Home News Local News လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊ အနေကဇာတင်

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊ အနေကဇာတင်

0
72

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကိုနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here