Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesရောင်စုံ အကျဉ်းသားများ

ရောင်စုံ အကျဉ်းသားများ

ကျွန်တော်တို့အားလုံး ‘အကျဉ်းသား’များဖြစ်ကြသည်။ တစ်နည်း အားဖြင့် ဆိုရသော် အကျယ်ချုပ် ခံရ သော အကျဉ်းသားများဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက်အမည် နာမတော့မတူပေ။ တချို့က ‘ကုလား ထိုင်’၏ အကျဉ်းသားဖြစ်သလို တ ချို့က ‘ကိန်းဂဏန်း’၏ အကျဉ်းသား ဖြစ်သည်။ ။ တချို့က ‘အနုပညာ’၏ အကျဉ်းသားဖြစ်သလို တချို့က ‘ယ မကာ’၏ အကျဉ်းသားဖြစ်သည်။ တ ချို့က ‘လောင်းကစား’၏ အကျဉ်း သား၊ တချို့က ‘ဆန့်ကျင်ဘက်လိင်’၏ အကျဉ်းသားများဖြစ်ကြသည်။

ကျွန်တော်က ‘မိသားစု’၏ အ ကျဉ်းသားဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အမေ တစ်၊ ဇနီး တစ်၊ သား တစ်တို့နှင့် ပေါင်းစပ်ထားသော ကျွန် တော်တို့၏ ကမ္ဘာလေးမှာ ငွေပိုငွေ လျှံမရှိ။ အထက်တန်းကျသည့် အသုံး အဆောင်များမရှိသော်လည်း ပေးရန် တာဝန်နှင့် ရရန်တာဝန်မရှိခြင်းက ကျွန်တော်တို့ ဘဝလေးတည်ငြိမ်ဖို့ အဓိကအချက်ပင်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်က ငွေရှာ သည့်အလုပ်ကိုလုပ်ပြီး၊ ‘အမေ’က တရားရှာသည့် အလုပ်ကို လုပ်သည်။ အိမ်ရှင်မက ‘မီးဖိုချောင်တံခါးအဖွင့် အပိတ်’ကို လုပ်ပြီးသားက’ပဉ္စမတန်း’ တက်သည့်အလုပ်ကိုလုပ်သည်။ ထို့ ကြောင့် နေ့စဉ်လုပ်နေရသော အလုပ် များကို မိတ္တူကူးရဖန်များလာသော အခါ ထိုအရာအားလုံး ယာယီပြတ် စဲချင်သည်။ နေရာဒေသအသစ်၊ မြင် ကွင်းသစ်၊ လူအသစ်၊ အသံသစ်၊ ခံစားမှုအသစ်၊ ဇနီးသစ်တို့နှင့် ဘဝ ကို အေဖိုးတစ်မျက်နှာစာလောက် ဝါကျအသစ်ဖွဲ့ချင်သည်။ သို့သော် အားလပ်ရက်နှင့် အင်္ကျီအိတ်ဖောင်း ခြင်းတို့ တစ်ထပ်တည်းမကျနိုင်သော အခါ မိမိသန်းခေါင်စာရင်းလေးကို သာ သစ္စာရှိချင်ယောင်ဆောင်ရပြန် သည်။

သို့သော်ကံကြမ္မာ၏ ဝန်ဆောင် မှုဖြင့် လွန်ခဲ့သောတစ်ပတ်လောက် က အဝေးခရီးစဉ်လေးတစ်ခုမှာ လူ စားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင် ခွင့်ရလိုက်လေသည်။ ‘ရန်ကုန်-မန္တ လေး’ခရီးစဉ်ဖြစ်ပြီး မြန်မာ့မီးရထား ၏ အကူအညီကြောင့် ‘သေမင်းတ မန်လမ်းခေါ် အမြန်လမ်းမကြီး’နှင့် ကင်းလွတ်ခွင့်ရသွားခဲ့၏။ ထိုအခါ အသစ်အသစ်သော မြင်ကွင်းနှင့် ခံ စားမှုတို့ကြောင့် ကျွန်တော်ပျော်ရ သည်။

‘မန္တလေးတောင်’ ရောက်သည်။ ‘မဟာမုနိ’ကို ဦးခိုက်ရသည်။ ‘ဦးပိန် တံတား’အလှကို ခံစားရသည်။ ပြိုင် ပွဲဝင်နေသော ဆိုင်ကယ်များကို သ တိထားရသည်။ မန္တလေး၏ နေ့၊ ည ရာသီဥတုကို မြည်းကြည့်ရသည်။ ‘ကမ္ဘာအကြီးဆုံးစာအုပ်ကြီး’ဆိုသော ‘ကုသိုလ်တော်ဘုရား’လည်း ရောက် သည်။ ‘ကျောက်စိမ်းစေတီ’ကို ဖူး မြော်ရသည်။ကိုယ့်ကိုယ်ကိုယ် လူငယ် လေးတစ်ယောက်လို လွတ်လပ်နေမိ သည်။

သည်လိုနှင့် အပြန်ခရီးစဉ်ကို အပြောင်းအလဲဖြစ်စေရန် ကြောက် ကြောက်ရွံ့ရွံ့နှင့်ပင်။ အမြန်လမ်းမှ ပြန်ဖြစ်သည်။ လေအေးစက်ပါသည်။ လိုအပ်သည့်အသုံးအဆောင်တချို့ ပေးသည်။ သို့သော်အန္တရာယ်ကင်း ဂါထာကိုတော့ ရွတ်ရသည်။ ကျွန် တော်ရသည့်နေရာက ပြတင်းပေါက် ဘက်မှာဖြစ်သဖြင့် မြင်ကွင်းတွေကို ရှင်းရှင်းမြင်ရသည်။ ထို့ကြောင့် ရန် ကုန်ရောက်ရင် ခရီးသွားဆောင်းပါး တစ်ပုဒ်ရေးမည်။ အင်ထရိုကို ဘယ် လို ဝါကျတွေနှင့် ရေးရမလဲဟု တွေး နေစဉ် ကျယ်လောင်သောစကားလုံး တချို့ ကျွန်တော့်ကို ဖြတ်တိုက်သွား ခဲ့၏။

“ဟယ်လို …ဟယ်လို … ကြားလား …သူဇာလား … အေး …ဟုတ်ပြီ။ ကြောင်အိမ်အ ပေါ်ထပ်က ထမင်းချိုင့်ထဲမှာ ကြက် သားကြော်တွေရှိတယ်။ ယူစားလိုက် ဦး၊ တော်ကြာမကောင်းဘဲ နေဦး မယ်”

အသံရှင်မှာ ကျွန်တော့်ဘေးခုံ ကဖြစ်ပြီး အသက် ‘၅ဝ’ကျော် အမျိုး သမီးတစ်ယောက်ဖြစ်သည်။ အသက် နှင့်မလိုက်သော အခြယ်အသတွေ ကြောင့် စိတ်ညစ်ရသည်။

“သြော် …နောက်ပြီး … မနီကိုလည်း ပန်းကန်ဆေးရင် သေ သေချာချာဆေးခိုင်း၊ ပန်းကန်တွေက အကောင်းစားတွေ၊ ကျကွဲသွားရင် ပြန်ဝယ်ဖို့ လွယ်တာမဟုတ်ဘူး”

အသံတိတ်သွားသောကြောင့် ထိုအမျိုးသမီးကို ကျေးဇူးတင်ရသည် …သို့သော်..

“ဟဲ့ …ဘယ်သူလဲ ရတနာ လား …အေး ငါ့အိပ်ခန်းထဲက ဗီ ရိုကို သော့ခတ်ခဲ့ရဲ့လားလို့ သေသေ ချာချာကြည့်စမ်း။ အခန်းထဲကို ဘယ် သူမှ မဝင်စေနဲ့။ သြော်ဒါနဲ့ ခေါင်း အုံးအောက်မှာ အလွယ်တကူသုံးဖို့ သုံးသိန်းထားခဲ့တယ်။ ဘာ …ဦး လေးထွန်းရောက်နေတယ် … ဟုတ်လား …ဖုန်းပေးလိုက်စမ်း”

ကျွန်တော်အကျဉ်းအကျပ်ထဲ ထပ်ရောက်သွားပြန်သည်။

“ဦးလေးထွန်းရေ။ ညဘက်တံ ခါးတွေကို သေသေချာချာပိတ်ဖို့ ဦး လေး တူမတွေကို ပြောပါဦး။ ဆိုင် သော့ကိုတော့ ဦးလေးထွန်းကိုယ်တိုင် စစ်နော် …ဟိုကောင်မတွေက န မော်နမဲ့နဲ့”

အမျိုးသမီးလည်း မောသွားသ လို ကျွန်တော်လည်း မျက်လုံးတွေ စင်းလာသောကြောင့် မှိန်းနေလိုက် သည်။ သို့သော် ကျွန်တော်ကံကောင်း ခွင့်က သုံးမိနစ်ထက် မပိုခဲ့ပေ။

“ဟယ်လို …ဟယ်လို .. သားငယ်လား …၊ ဦးဇင်းရောက် နေတယ် ဟုတ်လား။ ဦးဇင်းရေ၊ တ ပည့်တော် သုံးလေးရက်လောက်ကြာ မယ်။ မလွှဲသာလို့သာ သွားရတာ။ အိမ်ကို စိတ်ချတာမဟုတ်ဘူး။ ဦးဇင်း လည်း အိမ်ကို တစ်ချက်တစ်ချက် လာကြည့်ပေးပါဦး ဘုရား”
အသံရပ်သွားသည်။ သည်ည ကောင်းကောင်း အိပ်ရပါ့မလားဟု တွေးပူမိသည်။ ဆုတောင်းပြည့်သွား သည်လား ဘက်ထရီကုန်သွားသည် လားမသိ။ အသံမကြားရတော့ပေ။ ထိုစဉ် …

“ဟယ်လို …ဟယ်လို … ကြားလား …ဟော့တော့ ပါဝါကုန် သွားပြီ …ပါဝါဘင့်ကလည်း ပါ မလာ …ဒုက္ခပါပဲ”
ထို့နောက် ထိုအမျိုးသမီးကို ကြည့်လိုက်မိသည်။ တစ်ဆက်တည်း မှာပင်။ ကျွန်တော်ဖတ်ဖူးသော “ဆ ရာမကြည်အေး”၏ ဝတ္ထုတစ်ပုဒ်ထဲ က စကားလုံးတချို့ကို သတိရသွား မိသည်။

“လူဆိုတာ ပစ္စည်းဥစ္စာရဲ့သခင် ပဲဖြစ်ရမယ်။ ကျွန်မဖြစ်စေရဘူး”

အမျိုးသမီးကို ဒုတိယအကြိမ် ထပ်ကြည့်လိုက်၏။ သူ့လက်ထဲတွင် လက်ကိုင်ဖုန်းအစား ပုတီးတစ်ကုံး ရောက်နေပြန်လေသည်။

မောင်မိုးဦး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071