဆီမှာ ၉၃၊ ၉၄ ဝန်းကျင် လောက်ကတည်းက ဒီနိုင်ငံမှာ စ ခေတ်စားလာတာပေါ့။ အဲဒီတော့ သူလည်း လျှောက်လှမ်းခဲ့ ရတာ မနည်းပါဘူး။ အဲဒီတော့ သူဖြစ်သင့်တဲ့ အချိန်ရောက်လို့ ဖြစ်လာတယ်လို့ မြင်ပါတယ်” လို့ ၂ဝ၁၆ ခုနှစ်အတွင်း EDM ဂီတပွဲ များ ခေတ်စား လာခြင်း အပေါ် အဆိုတော် ရန်ရန်ချန်း က သုံးသပ် ပါတယ်။ ဒီနှစ် အတွင်း မှာပဲ မြန်မာ ပြည် နဲ့ နှစ်ပေါင်း ၂ဝ ကြာ ဝေးကွာ နေခဲ့တဲ့ တေးသံရှင် အေးချမ်းမေ ဟာလည်း မြန်မာပြည်ကို ပထမဆုံး အကြိမ် ပြန်လည်ရောက်ရှိ လာခဲ့ပြီး တစ်ကိုယ်တော် ဂီတပွဲ၊ စုံတွဲ ဂီတပွဲတွေ ပြုလုပ်ခဲ့ပါတယ်။  ဒီနှစ် အတွင်း ကတော့ ဂီတလောက အတွက် အခြေအနေ ကောင်းတဲ့ ကာလ လို့ပြောနိုင် ပြီး ပြည်တွင်းမှာ ဂီတဖျော်ဖြေပွဲ များစွာလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ နှစ် ဖြစ်ပါတယ်။ ဒီနှစ် အတွင်းမှာ အရင်လို အဆိုတော် များစွာ နဲ့ ပြုလုပ် တဲ့ ဂီတ ဖျော်ဖြေပွဲတွေ ထက် တစ် ကိုယ်တော် ဖျော်ဖြေပွဲများ၊ စုံတွဲ ဖျော်ဖြေပွဲများ ပိုမို များပြားလာတာ ကို လည်း တွေ့ ရပါတယ်။

“ဒီမှာတော့ လူအများ ကြီးနဲ့ အမြဲတမ်း လုပ်နေကြတဲ့ပုံစံ ကနေ တစ်ယောက်တည်း ဖျော်ဖြေ တဲ့ ပွဲပုံစံလေးတွေ ပြောင်းလာတယ်။ ပြီးတော့  Theme  ရှိတဲ့ပွဲလေး တွေဘက်ကို ပြန်လှည့် လာ တယ်။ ကျွန်တော့် အတွေး သေးသေးနဲ့ ပြောတာပါ။ ဒါက ပိုမှန် လာတယ် ထင် တယ်။ နိုင်ငံတကာမှာ လည်း စတိတ်ရှိုး တစ်ခု သွားကြည့်ရင် Gun & Roses ပွဲကို သွားကြည့် ရင်သူ့ပဲ ကြည့်ရ ပါတယ်။ တစ်ပွဲတည်း နဲ့ အဆိုတော် အများကြီး ကြည့်ဖို အခွင့်အရေး မရှိပါဘူး။  Bon Jovi ကြိုက်ရင်လည်း  Bon Jovi ပွဲပဲ သွားကြည့် ရပါတယ်။ အဲဒီလိုတော့ထင်ပါတယ်။ကျွန်တော် တို့ပွဲတွေ အောင်မြင်တယ် ဆိုတာ လည်း အဲဒီလွှို့နာန လေး တွေလည်းပါ သလို တစ်ဦးချင်းစီရဲ့ အမာခံ ပရိသတ်တွေရဲ့ အကြိုက် လည်း ဖြစ်ပါတယ်။ ဒီလို Theme ရှိတာ လေးတွေကို ပရိသတ်တွေက ပို သဘောကျ လာတယ်လို့ မြင်မိပါ တယ်” လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်ထွန်း (ခေါ်) ကိုအီကြာကွေး က ဂီတပွဲတွေ အပေါ် သုံးသပ်ပါ တယ်။ ဒီနှစ်အတွင်း မှာတော့ လူငယ် လူသစ်တွေထဲက စီးရီးသစ် တွေ ထွက်လာခဲ့ပေမယ့် ၂ဝ၁၆ ခုနှစ်ကို လွှမ်းမိုးခဲ့တဲ့ အဆိုတော်သစ် ရယ်လို့ တော့ ပေါ်မလာခဲ့တာ တွေ့ ရပါ တယ်။ ထူးခြား တာက Alter ၊ Slow Rock စတဲ့ဂီတ အမျိုးအစား တွေ သီဆို လေ့ရှိတဲ့ အ ဆိုတော် မနောရဲ့ မြန်မာသံစဉ် သီချင်း တွေ ကထိန် ရာသီမှာ လွင့်ပျံခဲ့တာပါ ပဲ။ ဂီတ လောကမှာ ဆယ်စုနှစ်တစ်ခု နီးပါး ကျင်လည် လာခဲ့တဲ့ မနောက အခု ၂ဝ၁၆ ခုနှစ်ကတော့ သူ့နှစ်လို့  ပြောနိုင်လောက်အောင် မနော သီချင်းတွေကို လူတိုင်း ရင်းနှီးခဲ့ပါ တယ်။ ဒါဟာ ဒီ ၂ဝ၁၆ ခုနှစ် ရဲ့ ဂီတလောက အတွင်းမှာ မှတ်မှတ် ထင်ထင် ဖြစ်ခဲ့တဲ့ အရာလည်း ဖြစ်ပါ တယ်။ မကြာခင်မှာလည်း ၂ဝ၁၇ ခုနှစ် နှစ်သစ်ကို ရောက်လာမှာ ဖြစ်ပြီး နှစ်သစ်မှာ ဖန်တီးမှု အသစ်တွေ၊ ပြောင်းလဲမှု အသစ်တွေနဲ့ မြန်မာ ဂီတသမားတို့ အား ကောင် မောင်း သန်ချီတက်ဖို့လည်း စိုင်းပြင်းနေ ကြပါပြီ။ ကျန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ကတော့ မြန်မာ့ဂီတလောက အတွင်း မှာ ရင်ခုန် စိတ်လှုပ်ရှား ဖွယ်ရာ အဖြစ် အပျက် များများ စားစား မရှိခဲ့ပေမယ့် ကိုယ်ပိုင် ဖန်တီးမှု အားကောင်းတဲ့ အနုပညာများ ဖန်တီးလာခြင်း၊ ဂီတ ပုံစံသစ်တွေကို တို့ထိလာ ခြင်း တို့နဲ့အတူ မြန်မာ့ ဂီတ ရေစီးကြောင်း ဟာ ဆက်လက် ရွေ့ လျားနေဆဲပဲ ဖြစ်ပါတယ်။

ရဲရဲ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071