Monday, June 29, 2026

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊...

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။ ကြွရောက်တော်မူလာကြသည့်...

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း”...

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ...

Perkasa Flight School တွင်...

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL)...

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား...

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။ မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ...
HomeNewsLocal News(၁) လအတွင်း PDF...

(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

ဇွန်လ (၆) ရက်မှ (၂၉) ရက်အတွင်း ဥပဒေဘောင်းအတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇူလိုင်လ (၁) ရက်တွင် နေပြည်တော်၌ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” (၆) လပိုင်း (၆) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား (၁၅၆) နဲ့ အမျိုးသမီး (၄၉) ဦး စုစုပေါင်း ၂၀၅ ဦး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရာတွင် ဧရာဝတီတိုင်း ဒေသကြီး (၁၁၉) ဦး၊ ရန်ကုန် တိုင်းအတွင်းမှ (၈) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၄၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၁၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ (၁၈) ဦး ၊ ကရင်၊ ရှမ်းနှင့် မွန်ပြည်တို့မှ (၁) ဦးစီ၊ ပဲခူးတိုင်းအတွင်း (၉) ဦး၊ ကယားပြည်နယ်မှ (၃)ဦး စသဖြင့် ရှိကြောင်း သိရသည်။

“လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန်လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် သက်ဆိုင်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ဇွန် ၆ ရက်မှ ၂၉ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦးနှင့်အမျိုးသမီး ၄၉ ဦး(စုစုပေါင်း ၂၀၅ ဦး)အား နစက ၏တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများပေးအပ်၍ မိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊ အနေကဇာတင်

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကိုနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကျင်းပမည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ စကားဝိုင်းတွင် ခရီးသွားကဏ္ဍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းသို့ ဆွေးနွေးခြင်းဖြင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်းစကားဝိုင်းများမှ ရရှိလာမည့်...

Perkasa Flight School တွင် Commercial Pilot License သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား (၅) ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL) သင်တန်း တက်ရောက်ရန် ဇွန် ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ ကျောင်းသား (၅) ဦးသည် Myanmar Airways International (MAI) နှင့် Perkasa Flight School တို့အကြား ဖေဖော်ဝါရီ ၂၄ ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071