Thursday, August 6, 2026

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...
HomeInternational၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင်...

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ် ဘတ် ၃.၇၀ သို့ လျှော့ချရေး ကတိကဝတ်ပြုနိုင်ရေးအပါအဝင် ထိုင်းနိုင်ငံသားများ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားရေးကို ကူညီဆောင်ရွက်သွားရန် အာရုံစိုက်မှာဖြစ်ကြောင်း ဆိုခဲ့သည်။

Party forThailand ဟူသော ခေါင်းစည်းစားတမ်းအောက်တွင် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနေရာအတွက် ဝင်ရောက်အရွေးခံနေသည့် မစ္စ Salakjit Tiyapairat အတွက် ဒေသတွင်း မဲဆွယ်စည်းရုံးပွဲတစ်ခု၌ သက်ဆင်က မိန့်ခွန်းပြောကြားခဲ့ရာ၌ နိုင်ငံတော်၏ များပြားလှသော အစိုးရကြွေးမှီများကို ထည့်သွင်းပြောဆိုသွားခဲ့သည်။

မြင့်မားနေသော နိုင်ငံတော်ကြွေးမှီအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ၂ နှစ်တာအချိန်ကာလသတ်မှတ်ချက်ကို ပါတီက တောင်းဆိုခဲ့သည်။

မိန့်ခွန်းအတွင်း ထိုင်းနိုင်ငံရင်ဆိုင်နေရသည့် အရေးပါသောပြဿနာတစ်ခုအဖြစ် သူ၏ ရှုမြင်ချက်များနှင့်ပတ်သက်၍ သက်ဆင်က ပြောကြားခဲ့ရာတွင် အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် နိုင်ငံတစ်ဝန်းရှိ ကဏ္ဍအသီးသီး၌ ထိရောက်မှုမရှိသော လုပ်ဖော်ကိုင်ဖက်များအကြောင်းအလေးပေးပြောကြားခဲ့သည်။

ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်နှင့် အစိုးရ၏ ရည်မှန်းချက်များပြည့်မီရန်အတွက် လက်ရှိတွင် အစိုးရသည် အစိုးရဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သူက ပြောကြားခဲ့သည်။

လျှပ်စစ်မီတာခနှုန်းထားများနှင့်ပတ်သက်၍ သူသည် ကနဦးက တစ်ယူနစ် ၃ ဒဿမ ၅ ဘတ်သို့လျှော့ချရန် ရည်မှန်းထားသော်လည်း တစ်ယူနစ် ၃ ဒဿမ ၇ ဘတ်နှုန်းလျှော့ချသွားမည်ဟု အခိုင်အမာကတိပြုခဲ့သည်။ ထို့အပြင် တိရစ္ဆာန်အစားအစာ၊ ဓါတ်မြေသြဇာနှင့် ဆေးဖိုးဝါးခများကိုလည်း တစ်နှစ်အတွင်း လျှော့ချသွားရေး သူက ကတိပြုခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းသည် ၂၀၂၅ ခုနှစ်အတွက် အစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းသုံးရပ်အဖြစ် မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေး၊ အွန်လိုင်းအလိမ်အညာဂိုဏ်းများပပျောက်ရေးနှင့် ထိုင်းနိုင်ငံသားများ၏ လူနေမှုစရိတ်များ လျှော့ချရေးအတွက် လက်ဝါးကြီးအုပ်မှုများ ဖျက်သိမ်းရေးဟူ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

မဲဆွယ်ပွဲတက်ရောက်ခဲ့သောလူအုပ်က သူ ဝန်ကြီးချုပ်ရာထူးပြန်ယူရန် တောင်းဆိုခဲ့ချိန်တွင် သူ့အသက်အရွယ်အရဆိုကာ အဆိုပါအကြံပြုချက်ကို သက်ဆင်က ပယ်ချသွားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အခွင့်အလမ်းသစ်ပေါ်ပေါက်

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။ SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071