Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeCelebrities' Newsအေးဝတ်ရည်သောင်း ဘယ်အချိန်အိမ်ထောင်ပြုမလဲ

အေးဝတ်ရည်သောင်း ဘယ်အချိန်အိမ်ထောင်ပြုမလဲ


ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရရှိထာတဲ့ သရုပ်ဆောင်အေးဝတ်ရည် သောင်းကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင် နေပြီး မကြာခင် Channel 9 မှာ ထုတ်လွှင့်ပြသတော့မယ့် ‘ရင်ခွင့်ရှင်းတမ်း’ အချစ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး. . .

”ဒီရုပ်သံ ဇာတ်လမ်းတွဲမှာ ပေါက်စီ ဆရာဝန်မတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီကာရိုက်တာအတွက် ကြိုတင်လေ့လာခဲ့ရတာတွေ ရှိပါတယ်။ နားကြပ် ကိုင်တာတွေ၊ ဆံပင်စည်းတာတွေ၊ ၀တ်တာစားတာတွေ လေ့လာခဲ့ပါတယ်။ ကားရိုက်နေတဲ့အချိန်မှာလည်း အနားမှာလာပြီး သင်ပြပေးတဲ့ ဆရာဝန်တွေ လည်း ရှိပါတယ်။ နာမည်ကိုက ရင်ခွင်ရှင်းတမ်းဆိုတော့ တော်တော်ရှင်းရမှာပါ။ ရှုပ်တာမှ အားလုံးပတ်ရှုပ်နေတာ။ ငါးယောက်လုံးတစ်ယောက်တစ်မျိုးစီ ရှုပ်ကြ တာပေါ့”လို့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲပတ်သက်ပြီးလည်း မေးမြန်း ဖြစ်ခဲ့ပါတယ်။

”အစ်မရဲ့အပြင်က အချစ်ကတော့ ကိုယ်က ချစ်တတ်တဲ့သူဆိုတော့ ချစ်တာပဲပေါ့။ အချစ်ကတော့ နားလည်မှုလည်း အရေးကြီးတယ်။ သစ္စာရှိဖို့ လည်း အရေးကြီးတယ်။ အစ်မသဘာကျတဲ့အချစ်မျိုးကတော့ ကိုယ်နောက်ဆံ မတင်းချင်ဘူး။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာလည်း စိတ်ချရတဲ့ ရည်းစားမျိုး ကို လိုချင်တယ်။ ကိုယ်အပေါ်မှာ သစ္စာရှိပြီးတော့ ကိုယ့်အလုပ်ကို နားလည် ပေးမယ့်ချစ်သူမျိုး လိုချင်ပါတယ်။ ချစ်သူကို ကိုယ်က ချပြချင်ပါတယ်။ သူ က ချပြမခံတာ။ သူက ရှက်တတ်တယ်(ရယ်လျက်)။ ကိုယ်က ချပြချင်ပေမယ့် သူဘက်ကျတော့ သူ့ကို သိသွားတယ်ဆိုလိုရှိရင် သူနေရထိုင်ရခက်မယ်။ သူ့ သူငယ်ချင်းတွေက ကိုယ်အကြောင်းပြောမယ်။ ဟိုအကြောင်း ဒီအကြောင်း ပြောမယ်။ အဲ့ဒီဒဏ်တွေကို သူမခံချင်ဘူးပေါ့။ အဲ့တာကြောင့် မချပြဖြစ်တာပါ။ အစ်မကတော့ ကလေးဆန်တယ်ဘဲပြောပြော ချပြချင်တာပေါ့။ ဒါပေမဲ့လည်း ချပြလိုက်ပြီးမှ ဖူးစာမဆုံကြရင် သူအတွက်လည်းမကောင်း ကိုယ့်အတွက် လည်း မကောင်းဘူးလေ” လို့လည်း ပြောပြခဲ့ပါတယ်။
အပျိုကြီးလို့ ပရိသတ်တွေ စနောက် ခံနေရတဲ့ မအေးသာင်းကို အိမ် ထောင်ပြုဖြစ်တော့မှာလားလို့ လည်း ဆက်လက်မေး မြန်းခဲ့ရာ …

”အိမ်ထောင်ပြုဖို့ကတော့ ဘယ်ချိန်မှာ အိမ်ထောင်ပြုမယ် ဆိုပြီး သတ်မှတ်ထားတာ မရှိပါ ဘူး။ တချို့ အသက်ကြီးပြီးမှ အိမ် ထောင်ပြုကြတာတွေလည်း ရှိပါ တယ်။ ကိုယ်ဘ၀အတွက် တကယ်လို အပ်မယ်။ သူနဲ့ကိုယ်နဲ့ မခွဲနိုင်တော့ဘူးဆို လို့ ရှိရင်တော့ အိမ် ထောင်ပြုဖြစ် မှာပါ”လို့လည်း သရုပ်ဆောင် အေးဝတ်ရည် သောင်းက ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071