Monday, February 2, 2026

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲ

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲအား ဖေဖော်ဝါရီ ၁ ရက်(တပေါင်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ လာရောက်ပူဇော်သူများဖြင့် စည်ကားများပြားလျက်ရှိသည့် မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။ Photo-ပြည်ရွှေဆံတော်ဂေါပကအဖွဲ့

MOB ဘဏ်နှင့် ARCCI တို့နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်မှုအတွက် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေး ကြီးသောအခန်းကဏ္ဍတွင်ပါဝင်ဟု ဧရာဝတီတိုင်းဝန် ကြီးချုပ်ပြော မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း(ARCCI)တို့ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ...
HomePoemအော်သံတွေ ညံနေဆဲပဲ

အော်သံတွေ ညံနေဆဲပဲ

ထောင့်တစ်ထောင့်ကလာတာ မဟုတ်ဘူး
မြစ်ကျိုးအင်းတစ်ခုရဲ့
ရှိုက်ညည်းသံမဟုတ်ဘူး
သစ်ပင်တစ်ပင်ရဲ့ အံကြိတ်သံမဟုတ်ဘူး
ကလေးငယ်တစ်ယောက်ရဲ့
ဗိုက်ပုတ်သံမဟုတ်ဘူး
ဒါဟာ
တစ်ကမ္ဘာလုံးရဲ့
ဆို့နင့်ကြေကွဲ ဆာလောင်သံ။

စားပွဲတစ်လုံးပေါ်က စက္ကူပန်းဟာ
ရေမငတ်ဘူး ဘယ်သူပြောလဲ
တံစက်မြိတ်အောက်မှာ မိုးစက်လေး တွေ တွဲခိုနေလည်း ရေငတ်သူဟာ တံခါးချက်ကြားမှာကွဲရှ
မွဲခြောက်ခြောက် ဆံနွယ်ကိုပင့်တင်
ပြေးရတာ မောလှပြီတဲ့
ဆိတ်ငြိမ်မှုက ဆိတ်ငြိမ်နေတုန်း။

အရှိန်နဲ့ ဆောင့်ဝင်လာမလား
အရှိန်နဲ့ ခုန်အုပ်လိုက်မလား
အရှိန်အဝါနဲ့ ကမ္ဘာဆိုတော့
ရှိန်နေကြတဲ့ လမ်းပျောက်သူတွေဟာ
လက်တံမဲ့စွာ ခန်းခြောက်လို့။

နာကျင်မှုမရှိတဲ့ ဆေးထိုးပေးပါ
ဘာမှမကြင်နာတတ်သူတွေရဲ့အလယ်
တစ်ဖက်က မီးစ
တစ်ဖက်က လှီးချမယ့်ဓားတွေနဲ့
ရေမြေမဲ့ အနာဂတ်တွေဟာ
မျက်လုံးနဲ့ နားကို ဘာသာမပြန်တတ်တော့ဘူး။

ဆုံးရှုံးမှုဆိုတာ အငွေ့ ပြန်ခြင်းမဟုတ်ဘူး
ပညာတွေ မထွန်းပရတာ
မေတ္တာတရား မလင်းဖျရတာ
အနာအဆာကိုမှ
မစာမနာ စားသုံးနေကြတဲ့ ခေတ်ဆိုးထဲ
ဝလုံးနဲ့ သုညဟာ တန်ဖိုးရှိခွင့်မရရှာ။

သွေးဆာနေတဲ့ တိမ်တွေလွင့်သွားပါစေ
နေကပေးလိုက်တဲ့ နေရောင်ခြည်
လ မိခင်တွေထံ ရောက်ပါစေ။

လသားအရွယ်လေးကအစ ကြယ်ဖြစ်မယ့်လူတွေ
အတောင်ပေါက်ခွင့်ရကြပါစေ
ထိခတ်ကြည့်ပါ
ငါတို့ဟာ ကမ္ဘာကြီးပါပဲ
ငါတို့ဟာ ကျောက်ခေတ်ရဲ့ မျိုးဆက်တွေ
အထီး အမနဲ့ ဘာသာဗေဒ
ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာ
သွန်မပစ်ရက်တဲ့ စိတ်ထားကိုက
စိမ်းလန်းလာမယ့် အနာဂတ်ကမ္ဘာ။

ပေးပါ
ငှဲ့ကြည့်လှည့်ပါ
သင့်ရဲ့ ကောင်းစွာနိုးထမှုနဲ့
ဂေဟစနစ်ဖြစ်ချင်တယ်ဆိုတာ။

ရိုးဖွဲ့အိမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071