Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeCelebrities' Newsရွှေညီကို အဖွဲ့နဲ့ စင်ပေါ်မှာ...

ရွှေညီကို အဖွဲ့နဲ့ စင်ပေါ်မှာ ပြက်လုံးပြက်တဲ့ အချိန်ကို အမြဲ လွမ်းမိနေသူ လူရွင်တော် ဝိုင်းချစ်

လူရွှင်တော်ဝိုင်းချစ်ကတော့ အရင်တုန်းကတွဲခဲ့တဲ့ ရွှေညီကိုအဖွဲ့က သူငယ် ချင်းတွေနဲ့နေခဲ့တဲ့အချိန်ကာလတစ်ခုကို အမြဲတမ်းလွမ်းဆွတ် နေတုန်းပါပဲ။ သူနှမြောဆုံးကတော့ စင်ပေါ်မှာ ပြက်လုံးပြက်ရတဲ့အချိန်တွေကိုပဲ ဖြစ်ပြီး အဲဒီအရသာက ဘာနဲ့မှလဲလို့မရဘူးလို့ ပြောပါတယ်။

“ကောင်းကျော်နဲ့ ကိုငြိမ်းချမ်းနဲ့ ပြက်လုံးပြက်နေရင် ကျန်တဲ့သုံးယောက်က လုံးဝအနှောင့်အယှက်မပေးဘူး။ ကိုယ် ပြက်ရမယ့်အလှည့်မရောက်သေးရင် ငြိမ်ပြီးထိုင်နေတာ။ ဝင်ပြက်ရမယ့်အချိန်ကျမှာသာဝင် ပြက်ကြတယ်။ အဲဒီ စည်းကမ်းတွေ အဲဒီအရသာတွေက ရလည်းမရနိုင် တော့ဘူး။ အဲဒါ တွေကတော့တအားနှမြောတယ်” လို့ ယခင်ကာလ သူငယ်ချင်းတွေ နဲ့အတွဲညီခဲ့ပုံကို….

ကိုဝိုင်းချစ်ကပြန်ပြောင်းပြောပြပါတယ်။ ရွှေညီကိုအဖွဲ့ မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ထက်ထက်၊ ရှဲဒိုး၊ ဝိုင်းချစ်တို့ ၅ယောက်ကသိပ်ကို အတွဲညီခဲ့တာပါ။ သူတို့တွေဟာ ရွှေညီ ကိုအဖွဲ့မဖွဲ့ခင် ဇာတ်အဖွဲ့တွေမှာ လူရွှင်တော်အဖြစ် ကပြစဉ် ကတည်းက တစ်ယောက်နဲ့တစ်ယောက်ခင်မင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“အဲဒီတုန်းက ကိုယ့်ပွဲအားရင် သူ့ပွဲဘယ်မှာရှိလဲဆိုတာစုံစမ်း ပြီးသွားတာပဲ။ ဟိုရောက်လို့ နေဖို့ထိုင်ဖို့တောင်မှ ခုတင်က တစ်လုံး ပဲရှိတာလေ။ အဲဒီခုတင်မှာအကုန်လုံး နေလို့ရအောင် လုပ်တယ်။ ခုတင်အပေါ်မှာလည်းနေတယ်။ ခုတင်အောက်မှာ လည်းဖျာခင်းပြီးနေ တယ်။ သူတို့မှာရှိတဲ့ အဝတ်အစားတွေယူဝတ်တယ်။ကိုယ့်ဆီလာလည်း အဲဒီလိုပဲ။ အဲဒီရင်းနှီးမှုတွေက ခိုင်ခိုင်မြဲမြဲဖြစ်သွားကြတာပေါ့”လို့ပျော် ရွှင် စရာကောင်းခဲ့တဲ့ လူငယ်ဘဝအကြောင်းကို ကိုဝိုင်းချစ်က ပြန်လည် ပြောပြတာပါ။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071