Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeArticlesမြန်မာသံစဉ် သီချင်းများကြား လူငယ်တွေရဲ့...

မြန်မာသံစဉ် သီချင်းများကြား လူငယ်တွေရဲ့ ခံစားချက်များ

အခုတစ်ပတ်မှာတော့  ပေါ် ပြူလာစာဖတ်ပရိသတ်များအတွက်   မြန်မာသံစဉ်သီချင်းတွေနဲ့ ပတ်သက်ပြီး လူငယ်တွေနဲ့  လူလတ်ပိုင်းတွေရဲ့ အမြင်များကို   စုစည်းပြီး”မြန်မာသံစဉ်သီချင်းများ ကြား လူငယ် တွေရဲ့ခံစားချက်များ”ဆိုပြီး  စုစည်းမေးမြန်းဖော်ပြလိုက်ရပါတယ်။

မိုးကဗျာစိုးပိုင်

မြန်မာသံစဉ်သီချင်းတွေကို    ကြိုက်ပါတယ်။ ခေတ်ပေါ်သံစဉ်နဲ့    မြန်မာသံစဉ်မှာဆိုရင် မြန်မာသံစဉ်က ပိုပြီးနားဝင်ချိုတယ်။ မြန်မာသံစဉ်အဆိုတော်တွေထဲမှာဆိုရင်အကြိုက်ဆုံး ဆိုတာတော့မရှိပါဘူးအကုန်လုံးကို ကြိုက်ပါတယ်။ သီချင်းဆိုရင်လည်း တော်တော်များများနားထောင်ဖူး တယ်။ မြန်မာသံစဉ်တိုးတက်ဖို့အ တွက်ဆိုရင် နောင်လာမယ့်ဂီတမျိုးဆက်သစ်လေးတွေမြန်မာသံစဉ်ကိုတကယ်နှစ်သက်ပြီးကြိုးစားဖို့လိုအပ် မယ်ထင်ပါတယ်။

***********

ခိုင်သဇင်ဦး

မြန်မာသံစဉ်သီချင်းတွေကို   ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့    မြန်မာသံစဉ်တွေက တစ်ခါတလေ လူတွေရဲ့စိတ်ကိုတည်ကြည်အေးချမ်း စေတယ်လေ။ မြန်မာသံစဉ်သီချင်း တွေထဲမှာဆိုရင် တွံတေးသိန်းတန် ရဲ့ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ်ဆိုတဲ့သီချင်းကိုကြိုက်ပါတယ်။ ခေတ် ပေါ်သီချင်းတွေနဲ့ မြန်မာသံစဉ်သီ ချင်းတွေကြားမှာကွာခြားချက်တွေ ကတော့အများကြီးရှိပါတယ်။ မြန်မာ သံစဉ်သီချင်းတွေကတော့ ဘယ်အ ချိန်ပဲဖြစ်ဖြစ်ရိုးမသွားပါဘူး။ မြန် မာသံစဉ်တွေ တိုးတက်ဖို့အတွက်ဆို ရင်တော့ ဝါသနာပါတဲ့လူငယ်တွေ ကိုသေချာလေ့ကျင့်သင်ကြားပေး သင့်ပါတယ်။

***********

အောင်ထွန်းလင်း

ကျွန်တော်တို့က နားဆင်သူတွေ ဆိုတော့ ကိုယ့်ခံစားချက်နဲ့ကိုက်ရင် မြန်မာသံမှ ခေတ်ပေါ်သံမှဆိုတာ မဟုတ်ပါဘူး။ အကုန်လုံး နားထောင် ပါတယ်။ အဓိကကဖန်တီးမှုကောင်း ရမှာပေါ့။ လမ်းကြောင်းအသစ်  ဖောက်တယ်ဆိုတဲ့ နေရာမှာခေတ် ကာလဆိုတာ အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပေမယ့်ကိုယ်နဲ့ ဘယ်လောက်ရင်ဘတ်ချင်းနီးလဲဆိုတာကိုကြည့်ပြီးတော့မှ ရွေးချယ်ဖြစ် တယ်။ ဂီတလောကတိုးတက်ဖို့ဆိုရင် လိုအပ်တာက တစ်ခုတည်းပါ။ လူ တွေရဲ့ဘဝနဲ့ ဘယ်လောက်နီးနီးစပ် စပ်ဖန်တီးနိုင်လဲဆိုတဲ့အချက်ပါပဲ။

***********

စိုင်းဝမ်း

ကျွန်တော်ကတော့မြန်မာသံနဲ့ခေတ်ပေါ်သံဆိုရင် မြန်မာသံစဉ်သီချင်းတွေကိုပိုပြီးတော့ ကြိုက်ပါတယ်။ခေတ်ပေါ်သီချင်းတွေကိုဘာလို့မ   ကြိုက်လဲဆိုရင် သူကဘယ်လောက် ကောင်းကောင်း ခဏတစ်ဖြုတ်နား ထောင်ပြီးသွားရင် ကြာလာတော့နား ငြီးလာတယ်။ ကြာကြာဆက်ပြီး နားမထောင်ချင်တော့ဘူး။ ရိုးသွား တာပေါ့။ မြန်မာသံစဉ်တွေကတော့ ဘယ်အချိန်ပဲ နားထောင်နားထောင် အမြဲတမ်း ရင်ထဲရောက်တယ်ပေါ့။ အရင်တုန်းက မြန်မာသံစဉ်အဆို တော်တွေဆိုရင် တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် ကိုကြိုက်ပါတယ်။ အခုအဆို  တော်တွေထဲမှာဆိုရင်တော့ ဗညားဟန်နဲ့ မနောကိုကြိုက်ပါတယ်။ မြန်မာဂီတ တိုးတက်ဖို့အတွက်ဆိုရင် သီချင်းတွေတစ်ခွေပြီးတစ်ခွေများ   များထွက်မယ်ဆိုတာထက် အရည် အသွေးကို ဦးစားပေးပြီးသီချင်း တွေကို တကယ့်ခံစားချက်အစစ်အ မှန်နဲ့ဆိုတာတို့ရေးတာတို့လုပ်မယ် ဆိုရင်တော့ နားထောင်တဲ့သူတွေ ရဲ့ရင်ထဲကိုရောက်ပြီး သီချင်းတွေ လည်း ပိုပြီးတော့အောင်မြင်မယ်လို့ထင်ပါတယ်။

***********

ပွင့်ဧကရီကျော်

မြန်​မာသံစဉ်​​တွေကိုကြိုက်​ပါ တယ်။ ဘာ​ကြောင့်​လဲဆို​တော့မြန်​မာ သံ​စဉ်​​တွေက အသံချိုချို​အေး​အေး လေး​တွေဆို​တော့ နား​ထောင်​ရတာ နားဝင်​ချိုလို့ပါ။ ခေတ်​​ပေါ်ဂီတနဲ့ မြန်​မာသံစဉ်​ဘယ်​လိုကွာခြားလဲ ဆို​တော့ တစ်​မျိုးစီ​ပေါ့​နော်​။ အ​သေး စိတ်​​တော့မ​ပြောတတ်​ပါဘူး။ မြန်​မာသံစဉ်​သီချင်း​တွေမှာဆိုရင် ဘွား ဘွား​ဒေါ်တင်​တင်​မြရဲ့သီချင်း​တွေကို ကြိုက်​ပါတယ်​။ မြန်​မာဂီတတိုးတက်​ဖို့ဆိုရင်​​တော့ မြန်​မာသံစဉ်​ပြိုင်​ပွဲ​တွေကို များများလုပ်​​ပေးခြင်းက အ​ထောက်​အကူဖြစ်​မယ်​လို့ထင်​ပါတယ်​။

***********

စည်သူထွန်း

မြန်မာသံစဉ်သီချင်းတွေကို ကြိုက်နှစ်သက်ပါတယ်။ ဓိရာမိုရ် ဖန်တီးထားတဲ့ တချို့ သီချင်းလေးကို နားထောင်ရတာ နှစ်သက်တယ်။ မြန်မာသံစဉ်မှာ အားသာချက်က      စာသားတကယ်ကောင်းတယ်။ အဓိ ပ္ပာယ်တွေက ထိမိတယ်။ တစ်ခါတ လေမြန်မာသံစဉ်သီချင်းအေးအေး လေးတွေ နားထောင်ဖြစ်သလို အား လည်းပေးပါတယ်။ ခေတ်ပေါ်ဂီတနဲ့ ကွာခြားတာက ခေတ်ပေါ်ဂီတက Copy တွေများတယ်။ စာသားတွေ ကလည်း သီချင်းဖြစ်ပြီးရောရေး ထားတာ။ စာသားအလွန်အားနည်း တယ်။ ကိုယ်ပိုင်ဖန်တီးမှုတွေနည်း တယ်။

အောင်ပြည့်စုံ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071