Wednesday, May 6, 2026

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...

၁၀ နှစ်ကျော်အတွင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း...

၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ်...
HomeEntertainmentမြန်မာနိုင်ငံ၏ ၇ ရုံမြောက်...

မြန်မာနိုင်ငံ၏ ၇ ရုံမြောက် PARADISO ရုပ်ရှင်ရုံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ ရုံမြောက်အဖြစ် ရွှေဘိုမြို့တွင် ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ၇ရုံမြောက် PARADISO ရုပ်ရှင်ရုံကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂ရုံမြောက် အဖြစ် ရွှေဘိုမြို့တွင် စက်တင်ဘာ လ ၁၂ရက် နံနက်ပိုင်းက ကျင်းပ ရာစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်နှင့် လူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်းတို့တက် ရောက်ကာရွှေဘိုဒေသခံရုပ်ရှင်ချစ် ပရိသတ်နှင့်အတူ စည်ကားသိုက် မြိုက်ခဲ့သည်။

“ဒီနေ့ ဒီအချိန်ကျွန်တော်တို့ ဒီထက်ပိုမိုတဲ့ ရုပ်ရှင်ရုံတွေကို ဆောက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ ပေမယ့် ၇ရုံမြောက်ကို ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ပါတယ်။ လာမယ့်ဧပြီ-မေလလောက်ဆိုရင် အနည်း ဆုံး ရုံ ၃ဝ လောက်တော့ ပြီးစီးမှာပါ။ ရုံ၁ဝဝစီမံကိန်းက ၂နှစ်ခွဲ၃နှစ်ကြာ ပါလိမ့်မယ်။ရွေးချယ်တည်ဆောက်ရတဲ့နေရာတွေဟာ ရုပ်ရှင်ကြည့် ပရိ သတ်နဲ့ထိတွေ့ရတဲ့နေရာတွေဟာလက်ရှိမှာ အောင်မြင်မှုအသီးသီးရှိနေ ပါ တယ်။ စစ်ကိုင်းတိုင်းဟာ ရုပ်ရှင်ကြည့် အား ကောင်းတဲ့ တိုင်းဖြစ်ပါ တယ်။ ရန်ကုန်၊ မန္တလေးမပါဘဲကြည့်မယ် ဆိုရင် မုံရွာရုပ်ရှင်ရုံရဲ့ ဝင်ငွေ အားက ကောင်းမွန်သလို လွန်ခဲ့တဲ့၁ဝရက် လောက်ကတည်းက ပြသ နေတဲ့ရွှေဘိုရုံဟာလည်း စီးပွားရေးအရလည်း အောင်မြင်တဲ့အနေ အ ထားရှိသလို ပရိသတ်ရဲ့ အားလည်းကောင်းတဲ့အနေအထားမှာရှိပါ တယ်” ဟုသရုပ်ဆောင် အကယ်ဒမီလွင်မိုးက ပြောကြားသည်။

ရွှေဘိုမြို့၊ ကုန်းဘောင်ရပ်၊ ရန်ကြီးအောင်လမ်း၊ အမှတ်၁ဝတွင် တည်ရှိသော PARADISO ရုပ်ရှင်ရုံကို ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် ရုပ်ရှင်သရုပ်ဆောင် ဦးဇာဂ နာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအခမ်းအနားကိုရုပ်ရှင်ရုံ အတွင်း ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သရုပ်ဆောင် အကယ် ဒမီ လွင်မိုးကရုံ၁ဝဝဆောက်လုပ်ရ ခြင်းကို ရှင်းလင်းပြောကြားကာ သရုပ်ဆောင်ဦးဇာဂနာက ရုပ်ရှင်ရုံ သမိုင်းရေစီး အကြောင်းပြောပြခဲ့သည်။ ရွှေဘို PARADISO ရုပ်ရှင် ရုံသည် ရုပ်ရှင်ကြည့် ပရိသတ် ၃၂ဝ ဦးဆန့်ပြီး နေ့စဉ်တနင်္လာမှ သော ကြာအထိ တစ်ရက်၎ပွဲနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ၅ပွဲ ပြသလျက် ရှိပြီး လက်မှတ်ဈေးနှုန်းများကို ကျပ်၁၂ဝဝမှကျပ်၆ဝဝဝ အထိ ၈ တန်းထားသတ်မှတ်ပြီး ပြသပေးနေ ပြီဖြစ်ကြောင်းသိရသည်။

လှိုင်ဝင်းကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071