Wednesday, June 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်...

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...
HomeCelebrities' News၁၆ နှစ်တာ ကာလ...

၁၆ နှစ်တာ ကာလ အိမ်ထောင်ရေး အတွေ့အကြုံကိုပြောပြတဲ့ အကယ်ဒမီ ခိုင်သင်းကြည်

ဧပြီလ ၂၄ ရက်နေ့ကတော့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်တဲ့ နေ့လေး ပဲဖြစ်ပါတယ်။အဆိုပါနေ့လေးမှာတော့ လှိုင်သာယာမြို့နယ် မှာရှိတဲ့ အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတိုက်မှာရှိကြတဲ့ သံဃာ၊ သီလရှင်၊ ကျောင်းသူ ကျောင်း သား စုစုပေါင်း ၇ဝဝ ကျော်ကို ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ အလှူပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီးခိုင်သင်းကြည်က …

”ဒီနှစ်မင်္ဂလာနှစ်ပတ်လည်နေ့မှာ အစ်မတို့ လင်မယား နှစ်ယောက်တိုင်ပင်ထားတယ်၊ ကျောင်းတစ်ကျောင်းမှာ ဆွမ်း လည်းကပ်မယ်၊ အကျွေးအမွေးလည်း ကျွေးချင်တယ်၊ မြို့ထဲက ကျောင်းတွေမှာတော့ အမြဲတမ်းလုပ်ဖြစ်တယ်၊ ဒီဘက်ကျတော့ နည်းနည်းလေးဝေးတော့ မလုပ်ဖြစ်ခဲ့ဘူး၊ ဒီကျောင်းကို ဖေ့စ်ဘုတ်ခ်ကနေရှာလိုက်တာ၊ ဖေ့စ်ဘုတ်ခ်ထဲမှာတော့ လူဦး ရေ နှစ်ထောင်ကျော်ရှိ တယ်ဆိုတော့ အဲဒီလောက်ကျွေးရမယ် ထင်တာ၊ အခုကကျောင်းမဖွင့်သေးတော့ကျောင်းသားတွေ ရောက်မလာသေးဘူး။ လောလောဆယ် ဘုန်းကြီး၊ သီလရှင်၊ ကျောင်းသား စုစုပေါင်း၇ဝဝ လောက်ပဲရှိတယ်”လို့ ပြောပါ တယ်။

ဇာတ်ကားရိုက်ကူးမှုတွေအပြင် အလှူအတန်းပါ အမြဲ တမ်းဆိုသလိုလှူဒါန်းဖြစ်တဲ့ခိုင်သင်းကြည်ကတော့ ဒီနှစ်မင်္ဂလာ နှစ်ပတ်လည်နေ့မှာလှူဒါန်းခွင့်ရခဲ့တဲ့အတွက်လည်း ကြည် နူးမိကြောင်း ပြောပါတယ်။

”ဒီကျောင်းမှာက ရင်ခွင်ပိုက်ကလေးကနေ ဆယ်တန်းထိ ကလေး တွေ ရှိကြတယ်၊ မနှစ်ကလည်း ဆယ်တန်းစာမေးပွဲကို အကုန်လုံးနီးပါး အောင်ကြတယ်၊ လေးယောက်ပဲ ကျတယ်လို့ ပြောတယ်၊ မခိုင်ဇာတ်ကား ရိုက်ကူးတုန်းက အင်္ကျီလေး အထည် ၃ဝဝ လောက်လည်း လှူပေးခဲ့တယ်၊ မခိုင်လေးတို့က ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုခေါင်းစဉ်လေးတပ်ပြီးတော့ အလှူ လှူဖြစ်တယ်၊ မနှစ်ကဆို မခိုင်နယ်မှာ ဇာတ်ကားရိုက်ကူးရေးရှိ တယ်၊ သူလည်း အလုပ်မအားတာနဲ့ ဒီနှစ်ကျတော့ မခိုင်လည်း ရှိတယ်၊ ဒါတောင် သမီးလေးက ကျောင်းဖွင့်လို့ပါမလာဘူး”လို့ ပြောပါတယ်။

မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ် ပြည့်နေ့လေးမှာတော့ ခိုင်သင်းကြည်ကို ခင်ပွန်းဖြစ်သူကိုခန့်နိုင်က အမှတ်တရ အနေ နဲ့ သိန်းလေးရာ့ကိုးဆယ်တန် စိန်လက်စွပ်လက်ဆောင် ပေးခဲ့ပါ တယ်။ အိမ်ထောင်သက်ကြာလာပြီဖြစ်တဲ့အတွက် အတွေ့အကြုံ တွေလည်း အများကြီးရရှိခဲ့ပြီး အိမ်ထောင်သက် ရေရှည်တည်မြဲ ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတာကို တော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်က …

”ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်သက်တမ်းက ၁၆ နှစ်ဆိုတော့ အတွေ့အကြုံတော်တော်များများလည်း ရခဲ့တယ်။ အဓိက အိမ်ထောင်သက်တမ်း အတွေ့အကြုံအနေ နဲ့က မိသားစုရယ်လို့ ဖြစ်လာရင်ဘယ်လောက် အလုပ်များများ မိသားစုအတွက် အနည်းနဲ့အများတော့ အချိန်ပေးဖို့လိုအပ်တယ်၊ ဒါမှလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်မှာ၊ သူလည်း အလုပ်မအားဘူး၊ အစ်ကိုလည်း အလုပ်မအားဘူး၊ ဒါပေ မဲ့အလုပ်မအားတဲ့ကြားထဲကနေ အချိန်ပေးနိုင်အောင် ကြိုးစား ရတာပေါ့၊ နားလည်မှုလည်းအဓိကလိုအပ်တယ်၊ နောက်ပြီးကိုယ် ချင်းစာတရားလေးလည်းအဓိကလိုအပ်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ-မင်းမင်းထွန်း

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071