Looking for something?

Explore the website

Looking for something?

Monday, May 19, 2025

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...
HomeCelebrities' Newsရေသန့်စက်ရုံ တည်ထောင်ပြီး ရေသန့်များ...

ရေသန့်စက်ရုံ တည်ထောင်ပြီး ရေသန့်များ ထုတ်လုပ်ရောင်းချမယ့် ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်က သရုပ်ဆောင်အလုပ်အပြင် စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အခု လက်ရှိမှာတော့Baby & Barani-Beauty& Fashion House ဆိုတဲ့ ဆိုင်ဖွင့်ထားသလို နောက်ထပ်လည်း ရေသန့်စက်ရုံတည်ထောင်ပြီး ရေသန့်များ ထုတ်လုပ် ရောင်းချသွားဦးမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းလုပ်ကိုင်ဖြစ်လာခဲ့ရပုံကိုတော့ ဘေဘီမောင်က …

“ထမင်းနဲ့ရေဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ ရေကိုတကယ်လိုအပ်တဲ့နယ်တွေမှာ ကိုယ်ကိုယ်တိုင်က လှူချင်သလို ကိုယ့်အတွက်လည်း စီးပွားလည်းဖြစ် အလှူဒါနလည်းဖြစ်မယ့်အရာမျိုးကို စဉ်းစားမိတာပါ။အဲဒီတော့ ရေသန့်စက်ရုံထောင်ပြီး ရေသန့်ရောင်းမယ်ပေါ့နော်။ ဒီအ လုပ်ကိုက ညီမအသက် ၃ဝ၊ ၃၁ နှစ် လောက်မှာလုပ်မှာပေါ့နော်။ ဒါပေမဲ့ လုပ်ငန်းက အခုကတည်းက စထားမှရမှာလေ။ အဲဒီတော့ ညီမမှာရှိတဲ့ မြေကွက်ကလေးတွေကို ရှင်းထားတယ်။ စက်ရုံကတော့ အကြီးကြီးမဟုတ်ပါဘူး။ သေးသေးလေးပါ။ပေ ၄ဝ ပေ ၆ဝ လောက်ရှိတဲ့မြေကွက်မှာ စက်ရုံစတည်ဆောက်မယ်။ ပြီးတော့မှ ကြိုးစားပြီး စက်ရုံကြီးကြီးတွေကို ဆက်လက်တည်ဆောက် လုပ် ကိုင်သွားမယ်”လို့ ပြောပါတယ်။ ကိုယ်ပိုင်Brand တစ်ခုနဲ့ ရေသန့်ဘူးများ ထုတ်လုပ်သွားမယ့် ဘေဘီမောင်က သူမဘယ်လို ရေသန့်ဘူးဒီဇိုင်းတွေ ထုတ်လုပ်သွားမလဲဆိုတာကို …

“ညီမနဲ့သိကျွမ်းတဲ့ ပညာရှင်တွေကို ကမ်းလှမ်းထားတယ်။ ညီမ နဲ့လည်း ရင်းနှီး၊ ညီမကိုလည်း ချစ်တဲ့ အခါကျတော့ သူတို့ကလည်း ကူညီမယ်ပေါ့နော်။ ညီမဘက်ကကျတော့ ငွေအားနဲ့ တချို့ ဒီဇိုင်းအိုင်ဒီယာလေးတွေပေါ့။ ရေသန့်ဘူးဆိုလို့ရှိရင်လည်း အခုသောက် အခုလွှတ်ပစ်ကြတာများ တယ်။ ညီမကျတော့ ရေသန့်ဘူးကို ပစ်ရက်စရာမရှိတဲ့ ရေသန့်ဘူးဆိုတာမျိုးညီမလုပ်မယ်။ အဲဒီအတွက် အမြတ်အစွန်းနေရာမှာ ၅ဝ မြတ်ဖို့ကို ၂ဝ ပဲမြတ်ပါစေ ညီမလုပ်မယ်။ဘာလို့လဲဆိုတော့ ညီမထုတ်လိုက်တဲ့ ရေသန့်ဘူးဒီဇိုင်းလေးက သောက်ပြီးရင် တောင် ပစ်ရက်စရာမရှိဘဲ အိတ်ထဲမှာထည့်သိမ်းချင်လောက်အောင်လုပ် မယ်။ ရေဆိုလို့ရှိရင်လည်း အရည်အသွေးကောင်းကောင်းနဲ့ ရေသန့် သန့်လေးထုတ်လုပ်သွားဖို့ စဉ်းစားထားပါတယ်” လို့ ဘေဘီမောင် က ပြောပြခဲ့ပါတယ်။ ကိုယ်ကျိုးအတွက် စီးပွားရေး လုပ် ငန်းများလုပ်ကိုင်နေသလို ရရှိ လာတဲ့ အမြတ်အစွန်း တချို့ကိုလည်း အများအကျိုးအတွက် လှူဒါန်းမှု များပြုလုပ်သွားမှာဖြစ်တဲ့အတွက် သူ့ရဲ့ လုပ် ငန်းများကို ပရိသတ်များအား ပေးကြဖို့ ကိုလည်း ဘေဘီမောင်က ပြောခဲ့ ပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071