သရုပ်ဆောင် အိâန္ဒာကျော်ဇင်က Entertainment ကဏ္ဍတွင် ထူးချွန်ထက်မြက်သူ “Pride of Myanmar Award 2018” (ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွား)ဆုကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီဆုနဲ့ပတ်သက်လို့ အိâန္ဒာကျော်ဇင်က စင်ပေါ်မှာ ကျေးဇူးတင်စကားပြောကြားရာမှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးနိုင်သလောက် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
”အစ်မအနေနဲ့ရမယ်လို့လည်း မမျှော်မှန်းထားပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့စံနှုန်းတွေ သတ်မှတ်ချက်တွေလည်း အစ်မတို့က မသိဘူးဆို တော့လေ။ အခုလို ရ သွားတဲ့အတွက်တော့ အတိုင်းမသိ တအားဝမ်းသာပါတယ်။ အဓိကတော့ ပရိသတ်တွေကို ချစ်တဲ့အချစ်တွေကြောင့်လည်း ပါပါတယ်။ နယ်ပယ်အသီးသီးကနေပြီးတော့ ကြိုးစားနေတဲ့လူတွေကို ရွေးချယ်ပြီးတော့ အသိအမှတ်ပြုပြီးတော့ ရွေးချယ်ပေးတယ်ဆိုတော့ သူတို့ရဲ့ရည်ရွယ်လေးက အရမ်းကောင်းတယ်။ အဲဒီလိုမျိုးလုပ်ပေးတဲ့အတွက်လည်း တကယ် အောင်မြင်ချင်တဲ့သူတွေ ကြိုးစားချင်တဲ့သူတွေ အများကြီးဖြစ်ပေါ်လာမှာပါ”လို့ ဆုနဲ့ပတ် သက်လို့ အိâန္ဒာကျော်ဇင်က သူ့ရဲ့ပီတိစကားကို ပြောပြခဲ့ပါတယ်။
သဲစုလှိုင်၊ ဓာတ်ပုံ – မင်းမင်းထွန်း


