Thursday, June 25, 2026

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...
HomeMyanmar Theatrical Traditionမျှော်စင်ကျွန်းမှာ ကပြတာက ငွေကြေး...

မျှော်စင်ကျွန်းမှာ ကပြတာက ငွေကြေး အမြတ်အစွန်းထက် သိက္ခာအရ ကတာပါ တင်မောင်ဆန်းမင်းဝင်း

Thin-Mg-San-Min-Win

အပတ်စဉ်သောကြာနဲ့ စနေနေ့များမှာ မျှော်စင်ကျွန်းမှာ ဖျော်ဖြေ လျက်ရှိနေတဲ့ တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းဇာတ်အဖွဲ့က ပရိသတ် တွေကြား ရေပန်စားလျက်ရှိနေပါတယ်။ ကပြတင်ဆက်မှုတွေ အား ကောင်းခြင်းနဲ့ ဆက်တင်အပြင် အဆင်တွေအလွန်ကောင်းတာမို့ ကြည့်ရကျိုးနပ်ကြောင်းလည်း ပရိသတ်တွေရဲ့ အသံကို ပြန်လည်ကြားနေရပါတယ်။ ဒီလို ရလဒ်ကောင်းဖို့အတွက်ကိုလည်း တင် မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းတစ်ဖွဲ့လုံးက ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေကို များစွာ ပြုလုပ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ မိုးရာသီအထူးဖျော်ဖြေပွဲကိုတင်ဆက်နိုင်ဖို့ အတွက် အခက်အခဲတွေလည်း အများကြီး ကြုံတွေ့ခဲ့ရ တယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေနဲ့ပတ် သက်ပြီး တင်မောင်ဆန်းမင်းဝင်းက…

“အခက်အခဲကတော့ ဇာတ်ရုံဆောက်တာ ကအစ အခက်အခဲတွေအများကြီးပါ။ ရုံဆောက် တဲ့အခါ မိုးရွာတာနဲ့ဆိုတော့ တော်တော်ခက်ခဲခဲ့ တယ်။ ရှင်းရှင်းပြောရရင် ကျွန်တော့်အနေနဲ့ မျှော်စင်ကျွန်းမှာ ကပြတယ်ဆိုတာက သိက္ခာ အရ ကပြတာပါ။ ကျွန်တော့်ဇာတ်အဖွဲ့က အနုပညာသည်တွေရဲ့ ဝမ်းစာအတွက်လည်း ကပြတာပါ။ မိုးတွင်းဆိုရင် ကျွန်တော်တို့ သဘင်သမားတွေက အနားယူကြတယ်လေ။ အဲဒီလိုနားတဲ့အချိန်မှာ ဒီမျှော်စင်ကျွန်းမှာ ကပြတော့ ကိုယ့်အနုပညာလည်းပြခွင့်ရတယ်။ ကျွန်တော်တို့အနေနဲ့ ဇာတ်ရုံမှာက ခုံကအလုံး၂ဝဝပဲ ထားလို့ရတာပါ။ လူတန်းစေ့ကြည့်နိုင် အောင်အတွက် ဝင်ကြေးကိုလည်း သင့်တော်တဲ့ဈေးနှုန်းလုပ်ထားပါ တယ်။ အဲဒီအတွက် ငွေရေးကြေးရေးပိုင်းကတော့ ဘယ်လိုမှမျှော်မှန်းလို့ကို မရတာပါ။

မျှော်စင်ကျွန်းလို နေရာမျိုးမှာက စတိတ်ရှိုးတွေ လုပ်ရရင်တောင် အားလုံးက မတ်တတ်ရပ်ပြီး ကြည့်ကြတာဆိုတော့ ကျွန်တော့်အနေနဲ့ခုံ အလုံး၂ဝဝ လောက်နဲ့ ကျွန်တော့်ကုန်ကျစရိတ်နဲ့က ဘယ်လိုမှမကာမိဘူး။ ကျွန်တော့်အနေနဲ့လည်း ပိုက်ဆံရှိလွန်းအားကြီးလို့လုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်မရရင်နေပါစေ။ အဖွဲ့သားတွေ ရပါစေဆို ပြီးလုပ်တာပါ။ ပြီးတော့ကုန်ကျစ ရိတ်ကာမိရင် ရပြီဆိုပြီးလုပ်တာ ပါ။ ဒီနှစ်က ကျွန်တော်ကချင်လွန်းလို့သာ ကတာပါ။ ငွေရေးကြေး ရေးပိုင်းက အခက်အခဲတွေအများကြီးရှိပါတယ်။ ပရိသတ်တွေ အတွက် ကျွန်တော်ကျေကျေနပ်နပ်ကြီးပေးဆပ်တာပါ”လို့ ပြောပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့က မျှော်စင် ကျွန်းမှာ၃လတာ ကပြမှာဖြစ်ပြီး အခုဆိုရင် ၁လ ကြာ ကပြခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071