Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsမြန်မာပေါကားထဲ မပါတဲ့ ဇာတ်ကားအကြောင်း...

မြန်မာပေါကားထဲ မပါတဲ့ ဇာတ်ကားအကြောင်း မင်းသွေး ပြောပြ

Min-Thawe

မင်းသွေးပါဝင်ထားတဲ့ ‘ကြောက်…ကြောက်…ကြောက်’ ရုပ်ရှင်ဇာတ်ကားကလည်း အခုရုံတင် ပြသလျက်ရှိပါတယ်။ အစ်ကိုဖြစ်သူ နေတိုး ကလည်း ပထမဆုံး DOP ( Director Of Photography) ပြုလုပ်ထားပြီး အစ်ကိုဖြစ်သူနဲ့အတူ အကြောက်လွန် တတ်တဲ့ သူ တစ်ယောက် အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားက မြန်မာပေါကားထဲ မပါဘူးလို့ဆိုတဲ့ မင်းသွေးက “ဒီဇာတ်ကား အတွက် ပထမဇာတ်လမ်း စလာပေးတုန်းက အဆင်မပြေဘူး။ ရသလည်း ဘာမှမပါ ဘူး။ ဒါကြောင့် အစ်ကိုနဲ့ ပြန်တိုင်ပင်တော့ အစ်ကို ကလည်း ဇာတ်လမ်းပြန် စဉ်းစားဦးမယ်လို့ ပြောတယ်။ တကယ်တမ်းဇာတ်လမ်းကို ပြန်စဉ်းစားတဲ့ အချိန်မှာ ဇာတ်ကားက တအား ကောင်းသွား တယ်။ အစ်ကိုနဲ့ ကျွန်တော် လည်း ဆုံပြီးရိုက်ကူးဖြစ်တဲ့ ဇာတ်ကား။ ကိုနေတိုး လည်း DOP လုပ်တဲ့ ဇာတ်ကား။ အမှတ် တရပါပဲ။ ဟာသအပြင် အခြားသောအခြေအနေ၊ ခံစားမှု ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားပါ။  Special Effect  တွေ လည်းကောင်းတယ်။ ပြောရရင် မြန်မာပေါကားထဲမပါတဲ့ဇာတ်ကားလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ ပြောပြပါ တယ်။

နောက်ထပ် မင်းသွေးပါ ဝင်ထားတဲ့ ” သတ်ကွင်း” ရုပ်ရှင် ဇာတ်ကားရဲ့ Official Trailer ကတော့ အွန်လိုင်းက တစ်ဆင့် ဖြန့် လိုက်ပြီဖြစ်ပါတယ်။ မင်းသွေး၊ စည်ဖြိုး၊ နေတိုးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကား ကြီးမှာတော့ အဓိက သရုပ်ဆောင် မင်းသမီး ပါဝင်ခြင်း မရှိဘဲ ရိုက်ကူးထား တယ်လို့သိရပါတယ်။ စက်တင်ဘာလလောက်မှာ ရုံတင်နိုင်အောင် စီစဉ် နေတဲ့ ‘သတ်ကွင်း’ ဇာတ်ကားကြီး ရဲ့ထူးခြားတဲ့ အနုပညာ ဖန်တီးပုံဖော်မှု တွေအကြောင်းကို “ကျွန်တော်တို့ ‘သက်ကွင်း’ Trailer ကို ၇ လပိုင်း၊ ၂၇ ရက်နေ့က တင်လိုက်တယ်။ ဒီဇာတ်ကားကြီးရဲ့ အသံပိုင်းရော၊ အရုပ်ကိုရော အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ဒီဇာတ်ကား မှာ ထူးခြားတဲ့ ဖန်တီးမှုတစ်ခုက ကာရိုက်တာတွေမှာ မင်းသမီးလုံးဝမပါဘူး။ ဧည့်သည်သရုပ်ဆောင် အနေနဲ့ ပဲပါတယ်။ အားပေး တဲ့ ပရိသတ်တွေလည်း Trailer ကြည့်ပြီး ရင်ခုန် နေမယ်လို့ ထင်ပါတယ်။ ကျွန်တော် က ပုံမှန်လာ ငှားလို့ ဇာတ်ကား တွေ ရိုက်ရင် အကောင်းဆုံး သရုပ်ဆောင်တယ်။ ကျန်တာ ကိုတော့ လိုအပ်တာလေးတွေရှိရင် အကြံပေး တာလောက်ပါဘဲ။ ဒီဇာတ်ကား မှာ တော့ ပရိုဂျူဆာ တစ်ပိုင်းပါပဲ။ Wall Sheet ၊ ကြော်ငြာ အကုန်လုံးပဲ ကျွန်တော် လုပ်နေတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်၊ နေရဲနဲ့ စည်ဖြိုးက ဘာမှ မသိဘူး။ ဒါကြောင့် ထွက်လာရင် ပရိသတ်တွေ အားပေးဖို့ မျှော်လင့်ပါတယ်” လို့ မင်းသွေးက ပြောပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071